သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လက်နက် ဖိလစ်ပိုင် ဝယ်မည်


တရုတ်နိုင်ငံထုတ် စစ်လက်နက်များ
တရုတ်နိုင်ငံထုတ် စစ်လက်နက်များ

တရုတ်နိုင်ငံဘက်က လျှော့ပေါ့တဲ့ဈေးနဲ့ လက်နက်ရောင်းချဖို့ ကမ်းလှမ်းလာတဲ့ ကိစ္စကို သူ့အနေနဲ့ လက်ခံဖို့ ဆုံးဖြတ်လိုက်ကြောင်း ဖိလစ်ပိုင် သမ္မတ Rodrigo Duterte က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။ ဒါဟာဆိုရင် တချိန်က ရန်ဘက်ဖြစ်ခဲ့တဲ့ အိမ်နီးချင်း နှစ်နိုင်ငံအကြား နွေးနွေးထွေးထွေး ဆက်ဆံရေးရှိတဲ့ နောက်ဆုံး လက္ခဏာတရပ်လည်း ဖြစ်ပါတယ်။

Duterte က တပ်ဖွဲ့ဝင်တွေရဲ့ရှေ့မိန့်ခွန်းပြောကြားရာမှာ ဒီလက်နက်ခဲယမ်းတွေကို လက်ခံဖို့အတွက် စစ်ဘက်ဆိုင်ရာအရာရှိတွေကို တရုတ်နိုင်ငံထံစေလွှတ်ဖို့ ကာကွယ်ရေးဝန်ကြီးကို သူအမိန့်ပေးမှာ ဖြစ်တယ်လို့ ပြောဆိုပါတယ်။ ဒီလက်နက်ခဲယမ်းတွေအတွက် ကျသင့်ငွေကို ၂၅ နှစ် အချိန်ယူပြီး ပေးလို့ရတဲ့အကြောင်း ပြောပါတယ်။ ဒါပေမယ့် တခြားအသေးစိတ်တော့ ပြောဆိုခြင်းမရှိပါဘူး။

တရုတ်နိုင်ငံက အဲဒီမှာ အဆင်သင့် ရှိနေပြီးဖြစ်တဲ့ လက်နက်ခဲယမ်းတွေ ဝယ်ဖို့ ကျနော့်ကို ဖိအားပေးတိုက်တွန်းခဲ့တယ်။ ဒါကို ကျနော်က လက်ခံမှာဖြစ်တယ်။ သူတို့ဘက်က မြန်မြန်ဆန်ဆန် လုပ်စေချင်တယ်လို့ Duterte ကပြောပါတယ်။

သူတို့ဘက်က ပေးနိုင်တယ်။ ကျနော်တို့အနေနဲ့ တခြားကို မေးနေစရာမလိုပါဘူး။ ဒါဟာ အလကားပေးတာမဟုတ်ပါဘူး။ တကယ်တော့ ၂၅ နှစ်တာ ကာလအတွင်း ပေးချေခွင့် ပြုတာဖြစ်ပါတယ်။

ဖိလစ်ပိုင် စစ်တပ်အနေနဲ့ ချောင်းမြောင်း ပစ်ခတ်တဲ့ ရိုင်ဖယ်သေနတ်တွေ ရုရှားထံကနေ ဝယ်ယူဖို့ စဉ်းစားသုံးသပ်နေကြောင်း ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီး Delfin Lorenzana က ပြောပါတယ်။ ဖိလစ်ပိုင် ကြည်းတပ်နဲ့ ရေတပ်အနေနဲ့ ဘယ်လိုသဘောတူညီချက် ပြုလုပ်ရမယ် ဆိုတာနဲ့ ပတ်သက်ပြီး လေ့လာသုံးသပ်နေကြောင်းပြောပါတယ်။

Lorenzana ဟာ Duterte ရဲ့ အမိန့်နဲ့ ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ရုရှားနိုင်ငံကို သွားရောက်ခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာ အရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါဟာ ၁၉၇၆ ခုနှစ် မော်စကိုနဲ့ သံတမန်ရေးစတင် တည်ဆောက် ခဲ့ပြီးနောက်ပိုင်း ဖိလစ်ပိုင် ကာကွယ်ရေး အကြီးအကဲတဦး အနေနဲ့ ပထမဦးဆုံး ရုရှားနိုင်ငံကို သွားရောက်တာ ဖြစ်ပါတယ်။

တရုတ်လက်နက် ဖိလစ်ပိုင် ဝယ်မည်
please wait

No media source currently available

0:00 0:01:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG