သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုသိမ်သင်္ဘောတိုက်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့


ပုသိမ်သင်္ဘောတိုက်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့
ပုသိမ်သင်္ဘောတိုက်မှု စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့

ဧရာဝတီတိုင်း ငဝန်မြစ်အတွင်းမှာ ဧပြီလ(၇)ရက် သောကြာနေ့ညက ကျောက်တင် သင်္ဘောကို တိုက်မိတဲ့ ခရီးသည်တင် စက်လှေ တိမ်းမှောက် ခဲ့တာတာကြောင့် ဧပြီလ ၉ ရက်နေ့က ရရှိတဲ့ သေဆုံးစာရင်းကတော့ အလောင်း ၃၀ကို ရှာဖွေတွေ ရှိခဲ့ပြီး ဖြစ်ကြောင်း လူနာ၂၀ကျော်ကတော့ဆေးရုံမှာ ကုသမူခံနေရဆဲ ဖြစ်ကြောင်း ဒီကိစ္စနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးရေး ကော်မတီကိုလည်း ဖွဲစည်းလိုက်ပြီဖြစ်ကြောင်း ပို့ဆောင် ဆက်သွယ်ရေး လျှပ်စစ် ဆောက်လုပ်ရေး ဝန်ကြီးဦးဝင်းဌေး က ပြောပါတယ်။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ဧရာဝတီတိုင်း ပုသိမ်ခရိုင်၊ ငဝန်မြစ်အတွင်းမှာ သောကြာနေ့ညက ခရီးသည်တင်လှေတစီးနဲ့ ကျောက်သယ်တဲ့သင်္ဘောတိုက်မိတာကြောင့် အမျိုးသမီးနဲ့ ကလေးတွေ အပါအဝင် လူ ၃၀ သေဆုံးခဲ့ပြီဖြစ်ကြောင်း ပို့ဆောင်ဆက်သွယ်ရေး လျှပ်စစ်နဲ့ ဆောက်လုပ်ရေး ဝန်ကြီးဦးဝင်းဌေး ကပြောပါတယ်။

“စောစောက ၁ နာရီလောက်က နောက်ဆုံးအခြေအနေအရဆိုရင်တော့ အလောင်း ၃၀ ရှိပါပြီအားလုံးပေါင်း ။ ကျန်ပါရှိတာကတော့ လွှတ်မြောက်တဲ့လူကတော့ ၃၁ ယောက်ပေါ့နော် နောက်ဆုံးသတင်းပေါ့နော် ။ဒါက ကုန်သလောက်ဖြစ်သွားပါပြီ နောက်မရှိနိုင်တော့ဘူး ကျနော်တို့လည်း စိစစ်ပြီးပြီ ကုန်သလောက်ဖြစ်သွားပြီပေါ့နော်”

ရေယာဉ်တိုက်မှု နဲ့ ပတ်သက်လို့ တိုင်းဒေသကြီး အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရေး ကော်မတီဖွဲ့ စည်းပြီး စစ်ဆေးမူတွေ စတင်လုပ်ဆောင်နေပြီ ဖြစ်ကြောင်း ဝန်ကြီးဦးဝင်းဌေးက ပြောပါတယ်။

“ကျနော်တို့လည်း ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အထူးစုံစမ်းစစ်ဆေးရေးကော်မရှင်ကို ကျနော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ကနေပြီးတော့ ဒါဖွဲ့စည်းပေးထားတယ်ပေါ့နော် လွှတ်တော်ကိုယ်စားလှယ်တွေပါပါတယ်။ အဲဒီဖွဲ့စည်းပြီးအခါမှာဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ထုတ်ပြန်ပါ့မယ်။”
စစ်လှေပေါ်မှာပါလာတဲ့ အသက်ရှင်ကျန်ရစ်သူတွေထဲ လူနာ၂၀ ကျော်ကတော့ ပုသိမ်ဆေးရုံမှာ ဆေးကုသမူခံနေရဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

“၂၀ ကျော်လောက်ကတော့ ဆေးရုံမှာ ပေါ့နော် တချို့ကောင်းတဲ့လူတွေကိုလည်း နေခိုင်းထားတယ် ဆေးရုံမှာ နားနေခိုင်းထားတယ် အကုန်လုံးဆေးရုံမှာပါပဲ။ ညတွင်းခြင်းဆေးရုံမှာ ထားပါတယ် ငွေကြေးထောက်ပံ့မှု တွေလည်း လုပ်ပါတယ်။ ကျနော်တို့ကို လူမူကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး အဖွဲ့ကလည်း စစ်ဆေးမှုတွေလုပ်တယ် တိုင်းနဲ့ပြည်နယ်အစိုးရအဖွဲ့လည်း လုပ်ပါတယ်။”

စစ်လှေနစ်မြုပ်မူနဲ့ပတ်သက်လို့ မီးသတ်တပ်ဖွဲဝင်တွေနဲ့ ဒေသဆိုင်ရာကယ်ဆယ်ရေးအဖွဲ့တွေက ကူညီကယ်ဆယ်ရေးတွေ လုပ်ခဲ့ပါတယ် ။ နစ်မြှုပ်ခဲ့တဲ့စစ်လှေမှာအသက်ကယ်အင်္ကျ ီများမပါတဲ့အတွက် လှေမှောက်စဉ်မှာသေဆုံးမူတွေပိုများတာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။ငဝန်မြစ်အတွင်း ဒီတကြိမ် ရေယာဉ်တိုက်မှုဟာ နှစ်အနည်းငယ်အတွင်း သုံးကြိမ်မြောက် အကြီးမားဆုံး ဖြစ်တယ်လို့လည်း သက်ဆိုင်ရာ တာဝန်ရှိ သူတွေက ပြောကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG