သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတ နိုင်ငံအကြီးအကဲတွေနဲ့တွေ့ဆုံ


 သမ္မတ Rodrigo Duterte နှင့် သမ္မတ ဦးထင်ကျော် တို့တွေ့ဆုံ
သမ္မတ Rodrigo Duterte နှင့် သမ္မတ ဦးထင်ကျော် တို့တွေ့ဆုံ

မြန်မာနိုင်ငံမှာရောက်နေတဲ့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က ရခိုင်ဒေသအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအနေနဲ့ ဒေါ်လာ ၃ သိန်း လှူဒါန်းပါတယ်။ မနေ့ညက နေပြည်တော်ကိုရောက်လာတဲ့ သမ္မတဒူတာတေးကို သမ္မတ ဦးထင်ကျော်က ဒီကနေ့ ဂုဏ်ပြုတပ်ဖွဲ့နဲ့ ကြိုဆိုပြီးတော့ ခေါင်းဆောင်နှစ်ဦး တွေ့ဆုံ ဆွေးနွေးပါတယ်။ အဲဒီနောက် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြားတွေ့ဆုံချိန်မှာ ရခိုင်ဒေသအတွက် အကူအညီကို ပေးအပ်တာပါ။

ဖိလစ်ပိုင်သမ္မတ Duterte ဟာ သူ သမ္မတတာဝန် စတင်ထမ်းဆောင်ပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံကို တရားဝင် ခရီးစဉ်အဖြစ် လာရောက်တာ ဒါဟာ ပထမဆုံးအကြိမ်ပါ။

အခုခရီးစဉ်အတွင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့လဲ သီးခြားတွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်နိုင်ငံဘက်ကလာတဲ့ သတင်းတွေမှာ ဖော်ပြပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ ရောက်နေတဲ့ ဖိလစ်ပိုင်နိုင်ငံသားတွေနဲ့လဲ နေပြည်တော်မှာ တွေ့ဆုံဖို့ရှိတယ်လို့ ဖိလစ်ပိုင်သတင်းတွေမှာ ဖော်ပြပါတယ်။

ဖိလစ်ပိုင်နဲ့မြန်မာ နှစ်နိုင်ငံ လက်တွဲ လုပ်ဆောင်မှုတွေကနေ နှစ်နိုင်ငံကြား ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှု အခြေခံရအောင် တည်ဆောက်သွားမယ်လို့ မြန်မာနိုင်ငံခရီးစဉ်မစခင်မှာ သမ္မတ Duterte က ပြောထားပါတယ်။

သမ္မတ Duterte မြန်မာနိုင်ငံကို လာရောက်ချိန်ဟာ မြန်မာနဲ့ ဖိလစ်ပိုင် နှစ်နိုင်ငံဆက်ဆံရေး နှစ်ပေါင်း ၆၀ ကျော် အထိမ်းအမှတ်ကာလနဲ့လည်း တိုက်ဆိုင်နေပါ တယ်။ နှစ်ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကို မနက်ဖြန်မှာ အဆုံးသတ်ပြီးတဲ့နောက် သမ္မတဒူတာတေးဟာ ထိုင်းနိုင်ငံကို ခရီးဆက်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG