သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား န ျူလက်နက်စွန့်ရေး နိုင်ငံတကာဖိအားပေးရန် ကန် ဒုသမ္မတ တိုက်တွန်း


 မစ္စတာ Pence ကို တိုကျိုမြို့တော်မှာ လက်ခံ တွေ့ဆုံခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး
မစ္စတာ Pence ကို တိုကျိုမြို့တော်မှာ လက်ခံ တွေ့ဆုံခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေး

မြောက်ကိုရီးယားနိုင်ငံကို သူ့ရဲ့ နျူကလီးယားလက်နက် နဲ့ ပဲ့ထိန်းဒုံးကျည်အစီအစဉ်တွေ စွန့်လွှတ်လာအောင် နိုင်ငံတကာအသိုင်းအဝိုင်း အနေနဲ့ သံတမန်ရေးနဲ့ စီးပွားရေးဆိုင်ရာ ဖိအားပေးမှုတွေ လုပ်သွားရလိမ့်မယ်လို့ အမေရိကန်ဒုသမ္မတ Mike Pence က ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

မြောက်ကိုရီးယားကို ကိုင်တွယ်နိုင်မယ့် နည်းလမ်းပေါင်းစုံ စဉ်းစားထားပြီးဖြစ်သလို၊ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ကင်းစင်ရေး ရည်မှန်းချက်ကို အမေရိကန်ပြည်ထောင်စုက နောက်ဆုတ်မှာမဟုတ်ဘူးလို့လည်း ဂျပန်နိုင်ငံ ခရီးစဉ်အတွင်း မစ္စတာ Pence က ပြောပါတယ်။

၂၀၀၉ ခုနှစ်က ပျက်ပြယ်သွားခဲ့တဲ့ မြောက်ကိုရီးယားအရေး ခြောက်နိုင်ငံ ဆွေးနွေးပွဲ အပါအဝင် မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်တွေနဲ့ပတ်သက်လို့ အရင်ကကြိုးပမ်းခဲ့ကြတဲ့ နိုင်ငံတကာ စေ့စပ်ညှိနှိုင်းမှုတွေကို ထောက်ပြပြီးတော့လည်း မြောက်ကိုရီးယားဘက်က ကတိတွေ အကြိမ်ကြိမ်ဖျက်ပြီး ရန်လိုမှုတွေသာ တိုးလုပ် ဆောင်လာခဲ့တယ်လို့လည်း ဒုသမ္မတ Pence က ပြောပါတယ်။

မြောက်ကိုရီးယားနဲ့ပတ်သက်လို့ မဟာဗျူဟာအရ စိတ်ရှည်သည်းခံလာခဲ့တဲ့အချိန် ကုန်သွားပါပြီလို့ ဆိုပြီး မြောက်ကိုရီးယားကို ဖိအားပေးပြီး ပိုမို အထီးကျန်အောင် လုပ်ဖို့အတွက် အမေရိကန်၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတွေကြား တွေ့ဆုံဆွေးနွေးသွားတာက အကောင်းဆုံး ဖြစ်လိမ့်မယ်လို့လည်း မစ္စတာ Pence က ထပ်မံ ပြောသွားပါတယ်။ မစ္စတာ Pence ကို တိုကျိုမြို့တော်မှာ လက်ခံ တွေ့ဆုံခဲ့တဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကလည်း - မြောက်ကိုရီးယားအစိုးရကို ကိုင်တွယ်ဖို့ အမေရိကန်က ဘက်ပေါင်းစုံကနေ ချဉ်းကပ် လုပ်ဆောင်နေတဲ့အပေါ် ကြိုဆိုပါတယ်။ မြောက်ကိုရီးယားနဲ့ ငြိမ်းငြိမ်းချမ်းချမ်း တွေ့ဆုံဆွေးနွေးနိုင်ဖို့ မျှော်လင့်ပေမဲ့ ဒီလို တွေ့ဆုံ ဆွေးနွေးနိုင်အောင် ဆွေးနွေးမှုတွေ သက်သက်လုပ်နေရုံကတော့ အဓိပ္ပါယ်ရှိမှာ မဟုတ်ဘူးလို့လည်း မစ္စတာ အာဘေးက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG