သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားဒုံးစမ်းသပ်မှု မအောင်မြင်


မြောက်ကိုရီယားဒုံးစမ်းသပ်မှု မအောင်မြင်
မြောက်ကိုရီယားဒုံးစမ်းသပ်မှု မအောင်မြင်

မြောက်ကိုရီးယားက ဒီကနေ့ ဒုံးကျည်စမ်းသပ်တာ မအောင်မြင်ခဲ့ဘူးလို့ အမေရိကန်နဲ့ တောင်ကိုရီးယားနိုင်ငံတွေက ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံ အရှေ့ခြမ်း Kalma ကျွန်းဆွယ်ကနေ ပစ်လွှတ်စမ်းသပ်ပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ အဲဒီဒုံးကျည် ပေါက်ကွဲသွားခဲ့တဲ့ အကြောင်း အမေရိကန်ရဲ့ ပစိဖိတ်ဒေသကွပ်ကွဲရေးဌာန ပြောခွင့်ရတဦးက ပြောသလို၊ တောင်ကိုရီးယားစစ်ဘက်ကလည်း အလားတူ ပြောပါတယ်။

ဘယ်ဒုံးကျည်အမျိုးအစားကို စမ်းသပ်ခဲ့တာလဲ ဆိုတဲ့ အသေးစိတ်ကိုတော့ သူတို့က မပြောဘဲ အခုစမ်းသပ်မှုနဲ့ ပတ်သက်လို့ ဆက်လက် လေ့လာစမ်းစစ်နေတယ်လို့ ဆိုပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေး လေ့ကျင့်မှုတွေကို တုံ့ပြန်တဲ့ အနေနဲ့ မြောက်ကိုရီးယားဟာ ဒီလအစောပိုင်းတုန်းကလည်း ဂျပန်ပင်လယ်ထဲကို ပဲ့ထိန်းဒုံးကျည် လေးစင်း ပစ်လွှတ်စမ်းသပ်ခဲ့ပါသေးတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ ပူးတွဲ စစ်ရေးလေ့ကျင့်မှုတွေကို စစ်ပွဲ ပြင်ဆင်မှုတွေအဖြစ် မြောက်ကိုရီးယားက ယူဆထားတာပါ။ ဒီလအစောပိုင်း စမ်းသပ်ပစ်လွှတ်ခဲ့တဲ့ အဲဒီ ပဲ့ထိန်းဒုံးတွေထဲက သုံးစင်းကတော့ ကီလိုမီတာ ၁၀၀၀ အထိ ရောက်ခဲ့ပြီး ဂျပန် ပင်လယ်ထဲကို ကျသွားခဲ့တာပါ။ အဲဒီပဲ့ထိန်းဒုံးကျည်တွေဟာ တာလတ်ပစ် ဒုံးကျည်တွေဖြစ်ပြီး မြောက်အမေရိကတိုက်အတွက် အန္တရာယ် မရှိနိုင်ဘူးလို့ အမေရိကန်အစိုးရ အရာရှိတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG