သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရုရှားနဲ့ လျှိ့ဝှက်ဆက်သွယ်ရေး လမ်းကြောင်းဖွင့်ဖို့ Kushner ကြိုးပမ်းဟု ဝါရှင်တန်ပိုစ့် သတင်းဖော်ပြ


သမ္မတ Donald Trump နဲ့အတူ တွေ့ရတဲ့ အကြီးတန်း အကြံပေး Jared Kushner ။ ဇန်နဝါရီလ ၂၂ ရက် ၂၀၁၇။
သမ္မတ Donald Trump နဲ့အတူ တွေ့ရတဲ့ အကြီးတန်း အကြံပေး Jared Kushner ။ ဇန်နဝါရီလ ၂၂ ရက် ၂၀၁၇။

အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ရဲ့အာဏာလွှဲပြောင်းရေးအဖွဲ့နဲ့ ရုရှားအစိုးရ ကြားမှာ လျှို့ဝှက်ဆက်သွယ်ရေး လမ်းကြောင်းတခု ထားရှိသွားဖို့ ဖြစ်နိုင်ချေနဲ့ ပတ်သက်ပြီး သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့သားမက်လည်းဖြစ်၊ ထိပ်တန်း အကြံပေးလည်းဖြစ်တဲ့ Jared Kushner နဲ့ အမေရိကန်နိုင်ငံ ဆိုင်ရာ ရုရှားသံအမတ်ကြီးတို့ ဆွေးနွေးခဲ့ကြတယ်လို့ ဝါရှင်တန်ပို့စ် သတင်းစာကြီးက ပြောလိုက်ပါတယ်။

အဲဒီလိုလုပ်တာဟာ သူတို့ရဲ့ကျမ်းသစ္စာ ကျိန်ဆိုပွဲအကြို ဆွေးနွေးမှုတွေကို စောင့်ကြည့်တာတွေ မခံရအောင် ကာကွယ်တဲ့ အနေနဲ့ လုပ်တာဖြစ်တယ်လို့ သောကြာနေ့က အမေရိကန် တာဝန်ရှိသူတွေ ပြောတာကို ကိုးကားပြီး ဝါရှင်တန်ပို့စ်က ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာလ အစောပိုင်းက နယူးယောက်မြို့က ထရမ့်တာဝါမှာ တွေ့ဆုံခဲ့စဉ်အတွင်း Kushner ဘက်က အဲဒီလို ကမ်းလှမ်းခဲ့တယ်လို့ ရုရှားသံအမတ်ကြီးက မော်စကိုမှာရှိတဲ့ အထက်အရာရှိတွေကို သတင်းပို့ ခဲ့တယ်လို့ ဝါရှင်တန်ပို့စ်ရဲ့သတင်းအရင်းအမြစ် တွေက ပြောပါတယ်။

ရုရှား ထောက်လှမ်းရေးတွေ အချင်းချင်း ဆက်သွယ်မှုကို အမေရိကန်က ကြားဖြတ် ထောက်လှမ်း မိရာကနေ ဒီသတင်းကို ရခဲ့တာ ဖြစ်တယ်လို့ ဝါရှင်တန်ပို့စ်ရဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ထရမ့် ရွေးကောက်ပွဲ အောင်နိုင်ရေး အဖွဲ့နဲ့ ရုရှားနိုင်ငံကြားမှာ ပူးပေါင်းဆောင်ရွက်မှု ဖြစ်နိုင်ချေနဲ့ ပတ်သက်ပြီး FBI က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေစဉ် အတွင်း FBI က Kushner ကို စုံစမ်းစစ်ဆေး နေတယ်လို့ အမေရိကန် သတင်းတွေက ကြာသပတေးနေ့မှာ ပြောကြားလိုက်ပါတယ်။

XS
SM
MD
LG