သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်ဗုံးခွဲမှု သံသယရှိသူ eBay ကတဆင့် အသုံးပြုပစ္စည်း ဝယ်ယူခဲ့


 eBay
eBay

နယူးယောက်နဲ့ နယူးဂျာစီအရပ်တွေမှာ စနေနေ့က ဖောက်ခွဲမှုတွေရဲ့ လက်သည်အဖြစ် သံသယရှိထားသူဟာ သူသုံးတဲ့ပစ္စည်း တွေကို eBay အင်တာနက် အရောင်းဆိုင်ကနေ ဝယ်ခဲ့တယ်လို့ ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးမှူးတွေက ပြောပါတယ်။ ဒါ့အပြင် သူ့အိမ်လို့ တခါကပြောထားတဲ့နေရာကနေ မီတာ ၅၀၀ လောက်ဝေးတဲ့ စတိုးဆိုင်တခုကနေ ဝယ်ခဲ့တဲ့ ဆဲလ်ဖုန်းတွေကိုလည်း ဖောက်ခွဲတာမှာ အသုံးပြုခဲ့တယ်လို့ဆိုပါတယ်။

အသက် ၂၈ နှစ်အရွယ် Ahmad Khan Rahami အပေါ် စွပ်စွဲထားတဲ့ စွဲချက်အသေးစိတ်တွေကို အင်္ဂါနေ့က ထုတ်ပြန်တဲ့ ရာဇဝတ်ကြောင်း တရားစွဲဆိုမှု လျှောက်ထားချက်ထဲမှာ ဖော်ပြထားတာပါ။ စွဲချက်အများစုဟာ အမြင့်ဆုံး ထောင်ဒဏ်တသက်ထိ ပြစ်ဒဏ် ချခံရနိုင်ပါတယ်။

တနင်္လာနေ့က Rahami ကို ရဲတွေ ဝိုင်းဖမ်းတာမှာ အပြန်အလှန် ပစ်ခတ်ကြပြီးတဲ့နောက် Rahami ကို ဖမ်းမိခဲ့တာပါ။ အဲဒီဖြစ်ရပ် မှာ Rahami ရော ရဲတပ်ဖွဲ့ဝင်နှစ်ဦးပါ ဒဏ်ရာရခဲ့ပါတယ်။

Rahami ဟာ ahmad rahimi ဆိုတဲ့နာမည်ကိုသုံးပြီး eBay ကနေ ဆိုက်ထရစ်အက်ဆစ်၊ လျှပ်စီး ဆားကစ်ပြားတခု၊ လျှပ်စစ် မီးကူးပစ္စည်းတွေနဲ့ ရာပေါင်းများစွာသော ဘောစေ့တွေကို ဇွန်လ ၂၀ ရက်နဲ့ သြဂုတ် ၁၀ ရက်ကြားကာလအတွင်း ဝယ်ခဲ့တယ်လို့ စုံစမ်းစစ်ဆေးရေးမှူးတွေက ယူဆထားတဲ့အကြောင်း တရားရုံးမှတ်တမ်းတွေမှာ တွေ့ရပါတယ်။

အဲဒီပစ္စည်းတွေကို စက်တင်ဘာလ ၂ ရက်နေ့အထိ Rahami အလုပ်လုပ်ခဲ့တဲ့ နယူးဂျာစီပြည်နယ်။ Perth Amboy မြို့က စီးပွား ရေးလုပ်ငန်းနေရာတခုကို ပို့ခဲ့တာပါ။

နယူးယောက်ဗုံးခွဲမှု သံသယရှိသူ eBay ကတဆင့် အသုံးပြုပစ္စည်း ဝယ်ယူခဲ့
please wait

No media source currently available

0:00 0:01:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG