သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တောင်ကိုးရီးယားသမ္မတ အယုံအကြည်မရှိအဆို ရလဒ် လက်ခံမည်


တောင်ကိုးရီးယားသမ္မတ
တောင်ကိုးရီးယားသမ္မတ

အဂတိလိုက်စားမှုအရှုပ်တော်ပုံနဲ့ ရင်ဆိုင်နေရတဲ့ တောင်ကိုရီးယားသမ္မတ ပက်ဂွန်ဟေးက - ဒီသီတင်းပတ်ထဲ လွှတ်တော်မှာ သူ့အပေါ် အယူအကြည်မရှိ အဆိုတင်သွင်းမှု ကနေ ထွက်ပေါ်လာမယ့် ရလဒ်ကို လက်ခံမယ့်အကြောင်း ဒီကနေ့ ပြောဆိုလိုက်ပါတယ်။

သမ္မအပေါ် အယုံအကြည်မရှိ အဆိုနဲ့ပတ်သက်လို့ သောကြာနေ့ လွှတ်တော်မှာ မဲပေးနိုင်ဖွယ်ရှိပါတယ်။ ဒါပေမဲ့ အတိုက်အခံတွေဘက်က သုံးပုံနှစ်ပုံ မဲအများစုနဲ့ အယုံအကြည်မရှိအဆိုကို အနိုင်တင်သွင်းနိုင်ရင်တောင်မှ ဒီရလဒ်ကို တိုင်းပြည်ရဲ့ ဖွဲ့စည်းပုံတရားရုံးမှာ အဆုံးအဖြတ် ပြန်ယူရမှာဖြစ်လို့ လတွေနဲ့ချီ ကြာမြင့်မယ့်ကိစ္စပါ။ သူမရဲ့ Saenuri ပါတီခေါင်းဆောင်တွေနဲ့လည်း မစ် ပက် တွေ့ဆုံခဲ့သလို၊

အဲဒီ တွေ့ဆုံပွဲ အပြီးမှာတော့ ပါတီ ထိပ်တန်းအရာရှိတဦးဖြစ်တဲ့ Chung Jin-suk က - ဧပြီလထဲမှာ ရာထူးကနေ နုတ်ထွက်ဖို့ ပါတီရဲ့ အဆိုပြုချက်ကို မစ် ပက်က လက်ခံဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောပါတယ်။ ဒါပေမဲ့ သမ္မတပက် အနေနဲ့ ရာထူးကနေ ချက်ချင်း နုတ်ထွက်ပေးမယ့်ပုံမျိုးတော့ မတွေ့ရပါဘူး။

တကယ်လို့ အယုံအကြည်မရှိ အဆို အတည်ဖြစ်သွားရင်တော့ -၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလကျမှ သမ္မတသက်တမ်း တရားဝင် ကုန်ဆုံးမှာဖြစ်တဲ့ မစ် ပက် အနေနဲ့ အချိန်မတန်ခင် ရာထူးတာဝန်ကနေ နုတ်ထွက်ရတဲ့ ပထမဆုံး ဒီမိုကရေစီနည်းကျ ရွေးကောက် တင်မြှောက်ခံ တောင်ကိုရီးယား သမ္မတ ဖြစ်ပါလိမ့်မယ်။

သမ္မတ ပက်ဟာ သူ့ရဲ့မိတ်ဆွေ Choi Soon-sil က စီစဉ်လုပ်ဆောင်ခဲ့တာလို့ စွပ်စွဲခံရတဲ့ ဒေါ်လာ သန်းပေါင်းများစွာကို မတော်သြဇာသုံး ရယူခဲ့မှု အရှုပ်တော်ပုံနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးခံနေရတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG