သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေသလုံခြုံရေး ရေရှည် အာမခံချက် ရှိဖို့လို


အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရခိုင်ဒုက္ခသည်များ
အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ရခိုင်ဒုက္ခသည်များ

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း တရားဥပဒေ စိုးမိုးမှုရှိဖို့ နဲ့ ဒေသခံပြည်သူတွေ အသက်အိုးအိမ်စည်းစိမ်လုံခြုံရေး ရေရှည်အာမခံချက်ပေးဖို့ ထိရောက်တဲ့ လုံခြုံရေးအစီအမံတွေ တိုးမြင့်ဆောင်ရွက်ပေးပါလို့ ရခိုင်ဒေသခံတွေ၊ လွှတ်တော်နဲ့ ရခိုင်အရေး လှုပ်ရှားသူတွေက တောင်းဆိုလိုက်ပါတယ်။ ဒီကနေ့ မနက် ပိုင်းကစလို့ အကြမ်းဖက် တိုက်ခိုက်မှုတွေဖြစ်ခဲ့လို့ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ ရတဲ့ ဒုက္ခသည်တွေကို တာဝန်ရှိသူတွေက နေရပ်ရင်းကိုပြန်လည် ပို့ဆောင်ပေးနေ ပြီဖြစ်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပေးပါမယ်။

ပြီးခဲ့တဲ့၂၀၁၆ခုနှစ် အောက်တိုဘာလ ၉ရက်နေ့ နံနက်ပိုင်းက စခဲ့တဲ့ မောင်တောမြို့ နယ်၊ ဘူးသီးတောင်မြို့နယ်၊ ရသေ့တောင်မြို့ နယ်တွေထဲမှာဖြစ်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် စစ်တွေ၊ ကျောက်တော်နှင့် မြောက်ဦး မြို့နယ်တွေကို ခေတ္တေ နရပ် စွန့်ခွာလာကြတဲ့ ဒုက္ခသည်တွေကို ရခိုင်ပြည်နယ် အစိုးရက ဒီကနေ့ စနေနေ့ အောက်တိုဘာလ ၂၉ရက်နေ့၊ နံနက် ၇ နာရီကစပြီး စစ်တွေမြို့ကနေ ေ နရပ်အသီးသီးသို့ ရေယာဉ်နဲ့ ပြန်လည်ပို့ဆောင်ပေးနေပြီဖြစ်ပါတယ်။

အခုလိုမျိုး နေရပ်ကို ပြန်ပို့နေပြီဖြစ်တဲ့ ဒုက္ခသည်တွေ အတွက်ရော ရခိုင်ပြည်နယ် အတွင်း ဒေသခံပြည်သူတွေ လုံခြုံရေးအတွက် ရေရှည်အာမခံချက်ပေးဖို့ ထိရောက်တဲ့ လုံခြုံရေးအစီအမံတွေ တိုးမြင့်ဆောင်ရွက်ပေးပါလို့ ရသေ့တောင် မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေကပြောပါတယ်။

“ ရခိုင်ဒေသမှာပေါ့နော် တကယ်လည်း အန္တရာယ်တော်တော် များပါတယ်။ အဲဒီ အတွက်ကြောင့် လုံခြုံရေး အတွက်ကိုပေါ့နော် ဥပမာ တပ်မတော်ပေါ့၊ တပ်မတော် က အခုအချိန် တာဝန်ယူသလို များများစားစားနဲ့ပေါ့။ ဥပမာ ရေတပ်ပေါ့ ရေတပ် ဆိုလဲ အခု ပင်လယ်ကမ်းစပ် တလျှောက် ချထားပါတယ်။ ရသေ့တောင်မြို့နယ် ကိုးဒန်ကောက်ရွာမှာလဲ အခုလိုပဲ အကြမ်းဖက်မှု ဖြစ်သွားတဲ့အချိန်မှာ အန်တီတို့ ကိုးဒန်ကောက်ကို ရောက်တယ်။ ရောက်တဲ့ခါ ကိုးဒန်ကောက် ပင်လယ်ကမ်းစပ် မှာဆိုရင် ရခိုင်တိုင်းရင်းသားတွေရော ဘင်္ဂလီတွေရော ငါးဖမ်း ထွက်တယ်ပေါ့နော်။ ဒါပေမယ့် ဒီအကြမ်းဖက်မှု ဖြစ်ပြီးနောက်ပိုင်းကို ငါးဖမ်းလှေတွေလဲ မထွက်ရတော့ ဘူး၊ နောက်တခါ ဒီတိုင်းရင်း သားတွေလဲ အပြင်ထွက်ပြီး ငါးမရှာရတော့ဘူး။ ရေ တပ် ကင်းလှည့်တွေ တော်တော် ချထားတာတွေ့ရ တဲ့အတွက် ဘာပဲဖြစ်ဖြစ် ဒီဟာတွေ မရုပ်သိမ်းဖို့ အရေးကြီးပါတယ်။ အခုလောလောဆယ် တည်ငြိမ်တယ် ဆိုပေမယ့် နောက်ပိုင်း မဖြစ်လာဘူးလို့ မပြောနိူင်ဘူး။ ဒါကြောင့် ရခိုင် ပြည်နယ်မှာ ဒီအစိုးရ အနေနဲ့ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ကာကွယ်ဖို့အတွက် လုံခြုံမှု ရှိတဲ့ တပ်မတော်တို့၊ နယ်ခြားစောင့် တပ်ကိုလဲ လုံလုံလောက်လောက် ချပေးသင့် တယ်လို့ မြင်ပါတယ်ရှင့် ”

နေရပ်ရင်းပြန်ကြမယ့် အကြမ်းဖက်အန္တရာယ် တိမ်းရှောင်ဒေသခံများ
နေရပ်ရင်းပြန်ကြမယ့် အကြမ်းဖက်အန္တရာယ် တိမ်းရှောင်ဒေသခံများ

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့လို့ စစ်ဆင်ရေးနယ်မြေ အဖြစ်သတ်မှတ် ခံထား ရတဲ့ ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်တွေကို ကျေးရွာတွေအထိ လိုက်ပြီး ကူညီေ ထာက်ပံ့ပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေထဲက တခုဖြစ်တဲ့ ဝံလက်ဖောင်ဒေးရှင်းက ဒါရိုက်တာ ကိုဇော်ဇော်ထွန်းကလည်း ပြည်သူတွေအနေနဲ့ အခုချိန်မှာတော့ ဒေသ တွင်း တပ်က တာဝန်ယူထားပေမဲ့ ရေရှည်လုံခြုံရေး ဘယ်လောက် အာမခံချက်ပေး နိုင်မလဲ ဆိုတဲ့အပေါ် စိုးရိမ်နေဆဲ အနေအထားဖြစ်နေ တယ်လို့ ပြောပါတယ်။

“ မောင်တောမြို့နယ် အောင်သပြေတို့၊ ခမောက်ဆိပ်တို့ ကျောက်လဖယ်တို့ အဲလိုမျိုး ရွာတွေပေါ့လေ။ ဒီမောင်တောနဲ့ ဘင်္ဂလားဒေ့ရှ် ကုန်းတွင်းပိုင်း ဆက်စပ်နေတဲ့ အဲဒီနား တဝိုက်က ရွာတွေပေါ့။ ဒါက အခုနောက်ဆုံး တခေါက်ပေါ့နော်၊ လက်ရှိမှာ စစ်တပ်ကလဲ လုံခြုံရေးကို ယူပေးတဲ့ခါကျတော့ အတိုင်းအတာ တခုထိပေါ့ လုံခြုံတဲ့ အနေအထားတော့ ရှိနေပါတယ်ခင်ဗျာ။ ဒေသခံတွေ စိုးရိမ်နေတာက အခု တပ်က ရှင်းလင်းရေး လုပ်ပြီးတော့ တပ်က ပြန်ဆုပ်ခွါ သွားတဲ့အချိန်မှာ နဂိုရှိနေတဲ့ ဒီ နယ်မြေခံ ရဲတွေအနေနဲ့ ဘယ်လောက်ထိများ သူတို့ကို လုံခြုံမှုပေးနိုင် မလဲပေါ့လေ၊ ဒီအပေါ်မှာ စိုးရိမ်မှုက တောက်လျှောက် ရှိနေတုန်းပါပဲ ”

ရခိုင်ပြည်နယ်တွင်းမှာ တရားဥပဒေ စိုးမိုးမှုရှိဖို့ အရေးကြီးဆုံးဖြစ်သလို ဒေသ တွင်းမှာ လုံခြုံရေးယူထားတဲ့ စစ်တပ်အပါအဝင် လုံခြုံရေးအင်အားစုတွေရဲ့ ကိုင်တွယ် ပုံတွေကလည်း ပွင့်လင်းမြင်သာမှုရှိဖို့ လိုအပ်တယ်လို့ ရခိုင်အမျိုးသား ကွန်ရက်ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကလည်း ပြောပါတယ်။

“ နေရပ်ရင်း ပြန်ပို့တာ မပို့တာထက်စာရင် ရှိနေတဲ့လူတွေပေါ်မှာ လက်ရှိအစိုးရ အနေနဲ့ ကိုယ်ပြည်သူကို ကိုယ် ဘယ်လောက်လောက် ကာကွယ်နိူင် သလဲ၊ နောက် ပြီး ရှိနေတဲ့ တိုင်းရင်းသားဒေသခံ ပြည်သူတွေပေါ်မှာ ဘယ်လောက် ကာကွယ်နိူင် သလဲ၊ နောက်ပြီးတော့ ဒီ တပ်မတော်ပေါ် မှာရော ဘယ်လောက်သြဇာညောင်းပြီး ဘယ်လောက် စီမံခန့်ခွဲနိူင်သလဲဆိုတဲ့ အချက်တွေက ကျနော်တို့အတွက် အဓိက ကျတယ်လို့ မြင်တယ်။ ဒီအချက်တွေ အဓိကဖေါ်ဆောင် နိူင်မှသာလျှင် တရားဥပဒေ စိုးမိုးမှုကို ဆောင်ရွက်နိူင်မှာဖြစ်တယ်။ ဒီလို တရား ဥပဒေ စိုးမိုးမှုကို ဖေါ်ဆောင်နိူင်မှ သာလျှင် လုံခြုံစိတ်ချရတဲ့ အနေအထားတခုကို ရောက်ရှိလိမ့်မယ်လို့ ကျနော်တို့ ယုံကြည်တယ်။ နောက် တခုကလဲ တဖက်က ဝင်ရောက်လာတာ အကြမ်းဖက် သမားတွေဖြစ်တယ်။ တဖက်နိူင်ငံမှာ ခိုလှုံတယ်၊ ပြေးတယ် လွှားတယ်၊ အချိန်အခါ သင့်ရင် ဒီဖက်ကို ဝင်ရောက်တယ်။ ဒီလိုကိစ္စတွေ ဖြစ်နေတဲ့အတွက်ကြောင့် တဖက်နိူင်ငံနဲ့ သံတမန်ရေး နားလည်မှုကို တည်ဆောက်ပြီးတော့ အကြမ်းဖက် ေ ရသောက်မြစ်တွေကို ကျနော်တို့အနေနဲ့ အမြစ်ကလှန်ပစ်သင့်တယ်။ ဒါမှသာလျှင် လုံခြုံစိတ်ချရတဲ့ အနေအထားတခုကို ရောက်မှာဖြစ်တယ် ”

ရခိုင်ပြည်နယ်တွင်း ဒေသတွင်း လုံခြုံရေး တာဝန်ယူထားတဲ့တပ်ဖွဲ့ဝင်တွေကို အဓိက ပစ်မှတ်ထား လူအင်အားသုံး တိုက်ခိုက်ခဲ့တဲ့အပေါ် ဒေသခံ ပြည်သူတွေမှာလည်း ထိတ်လန့်နေကြပြီး ဒေသတွင်း လုံခြုံရေးတည်ငြိမ်ရေးအပေါ် စိုးရိမ်မှုတွေ ရှိနေဆဲ ဖြစ်ပါတယ်။ လတ်တလော မှာတော့ ရခိုင်ပြည်နယ်တွင်း နယ်မြေဒေသ တည်ငြိမ်အေး ချမ်းရေးနဲ့ လုံခြုံရေးအတွက် စစ်တပ်အင်အားတွေ ဖြည့်တင်းထားပြီး နယ်မြေခံ တပ်မတော် စစ်ကြောင်းတွေနဲ့ ရဲလုံခြုံရေးတွေ ပူးပေါင်းပြီးတော့ နယ်မြေ လုံခြုံရေး အရှိန်အဟုန်မြှင့် ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် အစိုးရဘက် က ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခတွေကို မှန်မှန်ကန်ကန် သိရှိနိုင်ဖို့ အတွက် နိုင်ငံတကာအဖွဲ့တွေကို အကန့်အသတ်မရှိ ဝင်ရောက်ခွင့် ပြုဖို့နဲ့ သမာ သမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စ ယန်ဟီးလီ ကလည်း နယူးယောက်မြို့ သတင်းစာရှင်းလင်းပွဲမှာ တောင်းဆိုထားသလို မောင်တောအကြမ်းဖက်မှုကြောင့် ဒုက္ခရောက်နေတဲ့ ဒေသခံပြည်သူတွေအတွက် စားနပ်ရိက္ခာ မလုံမ လောက်ဖြစ် လာမယ့် အခြေအနေကို WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်က စိုးရိမ်မကင်း ဖြစ် မိကြောင်း ကုလသမဂ္ဂက ပြောကြားနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG