သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အပစ်ရပ်ရေး စတင်အသက်ဝင်ပြီ


ဆီးရီးယား အပစ်ရပ်ရေး စတင်အသက်ဝင်ပြီ
ဆီးရီးယား အပစ်ရပ်ရေး စတင်အသက်ဝင်ပြီ

ဆီးရီးယားမှာ ဒေသစံတော်ချိန် ညသန်းကောင်ယံကစပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် စတင် အသက်ဝင်ပြီဖြစ်ကြောင်း ကြာသပတေးနေ့မှာ ဆီးရီးယား အစိုးရကကြေညာလိုက်ပါတယ်။

ဆီးရီးယား အပစ်ရပ်ရေး စာချုပ်
ဆီးရီးယား အပစ်ရပ်ရေး စာချုပ်

ဒီအပစ်အခတ်ရပ်စဲရေး အတွက် ဆီးရီးယားအစိုးရနဲ့ သူပုန်အဖွဲ့အများအပြား ကြားအကျုံးဝင်ပေမယ့် ဒီအထဲမှာ အစ္စလန်လက်နက်ကိုင် အဖွဲ့တွေ ပါမပါ မသေချာသေးပါဘူး။ ဒီသဘောတူညီချက်ဟာ အရင်တုန်းက အပစ်ရပ်ရေးပုံစံအတိုင်း ရေးဆွဲထားတာ ဖြစ်ပါတယ်။

ဆီးရီးယား သမ္မတ Bashar al-Assad ကို ထောက်ခံပံ့ပိုးပေးနေတဲ့ ရုရှားနဲ့ သူပုန်အဖွဲ့တွေကို ပံ့ပိုးပေးနေတဲ့ တူရကီတို့ကတော့ အပစ်ရပ် သဘောတူညီချက် အတိုင်း လိုက်နာမယ်လို့ ပြောပါတယ်။

၆ နှစ်ကြာ ဖြစ်ပွါးနေတဲ့ စစ်ပွဲအတွက် ငြိမ်ချမ်းရေးသဘောတူ စာချုပ် ချုပ်ဆိုနိုင်ရေး ကြားဝင်ဆောင်ရွက်ဖို့ အသင့်ဖြစ်နေပြီလို့ ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာ တူရကီ၊ ဆီးရီးယားနဲ့ ရုရှားတို့ ပြောကြားခဲ့အပြီး အခုလို အပစ်အခတ်ရပ်စဲဖို့ သဘောတူညီချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အခုအပစ်အခတ်ရပ်စဲရေးသာ တည်မြဲနေမယ် ဆိုရင်တော့ ရှေ့လထဲ Kazakhstan နိုင်ငံမြို့တော် Astana မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြန်လည်စတင်နိုင်တော့မှာလည်း ဖြစ်ပါတယ်။

ဒီအပစ်ခတ်ရပ်စဲရေးဟာ ကျိုးပျက်လွယ်တဲ့ သဘောတူညီချက်တခုလို့ ရုရှားသမ္မတ Vladimir Putin က ခေါ်ဆိုလိုက်ပေမယ့် ဒါကို ဆီးရီးယား အစိုးရကရော အတိုက်အခံလက်နက်ကိုင် တပ်ဖွဲ့တွေကပါ ထောက်ခံကြတယ်လို့ ပြောပါတယ်။

အခုရခဲ့တဲ့ သဘောတူညီချက်ဟာ ကျိုးပျက်ဖို့ လွယ်တာမို့ အထူးဂရုစိုက်ဖို့ လိုသလို တည်တံ့တိုးတက်လာဖို့ ဆက်လက်လုပ်ဆောင်ရမှာ ဖြစ်ကြောင်းနဲ့ ဘာပဲဖြစ်ဖြစ် ဒါဟာ ပူးတွဲ လုပ်ဆောင်မှုရဲ့ ထင်ရှားတဲ့ ရလဒ်တခုဖြစ်ကြောင်း ကြာသပတေးနေ့ အစိုးရ ဝန်ကြီးများအဖွဲ့ အစည်းအဝေးမှာ သမ္မတ Putin က ပြောကြားခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG