သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Obama နဲ့ Donald Trump တွေ့ဆုံ


ရွေးကောက်ခံသမ္မတ Donald Trump နဲ့ သမ္မတ Obama သတင်းစာရှင်းလင်းပွဲ
ရွေးကောက်ခံသမ္မတ Donald Trump နဲ့ သမ္မတ Obama သတင်းစာရှင်းလင်းပွဲ

ရွေးကောက်ခံသမ္မတ Donald Trump နဲ့ သမ္မတအိုဘားမားတို့ နှစ်ဦး အိမ်ဖြူတော်မှာ မနေ့ ကြာသပတေးနေ့က ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ပါတယ်။ သမ္မတရွေးကောက်ပွဲမတိုင်ခင် မဲဆွယ်စည်းရုံးရေးကာလတုန်းက တဦးနဲ့တဦး အပြန်အလှန်ဝေဖန်ပြောဆိုခဲ့ပေမယ့် အခုတွေ့ဆုံပွဲမှာ တော့ နှစ်ဦးစလုံး ပျူပျူငှာငှာရှိနေခဲ့ကြပါတယ်။ သမ္မတရုံးဖွဲ့စည်းရေးကိစ္စ အပါအဝင် အကြောင်းအရာ တွေကို ကျယ်ကျယ်ပြန့်ပြန့်ဆွေးနွေးခဲ့ကြောင်း သူတို့နှစ်ဦး တွေ့ဆုံအပြီး အိမ်ဖြူတော် သမ္မတရုံးခန်းမှာကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတအိုဘားမားက အခုလိုပြောသွားပါတယ်။

“မနေ့ညက ကျနော်ပြောခဲ့သလိုပါပဲ ကျနော်နောက် ၂ လအတွင်း ပထမ ဦးစားပေးကတော့ သမ္မတအဖြစ်ရွေးချယ်ခံထားရသူရဲ့ အောင်မြင်မှုရရှိရေးအတွက် လုပ်ဆောင်ပေးဖို့ပဲ ဖြစ်ပါတယ်။ သမ္မတအဖြစ် ရွေးချယ်ခံထားရသူအနေနဲ့ ဒီကျနော်တို့ နိုင်ငံရင်ဆိုင်နေရတဲ့ ပြဿနာ တွေထဲက အများအပြားကို ကျနော့်အဖွဲ့သားတွေနဲ့ လုပ်ဆောင်သွားဖို့ စိတ်ဝင်စားတယ် ဆိုတာသိရတဲ့အတွက် အထူး အားတက်မိပါတယ်။”

အလားတူ သမ္မတအဖြစ် ရွေးကောက်ခံရတဲ့ Donald Trump ကလည်း သမ္မတအိုဘားမားနဲ့ ပုဂ္ဂိုလ်ချင်းတွေ့ဆုံမှုဟာ ပထမဆုံးအကြိမ်အဖြစ်ပေမယ့် အကြောင်းအရာတွေကို ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်း သတင်းထောက်တွေကို ပြောပါတယ်။

“ကျွန်တော် သမ္မတအိုဘားမားနဲ့တစ်ခါမှ မတွေ့ဆုံဖူးပါဘူး။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးဖို့သဘောမျိုးအနေ နဲ့ ၁၀မိနစ် ၁၅မိနစ်လောက် တွေ့ဆုံဖို့ မှန်းထားတာပါ။ ဒါပေမယ့် တွေ့ဆုံအစည်းအဝေးပွဲက ၁ နာရီခွဲလောက်တောင် ကြာသွားပါတယ်။ ဒီထက်တောင်ပိုကြာပြီး ဆွေးနွေးမယ်ဆိုလည်း ဆွေးနွေးဖြစ်သွားနိုင်တာပါ။ ကျွန်တော်တို့ အခြေအနေတွေအမျိုးမျိုးအပေါ်မှာ ဆွေးနွေးခဲ့ကြပါတယ်။ တချို့က ကောင်းသလို ပြင်ဖို့လိုတဲ့ အခြေအနေတွေလည်းရှိပါတယ်။ အနာဂတ်မှာလည်း အကြံပေးတွေအပါအဝင် သမ္မတနဲ့လက်တွဲအလုပ်လုပ်ဖို့နဲ့ခက်ခဲတဲ့ အခြေအနေတွေကို ပြင်ဆင်သွားနိုင်ဖို့လည်း မျှော်လင့်ပါတယ်။ သမ္မတအိုဘားမားနဲ့ခုလို တွေ့ဆုံရတဲ့အတွက် ဂုဏ်ယူပါတယ်။ နောက်လည်း မကြာမကြာဆုံဖို့ မျှော်လင့်ပါတယ်။”

ဒါပေမဲ့လည်း သူတို့နှစ်ဦးတွေ့ဆုံပွဲဟာ တချို့သူတွေမျှော်လင့်သလိုမျိုး ဆိုးဆိုးရွားရွားမရှိပဲ ကသိကအောင့် အနည်းငယ်သာဖြစ်ခဲ့ပုံရတယ်လို့ မနေ့ ကြာသပတေးနေ့က ကျင်းပတဲ့ အိမ်ဖြူတော် ပုံမှန်သတင်းစာရှင်းလင်းပွဲအတွင်း ပြောခွင့်ရပုဂ္ဂိုလ် Josh Earnest ကပြောသွားပါတယ်။

သမ္မတ အိုဘားမားနဲ့ သမ္မတကတော် မီရှယ်လ် အိုဘားမားတို့နှစ်ဦးရဲ့ ဖိတ်ကြားချက်အရ ရွေးကောက်ခံသမ္မတDonald Trump နဲ့ ဇနီး Melania ထရန့်တို့ဟာ မနေ့ ကြာသာပတေးနေ့က အိမ်ဖြူတော်ကို လာရောက် လည်ပတ်ခဲ့တာဖြစ်ပါတယ်။ Melania ထရန့်ကိုတော့ သမ္မတကတော်ကနေ လက်ဘက်ရည်နဲ့ တည့်ခင်းဧည့်ခံပြီး အိမ်ဖြူတော်အတွင်း လိုက်လံပြသခဲ့ပါတယ်။

သမ္မတ Obama နဲ့ Donald Trump တွေ့ဆုံ
please wait

No media source currently available

0:00 0:02:01 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG