သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲကို တိုက်ခိုက်ဖို့ al-Qaida ခြိမ်းခြောက်မှု FBI စုံစမ်း


နယူးယောက်မြို့ ရဲလုံခြုံရေးတွေ တင်းကျပ်စွာချထား (နိုဝင်ဘာ ၄၊ ၂၀၁၆)
နယူးယောက်မြို့ ရဲလုံခြုံရေးတွေ တင်းကျပ်စွာချထား (နိုဝင်ဘာ ၄၊ ၂၀၁၆)

အမေရိကန်သမ္မတ ရွေးကောက်ပွဲ မတိုင်ခင် အယ်လ်ကိုင်းဒါး အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုတွေ လုပ်လာနိုင်တယ်ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ရခဲ့တာမို့ ဒါဟာ ဖြစ်နိုင်ခြေရှိမရှိ အမေရိကန်ပြည်ထောင်စုနဲ့ ပြည်နယ်အရာရှိတွေက စစ်ဆေးနေကြပါတယ်။ ခြိမ်းခြောက်မှုတွေဟာ ခိုင်လုံမှု ရှိမရှိသိရဖို့ FBI ထောက်လှမ်းရေးအဖွဲ့ရဲ့ ပူးတွဲ အကြမ်းဖက်နှိမ်နင်းရေးတပ်ဖွဲ့နဲ့ သူတို့ရဲ့ ထောက်လှမ်းရေး အဖွဲ့တွေ ပူးတွဲ လုပ်ဆောင်နေတယ်လို့ နယူးယောက်မြို့က ရဲတွေက သောကြာနေ့မှာ ပြောပါတယ်။

ရရှိတဲ့ သတင်းတွေဟာ တိကျမှု မရှိပေမယ့် နယူးယောက်မြို့တော်နဲ့ ပါတ်သက်တဲ့ ထောက်လှမ်းရေး သတင်းမှန်သမျှကို ဂရုတစိုက် စစ်ဆေးနေကြောင်း နယူးရောက်မြို့တော်ဝန် Bill De Blasioက ပြောပါတယ်။ သတင်းတွေ ရနေတာ ရက်အတော်ကြာပြီဖြစ်ပြီး ဒီသတင်းနဲ့ ပါတ်သက်ပြီး ခိုင်လုံမှု ရှိမရှိ စစ်ဆေးနေဆဲဖြစ်ပြီး ခုထိတော့ မသိရသေးဘူးလို့ ပြောပါတယ်။

မဲပေးမယ့် ရက်မတိုင်ခင် ၄ ရက်အလိုမှာ ထွက်ပေါ်လာတဲ့ ဒီခြိမ်းခြောက်မှုကြောင့် နယူးယောက်၊ ဗာဂျီးနီးယားနဲ့ Texas ပြည်နယ်တွေကို ပစ်မှတ်ထား တိုက်ခိုက်နိုင်ခြေရှိတာမို့ ထောက်လှန်းရေး အရာရှိတွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

အမိမြေကာကွယ်ရေးဌာန အရာရှိကတော့ ဖြစ်လာနိုင်တဲ့ ဒီခြိမ်းခြောက်မှုနဲ့ ပါတ်သက်ပြီး သိရှိထားတယ်လို့ ပြောပေမယ့် အတိအကျ ပြောဖို့တော့ ငြင်းဆို ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG