သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တယ်လီဖုံးခိုးနားထောင်မှု Trump စွပ်စွဲချက် မခိုင်လုံ အောက်လွှတ်တော် တွေ့ရှိ


အောက်လွှတ်တော် ထောက်လှမ်းရေးကော်မီတီဥက္ကဋ္ဌ Devin Nunes နှင့် ဒီမိုကရက်ပါတီ အမတ် Adam Schiff.
အောက်လွှတ်တော် ထောက်လှမ်းရေးကော်မီတီဥက္ကဋ္ဌ Devin Nunes နှင့် ဒီမိုကရက်ပါတီ အမတ် Adam Schiff.

မနှစ် နိုဝင်ဘာရွေးကောက်ပွဲမတိုင်ခင် သမ္မတဟောင်း Barack Obama က သူ့ရဲ့ဖုန်းကို ကြားဖြတ် နားထောင်ခဲ့တယ်ဆိုတဲ့ သမ္မတ Donald Trump ရဲ့ ပြောဆိုမှုဟာ အခြေအမြစ်မရှိကြောင်း အောက်လွှတ်တော် ထောက်လှမ်းရေးကော်မီတီက ထိပ်တန်း ခေါင်းဆောင်တွေက ဗုဒ္ဓဟူးနေ့မှာ ပြောကြားလိုက်ပါတယ်။

နယူးယောက်မြို့မှာရှိတဲ့ သမ္မတ Trump ရဲ့ ရုံးချုပ်က ဖုန်းတွေကို ကြားဖြတ် နားထောင်ခဲ့တယ်ဆိုတဲ့ သက်သေအထောက်အထား မတွေ့ရှိရကြောင်း၊ Trump Tower ကို ဖုန်းကြားဖြတ် ခိုးနားထောင်ခဲ့တယ်လို့ သူ့အနေနဲ့ မယူဆကြောင်း ကော်မီတီဥက္ကဋ္ဌ ရီပတ်ဘလီကန် လွှတ်တော်အမတ် Devin Nunes က ပြောပါတယ်။

အောက်လွှတ်တော် ထောက်လှမ်းရေးကော်မီတီက ထိပ်တန်း ဒီမိုကရက်အမတ် Adam Schiff ကလည်း ကော်မီတီဥက္ကဋ္ဌရဲ့ ပြောဆိုမှုကို ထောက်ခံလိုက်ပြီး - အခုချိန်ထိ ဖုန်းကြားဖြတ် နားထောင်ခဲ့တယ်ဆိုတဲ့ အထောက်အထား လုံး၀ မတွေ့ရကြောင်း ပြောပါတယ်။

သမ္မတ Trump ရဲ့ ဖုန်းတွေကို ကြားဖြတ် နားထောင်ရေး တရားရုံးက အမိန့်ထုတ်ပြန်ပေးရေး တောင်းဆိုခဲ့ခြင်း ရှိမရှိဆိုတဲ့ အထောက်အထားကို လာမယ့် တနင်္လာနေ့မှာ တရားရေးဌာနက တင်ပြလာမှာကို သူတို့အနေနဲ့ စောင့်မျှော်နေကြောင်း လွှတ်တော်အမတ်တွေဖြစ်ကြတဲ့ Devin Nunes နဲ့ Adam Schiff တို့က ပြောပါတယ်။

သူ့ရဲ့ ဖုန်းတွေကို သမ္မတဟောင်း အိုဘားမားက ကြားဖြတ်နားထောင်ခဲ့တယ်ဆိုပြီး မတ်လ ၄ ရက်နေ့က Twitter လူမှုကွန်ကယ်ကတဆင့် စွပ်စွဲ ပြောဆိုလိုက်ပြီးတဲ့နောက် ဒီကိစ္စကို လွှတ်တော်က စုံစမ်းပေးဖို့ သမ္မတအိမ်ဖြူတော်က တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG