သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖိလစ်ပိုင်သမ္မတ မြန်မာနိုင်ငံရောက်


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte.
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte.

ဖိလစ်ပိုင် သမ္မတ Rodrigo Duterte ဟာ တနင်္ဂနွေနေ့မှာ မြန်မာနိုင်ငံကို ရောက်ရှိ လာပြီဖြစ်ပါတယ်။ ဖိလစ်ပိုင် မြန်မာ ၂ နိုင်ငံ ဆက်ဆံရေး တိုးမြှင့်ဖို့ ၂ရက်ကြာ တရားဝင် အလည်အပတ်ခရီး လာရောက်ခဲ့တဲ့ ဖိလစ်ပိုင် သမ္မတကို နေပြည်တော် လေဆိပ်မှာ ပြန်ကြားရေး ဝန်ကြီး ဒေါက်တာဖေမြင့်က သွားရောက် ကြိုဆိုခဲ့ပါတယ်။

ဖိလစ်ပိုင်နဲ့ မြန်မာ ၂ နိုင်ငံ လက်တွဲလုပ်ဆောင်မှုတွေကနေ ၂ နိုင်ငံကြား ခိုင်မာတဲ့ ပူးပေါင်း ဆောင်ရွက်မှု အခြေခံရအောင် တည်ဆောက်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံကို မထွက်ခွါခင် ဖိလစ်ပိုင်နိုင်ငံ Davao နိုင်ငံတကာ လေဆိပ်မှာ ဖိလစ်ပိုင် သမ္မတက ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ခရီးဆက်မယ့် ဖိလစ်ပိုင် သမ္မတက ဒေသတွင်း ဖွံ့ဖြိုးဆဲနိုင်ငံတွေကြား တူညီတဲ့ အတွေ့အကြုံတွေနဲ့ စိန်ခေါ်မှုတွေ ရှိတာမို့ အပြန်အလှန် အကျိုးစီးပွါးတွေနဲ့ ပတ်သက်ပြီး လက်တွဲဆောင်ရွက်ရင်း ခိုင်မာတဲ့ ပူးပေါင်းဆောက်ရွက်မှု အခြေခံ ရအောင်တည်ဆောက် သွားမယ်လို့ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံရဲ့ စီးပွါးရေးဖွံ့ဖြိုးမှုဟာ ဒေသတွင်းမှာ အရှိန်အမြန်ဆုံး တိုးတက် နေတာကို တွေ့ရတာမို့ ၂ နိုင်ငံ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဆိုင်ရာ ကိစ္စရပ်တွေကို မြန်မာခေါင်းဆောင်တွေနဲ့ တွေ့ဆုံတဲ့ အခါမှာ အဓိကထား ဆွေးနွေးဖို့ ရှိတယ်လို့ဆိုပါတယ်။ ဖိလစ်ပိုင်နဲ့ မြန်မာ ၂ နိုင်ငံအတွက် ဆေးဝါးလုပ်ငန်းနဲ့ စားသောက်ကုန်လို စက်မှုလုပ်ငန်း အများအပြားမှာ လက်တွဲလုပ်ဆောင်နိုင်ချေ ရှိတယ်လို့လည်း သမ္မတ Duterte က ပြောပါတယ်။

ဖိလစ်ပိုင်နိုင်ငံက လာမယ့် ဧပြီလထဲမှာ အာဆီယံ အလှည့်ကျ သဘာပတိ အနေနဲ့ မနီလာမှာ အကြိမ် ၃၀ မြောက် အာဆီယံထိပ်သီး ညီလာခံ ကျင်းပဖို့ စီစဉ်နေတာမို့ အာဆီယံ နိုင်ငံတွေကို ဖိလစ်ပိုင် သမ္မတ သွားရောက်နေတာလည်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ဖိလစ်ပိုင်နဲ့ ဆက်ဆံရေး ထူထောင်လာတာ နှစ်ပေါင်း ၆၀ ကျော်လာပြီ ဖြစ်ပြီး အခု သမ္မတ Duterte ရဲ့ မြန်မာခရီးစဉ်ကနေ ၂ နိုင်ငံ ဆက်ဆံရေး တိုးတက်ခိုင်မာအောင် လုပ်ဆောင်မယ် ဆိုတာ ပြသနေတယ် လို့လည်း ပြောကြားခဲ့တာပါ။

သမ္မတ Duterte ဟာ မြန်မာသမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပြင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်တို့နဲ့လည်းတွေ့ဆုံမှာ ဖြစ်ပါတယ်။

ဖိလစ်ပိုင်သမ္မတ မြန်မာနိုင်ငံရောက်
please wait

No media source currently available

0:00 0:01:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG