သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်တရုတ်ပင်လယ် "လိုက်နာရမယ့် ကျင့်ထုံး" သဘောတူညီကြပြီ


တောင်တရုတ်ပင်လယ် အတွင်းရှိ တရုတ်သဘောၤ
တောင်တရုတ်ပင်လယ် အတွင်းရှိ တရုတ်သဘောၤ

အရှေ့တောင်အာရှ ၁၀နိုင်ငံပါဝင်တဲ့ အာဆီယံနဲ့ တရုတ်နိုင်ငံတို့ကြား တောင်တရုတ်ပင်လယ်ပြင် ဒေသအတွက် လိုက်နာရမယ့် ကျင့်ထုံး ဆိုင်ရာ မူဘောင်ကို သဘောတူညီမှု ရခဲ့ပြီဖြစ်ပါတယ်။ ဒါဟာ ပိုင်နက်အငြင်းပွါးနေတဲ့ တောင်တရုတ်ပင်လယ်ပြင်ဒေသတွင်း တင်းမာမှုတွေ ကို လျော့ကျလာစေ နိုင်ပါတယ်။

နောက်ဆုံး သဘောတူညီမှုအတွက် စည်းမျဉ်းစည်းကမ်းတွေ သတ်မှတ်ရမယ့် မူဘောင်ချမှတ်ဖို့ တရုတ်နဲ့ အာဆီယံ ထိပ်ပိုင်း အရာရှိကြီး တွေသဘောတူ ခဲ့ကြတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ တရုတ်အနောက်တောင်ပိုင်း Guizhou ခရိုင်မှာ ပြုလုပ်တဲ့ အစည်းအဝေးကနေ အခုလို သဘောတူညီမှုရခဲ့တာ ဖြစ်ပါတယ်။

တောင်တရုတ်ပင်လယ်ပြင် ဒေသတွင်း နေရာ အားလုံးနီးပါးကို ပိုင်ဆိုင်ကြောင်း တရုတ်က ကြေညာထားတာ ဖြစ်ပြီး ဒီဒေသဟာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ သိုက်တွေ ကြီးကြီးမားမား ရှိနေတယ်လို့ ယူဆကြပြီး အာဆီယံ အဖွဲ့ဝင် နိုင်ငံ အများအပြားနဲ့ တိုင်ဝမ်တို့က သူတို့လည်း ပိုင်ဆိုင်တယ်လို့ ကြေညာထားတဲ့ နေရာလည်း ဖြစ်ပါတယ်။ အခုလို အငြင်းပွါးမှုနဲ့ ပတ်သက်ပြီး အာဆီယံ နိုင်ငံတွေ တညီတညွတ်ထဲ လုပ်ဆောင်နိုင်ဖို့ ကြိုးစားကြပေမယ့်လည်း သဘောထား ကွဲပြားခဲ့ကြတာ ဖြစ်ပါတယ်။

တရုတ်က မကြာခင် နှစ်တွေ အတွင်း ဒီဒေသမှာ ကျွန်းတုတွေ ဆောက်လုပ်ပြီး ဒေသတွင်း စစ်ရေးအတွက်ပါ သုံးနိုင်တဲ့ အဆောက်အဦးတွေ တည်ဆောက်တဲ့ မဟာဗျူဟာ ချလာခဲ့တဲ့ နောက်ပိုင်း တင်းမာမှုတွေ တိုးလာခဲ့တာပါ။ ဒါ့အပြင် အခုလို လုပ်ဆောင်တာဟာ မဟာဗျူဟာ အရ အရေးပါတဲ့ ဒီဒေသတွင်း ရေကြောင်းဆိုင်ရာ လွတ်လပ်စွာ သွားလာမှုကို ခြိမ်းခြောက်တဲ့ အနေထားအဖြစ် အမေရိကန်ပြည်ထောင်စု ကပါ ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။

တောင်တရုတ် ပင်လယ်ပြင် ဒေသတွင်း ရေကြောင်းဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်ဖို့နဲ့ သက်ဆိုင်ရာ နိုင်ငံတွေ လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေ ချမှတ်ရေးအတွက် သဘောတူညီတဲ့ မူဘောင် မူကြမ်းကို ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG