သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား Orlando သွားရောက်


အမေရိကန် သမ္မတ နဲ့ ဒုသမ္မတ တို့ Orlando သွားရောက်။
အမေရိကန် သမ္မတ နဲ့ ဒုသမ္မတ တို့ Orlando သွားရောက်။

အမေရိကန် သမ္မတ Barack Obama ဟာ ကြာသပတေးနေ့က ဖလော်ရီဒါပြည်နယ် Orlando ကို သွားရောက်ပြီး တနင်္ဂနွေနေ့မနက် အစောပိုင်း ဖြစ်ပွါးခဲ့ တဲ့ သေနတ်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူတွေရဲ့ ကြေကွဲနေတဲ့ မိသားစုဝင်တွေ ကို ပွေ့ဖက်ပြီး နှစ်သိမ့်ခဲ့ပါတယ်။ ဒါပေမယ့် အခုလို အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုတွေ ဘာ့ကြောင့် ဆက်တွေ့နေရသလဲ ဆိုတဲ့ မေးခွန်းတွေအတွက်တော့ သူ့မှာ လွယ်ကူတဲ့ အဖြေတွေ မရှိပါဘူးလို့ ပြောကြားခဲ့ပါတယ်။

သမ္မတ အိုဘားမားနဲ့ ဒုသမ္မတ Joe Biden တို့ဟာ အမေရိကန်သမိုင်းမှာ လူအသေအပျောက် အများဆုံး သေနတ်နဲ့ ပစ်ခတ်မှု ဖြစ်တဲ့ Pulse nightclub လိင်တူချစ်သူတွေရဲ့ ညကပွဲရုံ ပစ်ခတ်မှုမှာ သေဆုံးရသူ ၄၉ ဦးနဲ့ ဒဏ်ရာရသူ ၅၃ ဦးတို့ရဲ့ မိသားစုဝင်တွေနဲ့ သီးသန့် တွေ့ဆုံခဲ့တာပါ။ မိသားစုဝင်တွေရဲ့ ကြေကွဲမှု အတိုင်းအတာဟာ ပြောမပြနိုင်အောင်ကို ကြီးမားတယ်လို့လည်း ပြောပါတယ်။

အခုလို အတိုက်ခိုက်ခံရ မှုအတွက် ညီညီညွတ်ညွတ် ရင်ဆိုင်ကြဖို့ ပန်ကြားရင်း သမ္မတ အိုဘားမားက သေဆုံးခဲ့ရသူတွေဟာ မိမိတို့ရဲ့မိသားစုဝင်တွေ ဖြစ်နိုင်သလို အခုပစ်ခတ်မှုဟာ တိုက်ရိုက်ထိခိုက်စေသလို နှလုံးသားတွေပါ ကြေကွဲမတတ် ခံစားရတယ်လို့လည်း ပြောပါတယ်။

ဒီကိစ္စအတွက် တုန့်ပြန်ဆောင်ရွက်မှု မလုပ်ရင် အခုလို အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ ထပ်ပေါ်လာ နေအုံးမှာဖြစ်သလို သူတို့ကို ဒါမျိုး ထပ်လုပ်ခွင့် ပေးတဲ့ လမ်းကို ရွေးမိသလို ဖြစ်နေမယ် လို့လည်း ပြောပါတယ်။

အမေရိကန် သမ္မတ အိုဘားမားက အမေရိကန်နိုင်ငံသားတွေ အားလုံးကို Orlando လူထုနဲ့ အတူ ရပ်တည်စေချင်တဲ့ ဆန္ဒရှိနေတယ်လို့လည်း သမ္မတ အိမ်ဖြူပြောခွင့်ရက ပြောပါတယ်။

တနင်္ဂနွေနေ့ ပစ်ခတ်မှုကို အမေရိကန်နိုင်ငံဖွား မူဆလင်တဦး ဖြစ်တဲ့ Omar Saddiqui Mateen က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

သမ္မတ အိုဘားမား Orlando သွားရောက်
please wait

No media source currently available

0:00 0:01:25 0:00
တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG