သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တယ်လီဖုန်းကြားဖြတ်နားထောင်မှု Trump စွပ်စွဲချက် အိမ်ဖြူ တော် ခုခံ


Bulgarians sing, play bagpipes and chain dance in the icy waters of the Tundzha river during Epiphany, in Kalofer.
Bulgarians sing, play bagpipes and chain dance in the icy waters of the Tundzha river during Epiphany, in Kalofer.

သမ္မတ Donald Trump က နယူးယောက်မြို့က Trump Tower ဌာနချုပ်မှာ သူအသုံးပြုတဲ့ဖုန်းကို ခိုးနားထောင်ဖို့ သမ္မတဟောင်း Barack Obama က အမိန့်ပေးခဲ့တယ်လို့ ခိုင်လုံတဲ့ အထောက်အထားမရှိပဲ စွပ်စွဲ ပြောဆိုတဲ့ကိစ္စကို သမ္မတ အိမ်ဖြူတော်အရာရှိတွေက သမ္မတ Trump ဘက်က ခုခံ ပြောကြားနေကြပါတယ်။

Trump Tower မှာ တခုခုဖြစ်ခဲ့တယ်ဆိုတဲ့အပေါ် မေးခွန်းထုတ်စရာ မလိုကြောင်း၊ မေးခွန်းထုတ်ရမယ့်ကိစ္စဟာ စောင့်ကြည့်တာလား၊ ဖုန်းခိုးနားထောင်တာလား၊ ဒါမှမဟုတ် တခြား တခုခုလားဆိုတာပဲဖြစ်ကြောင်း၊ ဒီကိစ္စနဲ့ ပတ်သက်လို့ တခုခုဖြစ်ခဲ့တယ်ဆိုတဲ့အပေါ် လုံလောက်တဲ့ ပြောဆိုမှုတွေ ထွက်ပေါ်ခဲ့ကြောင်း အိမ်ဖြူတော်ပြောခွင့်ရ Sean Spicer က တနင်္လာနေ့မှာ ပြောပါတယ်။

ရွေးကောက်ပွဲ အနိုင်မရခင်လေးမှာပဲ အိုဘားမားက သူ့ဖုန်းကို ခိုးနားထောင်ခဲ့တယ် - လို့ Twitter လူမှုကွန်ယက်ကနေ သမ္မတ Trump ရေးသား ထုတ်ပြန်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်လို့ Spicer က စနေနေ့မှာ သက်သေ အထောက်အထား ပြသခဲ့ခြင်း မရှိပါဘူး။

ဒီကိစ္စကို လွှတ်တော်က စုံစမ်း စစ်ဆေးပေးဖို့ သမ္မတက အတိအလင်း ပြောကြားထားပြီးဖြစ်ကြောင်းသာ Spicer က ပြောခဲ့ပါတယ်။

Donald Trump ရွေးကောက်ပွဲမှာ အနိုင်ရရေးအတွက် ရုရှားက ဝင်ရောက် စွက်ဖက်ခဲ့တယ်ဆိုတဲ့ အမေရိကန် ထောက်လှမ်းရေး အသိုင်းဝိုင်းရဲ့ ကောက်နုတ်ချက်နဲ့ ပတ်သက်လို့ ဆီးနိတ်နဲ့ အောက်လွှတ်တော် ၂ ရပ်စလုံးက ထောက်လှမ်းကော်မီတီတွေက စုံစမ်း စစ်ဆေးမှုတွေ စတင်နေပြီ ဖြစ်တာကြောင့် အခု သမ္မတ Trump ပြောတဲ့ ဖုန်းခိုးနားထောင်တဲ့ ကိစ္စကိုလည်း အဲဒီ စုံစမ်းမှုထဲ ပေါင်းထည့်လိုက်လို့ ရနိုင်ကြောင်း လွှတ်တော်အမတ်တချို့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG