သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဲသဝေါမှ ဘုရားသုံးဆူအထိ နယ်ခြားစောင့်ဂိတ်အားလုံး မကြာခင် ပိတ်ဖို့ရှိ


ထိုင်း-မြန်မာနယ်စပ် ဂိတ်တခု
ထိုင်း-မြန်မာနယ်စပ် ဂိတ်တခု

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ်၊ မဲသဝေါနေရာကနေ ဘုရားသုံးဆူထိရှိနေတဲ့ နယ်ခြားစောင့်ဂိတ်အားလုံး ကို လာမယ့် နိုဝင်ဘာလ ၂၆ ရက်နေ့ကစတင်ပြီး ပိတ်ပစ်တော့မှာ ဖြစ်တယ်လို့ ကရင်ပြည်နယ်က နယ်ခြားစောင့် က ပြောဆို လိုက်ပါတယ် ။ ထိုင်းနိုင်ငံဘက် စွမ်းအင်ဝန်ကြီးဌာနရဲအမိန့်နဲ့ နယ်စပ်တရားမဝင်ဂိတ်တွေကနေလောင်စာဆီ တင်သွင်းနေမူတွေကို ရပ်လိုက်ပြီး နောက်ပိုင်းမှာအခုလိုမျိုး နယ်ခြားစောင့်တပ်ဘက်ကလည်း ပြောဆိုလာတာပါ။ မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်း-မြန်မာနယ်စပ် တာ့ခရိုင်၊ မဲဆောက်မြို့နဲ့ မြဝတီမြို့ကို ဆက်သွယ် သွားလာနေတဲ့ နယ်ခြားက တရားမဝင်ဂိတ်တွေ ကို မြန်မာနယ်ခြားစောင့် တပ် ဘက်ကနေ လာမယ့် ၂၆ ရက်နေ့လောက်မှာ စတင်ပိတ်မယ်လို့ နယ်ခြားစောင့် ဗိုလ်မှူး သိန်းဇော်မင်း ကပြောဆိုလိုက်ပါတယ်။

“အဲဒါ ၂၆ ရက်နေ့မှ ဖြစ်မယ်။ ကျနော်တို့ မဲသဝေါကနေ ဘုရားသုံးဆူအထိပေါ့။ ကျနော်တို့ နယ်ခြားစောင့်တပ်အနေနဲ့ တပ်တွေ ဂိတ်ရှိတဲ့နေရာပေါ့။ အဲဒါတွေပိတ်မှာ တံတားပေါ်တခုပဲ လွတ်မယ်။”

ထိုင်း-မြန်မာနယ်စပ်မှာ တရားမဝင်ဂိတ်တွေအများအပြားရှိပြီး အထူးသဖြင့် နယ်ခြားစောင့်ဂိတ်တွေ ကနေ နှစ်နိုင်ငံကုန်သွယ်စီးဆင်းမူတွေ လုပ်ဆောင်နေတာပါ။ အခုအခါမှာတော့ နှစ်နိုင်ငံကုန်သွယ် စီးဆင်းမူတွေကို တရားဝင် နယ်စပ်တံတားပေါ်ကနေပဲ သွာရတော့မှာဖြစ်တဲ့အကြောင်း နဲ့ နယ်ခြားစောင့်တပ်ရဲ့ဂိတ်တွေကနေ လောင်စာဆီတင်သွင်းမူတွေ ကို ထိုင်းဘက်က ပိတ်ပင်မူတွေရှိတာကြောင့် အခုလို မျိုးနယ်ခြားစောင့်တပ်ဘက်က လည်း နယ်စပ်ဂိတ်တွေ ပြန်ပိတ်ဖို့လုပ်တာဖြစ်တဲ့အကြောင်း ကိုဗိုလ်မှူးသိန်းဇော်မင်းက ပြောသွားပါတယ်။

“ကျနော်တို့တွေက ဂိတ်တွေကတော့ ကျနော်တို့ ဆီကတော့ အတွင်းရေးမှူးပေါ့ ဗိုလ်မှူးစောချစ်သူ က သူက အတွင်းရေးမှူးလေ၊ သူက နယ်ခြားစောင့်တပ်ဂိတ်တွေ သူက ပိတ်တာ နောက်ပြီး ကျနော်တို့ကို ဆီတွေဘာတွေလည်း ပေးမသွင်းတော့ဘူးလေ။ သူတို့တွေက ယိုးဒယား ဘက်အခြမ်းကနေပြီးတော့မှ ၊ ဆီလည်းပေးမသွင်းဘူး ဂိတ်တွေလည်းသွားလာခွင့်မပေးဘူးဆိုတော့ ဒီဘက်စစ်တပ်တွေက ပတ်တာကို ၊ ပိတ်တဲ့အခါကျတော့ မထူးဘူး ငါတို့လည်း ဒီဘက်က ပိတ်မယ်ဆိုတဲ့ အနေအထား မျိုးဖြစ်လာတာပေါ့နော် ။ အခုအခြေအနေက နည်းနည်းတင်းမာနေတယ်။ လွန်ခဲ့တဲ့ ၂၈ ရက်နေ့တုန်းက Helicopter ဖြတ်တယ်လေ နယ်စပ်ကို ကျော်ပြီးတော့ ဖြတ် လာတယ်။ ဖြတ်လာတဲ့အခါကျတော့ ကျနော်တို့ ခရိုင်မှူးကနေပြီးတော့မှ စာထုတ်တယ်၊ အဲဒါကို အကြောင်းမပြန်သေးဘူး။”

ပြီးခဲ့တဲ့ အပတ်တုန်းကလည်း မြဝတီမြို့မှာ နယ်ခြားစောင့်တပ်ရဲ့အကြီးအကဲဖြစ်တဲ့ ဗိုလ်မှူးစောချစ်သူက သတင်းစာရှင်းလင်းပွဲလုပ်ခဲ့ပြီး အဲဒီသတင်းစာရှင်းလင်းပွဲ မှာလည်း ထိုင်းဘက်က စွမ်းအင်ဝန်ကြီးဌာန ညွန်ကြားချက် နဲ့ နယ်စပ်ဂိတ်တွေ ကနေ လောင်စာဆီ တင်သွင်းတာတွေ မလုပ်ဖို့ညွန်ကြားထားကြောင်း ထိုင်းစစ်ဘက်က တာဝန်ရှိသူတွေ က ပြောဆိုခဲ့တယ်ဆိုပြိး အခုလိုပြောသွားပါတယ်။

“နောက်ဆုံးကျနော်တို့ အဲဒီဗျူဟာမှူးကို ကျနော်မေးလိုက်တဲ့အခါကျတော့ ကျနော့်ကို သူဘာပြန်ပြောလဲဆိုတော့ စွမ်းအင်ဝန်ကြီးဌာနကနေ ညွှန်ကြားလို့ပါတဲ့။”

နယ်ခြားစောင့်တပ်ဘက်ကတော့ တံတားပေါ်ကနေ ဆီ အသွားအလာ မရှိတာလွဲရင် အောက်လမ်းတွေကနေလည်း စီးပွားရေးဇုံမှာအခွန်ဆောင်ပြီး သွားနေတာဖြစ်တယ်လို့ လည်းဆိုပါတယ်။

လက်ရှိမှာတော့ နယ်စပ်တရားမဝင်ဂိတ်တွေကနေ လူအသွားအလာများ ရှိနေဆဲဖြစ်ပြီး ထိုင်းမြန်မာကုန်စည် စီးဆင်းမူတွေကတော့ သိပ်မရှိတော့ပါဘူး။ အဓိက ကတော့ ထိုင်းဘက်ကနေ တင်သွင်းနေတဲ့ လောင်စာဆီ တင်သွင်းမူအားလုံးကိုအောက်တိုဘာ လကုန်ကတည်းက ရပ်နားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG