သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာသတင်းထောက်အသတ်ခံရမှု အထူးအဖွဲ့ဖွဲ့ စုံစမ်းနေ


မုံရွာမြို့ အခြေစိုက် သတင်းထောက် ဦး စိုးမိုးထွန်း
မုံရွာမြို့ အခြေစိုက် သတင်းထောက် ဦး စိုးမိုးထွန်း

မုံရွာမြို့ အခြေစိုက် သတင်းထောက် ဦး စိုးမိုးထွန်း ရိုက်နှက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတဲ့အမှုနဲ့ ပတ်သက်ပြီးတော့ ဒီကနေ့မှာ ရဲတပ်ဖွဲ့ က လူတချို့ကို စတင်မေးမြန်းနေပါတယ်။ ရိုက်နှက်သတ်ဖြတ်ခံရတယ်လို့ ရဲတပ်ဖွဲ့ က ယူဆထားတဲ့ ဦး စိုးမိုးထွန်း သေဆုံးမှုကို အထူးစုံစမ်းရေးအဖွဲ့ဖွဲ့ပြီးတော့ ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။ ပြည်တွင်းသတင်းဌာန Elevel မီဒီယာ Group ရဲ့ သတင်းထောက် ဦး စိုးမိုးထွန်း သေဆုံးမှုနဲ့ ပတ်သက်ပြီးတော့ မုံရွာမြို့ရဲစခန်းက ဒုတိယ ရဲမှူး သိန်းဆွေမြင့်ကိုမသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားရာမှာ ဒုတိယ ရဲမှူး သိန်းဆွေမြင့်က အခုလို စဖြေပါတယ်။

“ကျနော်တို့လက်ရှိကတော့ ကျနော်တို့အဖွဲ့ဖွဲ့ပေးထားတဲ့အနေအထားအတိုင်း အဖွဲ့ပေါင်းစုံကနေပြီးတော့ ဒီ လူသတ်တရားခံ ဖမ်းဆီးရမိဖို့ကို ဆောင်ရွက်နေပါတယ် ၊စုံစမ်းစစ်ဆေးဆောင်ရွက်နေပါတယ် ခင်ဗျ။

မေး။ ။ အခုလောလောဆယ် စုံစမ်းစစ်ဆေးမူမှာ ဆရာတို့ ဘာတွေများ လူတွေကိုခေါ်မေးနေတာတွေရှိပါပြီလား။

ဖြေ။ ။ကျနော်တို့ ဒီနေ့ဆို ၃ ဖွဲ့ပေါ့နော် ၊ ၃ ဖွဲ့ခေါ်မေးထားပါတယ်ခင်ဗျ လူ ၂၀ ကျော်ကျော်လေးပေါ့နော်၊ ဒါကတော့ သတင်းရယူရေးလို့ခေါ်တာပေါ့နော် ၊ ဟိုလို တရားခံအရမဟုတ်ပါဘူး သတင်း ကိုလိုချင်တဲ့အတွက် သတင်းစုတာပါခင်ဗျ။

မေး။ ။ဆရာတို့ ရဲကောက်ချက်အရကတော့ လူသတ်တယ်ဆိုတာကတော့ သေချာသွားပြီပေါ့နော်.။

ဖြေ။ ။ဟုတ်ပါတယ်ခင်ဗျ။ အဲလိုပဲ လူသတ်လို့ ရတဲ့ ဒဏ်ရာပေါ့နော် ၊ တယောက်ယောက်ကနေ လုပ်ကြံလို့ ရတဲ့ ဒဏ်ရာလို့ပဲ ယူဆရပါတယ်ခင်ဗျ။

မေး။ ။ဆိုတော့ အထူးစုံစမ်းစစ်ဆေးရေးလုပ်နေတာရှိပါသလား ဒီဟာနဲ့ ပတ်သက်ပြီး အထူးတလှယ် ဘာတွေများလုပ်နေပါသလဲဆရာ။

ဖြေ။ ။အထူးစုံစမ်းစစ်ဆေးရေးဆိုပြီးတော့ ကျနော်တို့ အထူးအဖွဲ့ကို ဖွဲ့ထားပါတယ် ဒီဟာနဲ့ ပတ်သက်လို့ အမှန်ကတော့ အမူစစ် ၁ ယောက်တည်း စစ်ရမယ့်အနေအထားကို အဖွဲဖွဲ့ပြီး တိုင်းရဲတပ်ဖွဲ့မှုး ၊ ခရိုင်ရဲတပ်ဖွဲ့မှူး ရဲ့ညွန်ကြားမှုနဲ့ အထူးအဖွဲ့အနေနဲ့ ကျနော်တို့ စုံစမ်းနေပါတယ်။

မေး။ ။ ဆရာတို့ ဒီ ဆေးစစ်ချက်တို့ ၊ ကနဦးတွေ့ရှိချက်အရ ဘာတွေတွေ့ရပါသလဲဆရာ

ဖြေ။ ။ကနဦးက ကျနော်တို့ မျက်နှာမှာ နှာရိုးကျိုးတယ်၊ ခေါင်းမှာလည်း ၅ စင်တီမီတာလောက် တချက်နဲ့ ၈ စင်တီမီတာလောက် တချက်နဲ့ ၂ ချက်ပေါ့နော် ပေါက်ပြဲဒဏ်ရာရတယ်၊ နောက် ဦးခေါင်းခွံရိုးကျိုးပြီး ဦးခေါင်းသွေးယိုပြီးသေတယ်။

မေး။ ။ဆရာ အဲဒီတော့ မုံရွာမှာ ဒီလိုမျိုးကိစ္စတွေ ဒါမျိုးတွေက ဖြစ်လေ့ဖြစ်ထရှိပါသလား ၊ လုံခြုံရေးပိုင်းအနေနဲ့ စိုးရိမ်စရာ ရှိပါသလား။

ဖြေ။ ။အဲဒီလိုတော့ မရှိပါဘူး ၊ တခါတခါ ခိုက်ရန်ဖြစ်တဲ့အနေအထားပဲရှိပါတယ်။ ဒီလောက်ကြီး အဲဒီလိုကြီး ရိုက်တာတွေ ဒီလောက်ကြီးမတွေ့ရဘူး။

မေး။ ။ မုံရွာနေ ပြည်သူလူထုအတွက် လုံခြုံရေးပေါ့နော် စိုးရိမ်စရာ အခြေအနေ ရှိပါသလား။ ဆရာတို့ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘာများ သတိပေးချင်ပါသလဲရှင့်။

ဖြေ။ ။မရှိပါဘူးခင်ဗျ။”

ရိုက်နှက်ဒဏ်ရာတွေနဲ့ မနေ့ အင်္ဂါနေ့က သေဆုံးသွားတဲ့ Elevel မီဒီယာ Group ရဲ့ မုံရွာ သတင်းထောက် ဦး စိုးမိုးထွန်း ကို ဒီကနေ့မှာ မြေချ သင်္ဂြ ိုဟ် သတင်းထောက်ကိုစိုးမိုးထွန်းကွယ်လွန်ခဲ့ချိန်မှာတော့ ဇနီးသည်နဲ့ မူလတန်းအရွယ်ကျောင်းတက်နေတဲ့ သား ၁ ဦးတို့ ကျန်ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG