သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာအခြေစိုက် သတင်းထောက် အသတ်ခံရ


မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း (fb-Soe Moe)
မုံရွာအခြေစိုက် သတင်းထောက် ကိုစိုးမိုးထွန်း (fb-Soe Moe)

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ အခြေစိုက် သတင်းသမားတဦး အသတ်ခံခဲ့ရတာကြောင့် နယ်သတင်းထောက်တွေရဲ့ လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်မှုတွေ ရှိနေကြပါတယ်။ အခုလို မုံရွာသတင်းထောက် အသတ်ခံရတဲ့ဖြစ်စဉ်ဟာ ဘာကြောင့်လဲဆိုတာ မသိရသေးပေမယ့်၊ နယ်ဒေသအချို့မှာ သတင်းထောက်တွေအပေါ် ခြိမ်းခြောက်မှုတွေရှိတာကြောင့် သတင်းထောက်တွေရဲ့ လုံခြုံရေးပိုင်းမှာ အားနည်းချက်တွေရှိနေတယ်လို့ရှုမြင်ကြတာပါ။ ဒီအကြောင်းဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေသတင်းထောက် မမေခက ဆက်ပြောပြပေးပါမယ်။

စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်နဲ့ မြို့သစ်ရပ်ကွက်အကြား ၊ မုံရွာဂေါက်ကွင်းအနီး ပြည်ထောင်စုလမ်းမကြီး ပေါ်မှာ ဒီနေ့ မနက် ၁ နာရီအချိန်ခန့်က မုံရွာအခြေစိုက် သတင်းထောက်တစ်ဦး ဖြစ်တဲ့ ကိုစိုးမိုးထွန်း ကို တွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ ကိုစိုးမိုးထွန်း အသတ်ခံရတာနဲ့ပတ်သတ်ပြီး မုံရွာမြို့မရဲစခန်းမှူး ဒုရဲမှူး သိန်းဆွေမြင့် ကခုလိုပြောပြထားတာပါ။

“အနေအထားအရကတော့ သူ့ကို ၁ ယောက် (သို့မဟုတ်) ၂ ယောက်ထက် ပိုတဲ့လူကနေပြီးတော့မှ တုတ်နဲ့ရိုက်တယ် ဆိုတဲ့အနေအထား နဲ့ တွေ့ရတာပဲ ရှိပါတယ်။ ကျန်တာကတော့ ဒီမုံရွာမှာ ကိုစိုးမိုးထွန်းမှာ ရန်ငြိုးရန်စတွေတော့ မရှိပါဘူး။”

အသတ်ခံရတဲ့ ကိုစိုးမိုးထွန်း ဟာ ဦးခေါင်းပေါက်ပြဲ နဲ့ မျက်နှာ ညိုမဲဖုယောင် ဒဏ်ရာများနဲ့ အဲဒီနေရမှာ သေဆုံးနေတာဖြစ်ပြီးလုပ်ကြံ သတ်ဖြတ်ခံရတာဖြစ်ပြီး ဒီနေရာဟာ အနှိပ်ခန်း၊ ကာရာအိုကေ ခန်းမတွေအများစု တည်ရှိရာနေရာဖြစ် တာကြောင့် သတ်ခံရတဲ့ အခြေအနေဟာ ရှုပ်ထွေးနေဆဲ ဖြစ်တယ် လို့ ဒေသခံ တွေကသုံးသပ်လျက်ရှိပါတယ်။

သတင်းထောက် ကိုစိုးမိုးထွန်းဟာ အရင်က Hot News ဂျာနယ်တွင် မုံရွာအခြေစိုက် သတင်းထောက် မကြာသေးခင်နှစ်က Weekly Elevel နေ့စဉ် သတင်းစာကိုပြောင်းလဲ တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။ လက်ရှိချိန်ထိ အမှုကစုံစမ်းဆဲဖြစ်ပြီး လူသတ်မှု ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားပါတယ်။

ခုချိန်ထိ သတင်းကိစ္စကြောင့် အခုလိုလုပ်ကြံခြင်းခံရတာ ဟုတ်မဟုတ်ကို သေချာတိကျစွာပြောဆိုနိုင်ခြင်းမရှိသေးပေမယ်မယ့် နယ်ခံ သတင်းထောက်တွေအကြားမှာ နယ်ခံသတင်းထောက်တွေရဲ့ လုံခြုံရေး ဟာအထူးစိုးရိမ်ဖွယ်ရာရှိနေတယ်လို့ မုံရွာမြို့ခံ မုံရွာ ဂေဇက်ဂျာနယ်မှ တာဝန်ခံအယ်ဒီတာ ကိုသက်က ပြောပြပါတယ်။

“ရန်ငြိုးရန်စတွေကတော့ သူ့ကိစ္စကတော့ ကျနော်မသိဘူးခင်ဗျ ၊ သူကလည်း သိုသိုဝှက်ဝှက်နဲ့နေတဲ့လူဆိုတော့ အခုလိုမျိုး ရုတ်တရက်ကြီး ဒီလိုသတင်းကြားလိုက်ရတော့ ကျနော်တို့ နယ်ဆိုတော့ သတင်းထောက်ကလည်း လက်ချိုးရေလို့ရတဲ့အနေအထားဆိုတော့ အဲဒီတော့ ဒီလိုမျိုးဖြစ်စဉ်တွေက ကျနော်တို့နဲ့ အရမ်းနီးကပ်လာပြီလားပေါ့။ ပြီးတော့လည်း ဒီလိုမျိုးတွေဖြစ်လာနိုင်ပါလားဆိုတဲ့ စိုးရိမ်ထိပ်လန့်မူတွေ ကတော့ တော်တော်များများရှိလာတာပေါ့နော်။ လက်ရှိကျနော်တို့ ပုံမှန်အနေအထားမှာတော့ ခြိမ်းခြောက်တာကတော့ မကြုံဖူးဘူးခင်ဗျ။ ကျနော်တို့ ယူတဲ့အနေအထားမှာတော့ မရှိခဲ့ဘူးခင်ဗျ။”

သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တဦး ဖြစ်တဲ့ သတင်းထောက်ကိုမြင့်ကျော်ကတော့ လက်ရှိသတင်းထောက်တွေမှာ ကြုံတွေ့နေရတဲ့ လုံခြုံရေးပိုင်း အားနည်းမှုတွေနဲ့ပတ်သတ်ပြီး သူကခုလိုသုံးသပ်ထားပါတယ်။

“ တရားဥပဒေစိုးမိုးမှုမရှိတာကတော့ တနိုင်ငံလုံးအတိုင်းအတာ အနေအထားနဲ့ ဖြစ်နေတဲ့ကိစ္စပါ။ သတင်းသမားတွေ အဲဒီအထဲမှာ သတင်းလုပ်ရင် ဒီထက်ပိုပြီးတော့ အန္တရာယ်က ပိုများတဲ့သဘောရှိတယ်။ ရဲတို့ဘာတို့က ဒီထက်ပိုပြီးတော့ ဂရုစိုက်ပြီး ကာကွယ်ပေးသင့်တာပေါ့

Committee to Protect Journalist - CPJ ကထုတ်ပြန်ထားချက်အရ၁၉၉၂ မှ ၂၀၁၆ အထိ ကမ္ဘာပေါ်တွင် သတင်းစာဆရာ ၁,၂၂၂ ဦးသတင်းရယူမှုကြောင့် အသတ်ခံရတယ်လို့ဖော်ပြထားပါတယ်။ လတ်တလောမြန်မာနိုင်ငံမှာလဲ ပြီးခဲ့တဲ့ လက သပိတ်ကျင်းမြို့ အခြေစိုက် သတင်းစာဆရာကိုတင်ဇော်ဦးကို သစ်မှောင်ခိုထုတ်လုပ်သူများက ခြိမ်းခြောက်မှုတွေရှိလာမှုကြောင့် တခြားမြို့ကို မိသားစုလိုက်ရှောင်တိမ်းရတာတွေရှိတာမျိုး ကြုံတွေ့နေရပါတယ်။

ဒီလို ခြိမ်းခြောက်မှုတွေကြုံတွေ့နေရပေမယ့် အစိုးရတာဝန်ရှိသူတွေ အနေနဲ့ကဒီအပေါ်မှာ အလေးထားမှုအားနည်းနေသေးတာကြောင့် အလေးအနက်ထားပေးဖို့ သတင်းမီဒီယာအဖွဲ့တွေက အစိုးရကို တိုက်တွန်းမှုတွေ လုပ်ဆောင်နေတာတွေရှိပါတယ်။အခုအသတ်ခံခဲ့ရတဲ့သတင်းထောက်ကိုစိုးမိုးထွန်းမှာ ဇနီးသည်နဲ့ မူလတန်းအရွယ်ကျောင်းတက်နေတဲ့ သား ၁ ဦးတို့ ကျန်ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG