သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရားမဝင်သင်တန်း ထိုင်းရဲဖမ်း


ထိုင်းနိုင်ငံ ဘန်ကောက်မြို့ညစေ ျး
ထိုင်းနိုင်ငံ ဘန်ကောက်မြို့ညစေ ျး

တရားမဝင် ဧည့်လမ်းညွန်လုပ်ငန်းတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ သံသယရှိခံရသူ နိုင်ငံခြားသား အများအပြားအပါအဝင် လူပေါင်း ၁၃၈ ဦးကို ထိုင်းရဲတပ်ဖွဲ့က ဧပြီလ ၂၃ ရက်နေ့က ဖမ်းဆီး ထိန်းသိမ်းလိုက်ပါတယ်။ အဲဒီ မသင်္ကာသူတွေ ဘန်ကောက်မြို့က ဟိုတယ်တခုအတွင်းမှာ တနင်္ဂနွေနေ့ မနက်ပိုင်းက သင်တန်းတက်နေကြတဲ့အချိန် ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရသူတွေထဲမှာ ထိုင်းနိုင်ငံသား ၆၀ နဲ့အတူ မြန်မာ၊ တရုတ်၊ မလေးရှား၊ ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတို့က ၇၈ ဦးလည်း ပါဝင်တယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။ နိုင်ငံခြားသား အများစုကတော့ ထိုင်းနိုင်ငံအတွင်းကို ကမ္ဘာလှည့် ခရီးသည် ဗီဇာနဲ့ ဝင်ရောက်လာကြတာလို့ ဆိုပါတယ်။

တရားမဝင် ဧည့်လမ်းညွန်သင်တန်း ပို့ချပေးနေတယ်ဆိုတဲ့ တိုင်ကြားချက်တွေ ရရှိခဲ့တာကြောင့် အခုလို ဖမ်းဆီးရခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ အထူးရဲတပ်ဖွဲ့က ဗိုလ်ချုပ် Surachet Hakphan က တနင်္ဂနွေနေ့မှာ ပြောပါတယ်။

စနေနေ့က စတင်တဲ့ ဒီ သင်တန်းကို တက်ဖို့အတွက် သင်တန်းသားတွေအနေနဲ့ တယောက်ကို ဘတ် ၂ ထောင်စီ ပေးခဲ့ကြရပြီး သင်တန်းကာလ အတွင်းမှာ သင်တန်းသားတွေရဲ့ လက်ကိုင်ဖုန်းတွေကို သင်တန်းပို့ချသူတွေထံ အပ်ထားကြရ တယ်လို့ သင်တန်းသားတွေက ပြောကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

သင်တန်းသားတွေအနေနဲ့ မျက်နှာ သန့်စင်ဆေး၊ ရာဘာခေါင်းအုံးနဲ့ တခြား အရေးပြား ထိန်းသိမ်းရေးဆိုင်ရာ လိမ်းဆေးတွေ ရောင်းချဖို့ သင်ကြားပေးခဲ့တယ်လို့ ဆိုပါတယ်။ ထိုင်းနဲ့ နိုင်ငံခြားသား သင်တန်းသားတွေကို ဧည့်လမ်းညွန်အဖြစ် သင်တန်းပို့ချ ချင်ယောင်ဆောင်ပြီး ကုန်ပစ္စည်းတွေ ရောင်းချရေးအတွက် သင်ကြားပို့ချနေတာ ဟုတ်မဟုတ်ဆိုတာကို စုံစမ်း စစ်ဆေးနေတယ်လို့ ထိုင်းရဲတပ်ဖွဲ့က ပြောပါတယ်။

ဒီသင်တန်းကို ဦးဆောင် ကျင်းပသူ Sirikorn Tanachaipornsakul ကတော့ - ဒါဟာ ထိုင်းသင်္ကြန် ဆုန်ကရန် ပြီးဆုံးခြင်း အထိန်းအမှတ် အဖြစ် ပြုလုပ်တဲ့ ပါတီပွဲ တခုဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ကုန်ပစ္စည်းတွေ ဝယ်အောင် သင်တန်းသားတွေကို ကြေညာခဲ့တယ်ဆိုတာကိုတော့ သူမက ဝန်ခံခဲ့ပါတယ်။

ပြည်ဝင်ခွင့်ဗီဇာ သက်တန်း ကုန်ဆုံးနေသူ နိုင်ငံခြားသားတွေအနေနဲ့ ဥပဒေအရ ချက်ချင်း အရေးယူခံကြရမှာဖြစ်ပြီး၊ ဗီဇာသက်တမ်း ကျန်နေသေးသူတွေကတော့ ဒီအမှု စုံစမ်း စစ်ဆေးမှု မပြီးမချင်း တိုင်းပြည်အတွင်းက ထွက်ခွာခွင့် မရှိဘူးလို့ ထိုင်းရဲတပ်ဖွဲ့က ပြော ပါတယ်။

တရားမဝင်သင်တန်း ထိုင်းရဲဖမ်း
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG