သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူးယစ်ဆေးရောင်းဝယ်သူတွေကို ကိုယ်တိုင်သတ်ခဲ့ဟု ဖိလစ်ပိုင်သမ္မတ ဝန်ခံ


ဖိလစ်ပိုင်သမ္မတ Rodrigo Duterte
ဖိလစ်ပိုင်သမ္မတ Rodrigo Duterte

ဖိလစ်ပိုင်သမ္မတ Rodrigo Duterte က နိုင်ငံတောင်ပိုင်း Davao မြို့တော်ဝန် အဖြစ် နှစ် ၂၀ ကြာ သူလုပ်ခဲ့ချိန်အတွင်း မူးယစ် ဆေးဝါးရောင်းဝယ်သူလို့ သံသယရှိသူတွေကို ကိုယ်တိုင်သတ်ပစ်ခဲ့တယ်လို့ ပြောလိုက်ပါတယ်။

တနင်္လာနေ့က စီးပွားရေးလုပ်ငန်းရှင်တွေကို ပြောတဲ့မိန့်ခွန်းထဲမှာ မစ္စတာ Duterte က အဲဒီလို ဝန်ခံပြောဆိုသွားတာပါ။ Davao မြို့ကို မော်တော်ဆိုင်ကယ်နဲ့လှည့်ပြီး သူ သတ်ပစ်နိုင်အောင် ထိပ်တိုက်တွေ့မယ့် အခြေအနေကို လိုက်ရှာတယ်လို့ သူက ခပ်ကြွားကြွားပြောပါတယ်။

သူ လုပ်နိုင်ရင် ရဲတွေ ဘာ့ကြောင့် မလုပ်နိုင်ရမှာလဲဆိုတာကို ပြဖို့အတွက် မူးယစ်သံသယရှိသူတွေကို သတ်တာဖြစ်တယ်လို့ သူကဆိုပါတယ်။

ပြီးခဲ့တဲ့ ဇွန်လမှာ သမ္မတဖြစ်လာချိန်ကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်တယ်လို့ သံသယရှိသူတွေကို အမြစ်ပြတ် ခြေမှုန်းနေ တဲ့အပေါ် ခုခံကာကွယ် ပြောဆိုနေချိန်မှာပဲ မစ္စတာ Duterte က အခုလို ရုတ်တရက် ပြောချလိုက်တာပါ။ မူးယစ်တိုက်ဖျက်ရေး စီမံချက် စလုပ်ခဲ့ကတည်းကဆိုရင် ရဲနဲ့ လက်မရွံ့အဖွဲ့က သတ်တာကြောင့် လူပေါင်း ၆,၀၀၀ နီးပါး သေဆုံးပြီးပါပြီ။ ဒီအပေါ် လူ့ အခွင့်အရေးအဖွဲ့တွေ၊ ကုလသမဂ္ဂနဲ့ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားက ဝေဖန် ပြောဆိုထားတာပါ။

ဝေဖန်ပြောဆိုတာတွေကို မစ္စတာ Duterte က လျစ်လျူရှုပြီး စီမံချက်ကို ဆက်လုပ်နေတဲ့အပြင် သူ့ကို ရာထူးကဖယ်ရှားဖို့ ကြိုးစားတဲ့ အတိုက်အခံတွေကိုတောင်မှ စိန်ခေါ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG