သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်နိုင်ငံနဲ့ ဆက်ဆံရေးကောင်းဖို့ သမ္မတ Trump လိုလား


အမေရိကန်ပြည်ထောင်စုနဲ့ တရုတ် နှစ်နိုင်ငံစလုံးအတွက် အကျိုးဖြစ်စေမယ့် အပြုသဘောဆောင် ဆက်ဆံရေး တည်ဆောက် သွားဖို့ ရည်ရွယ်ထားတယ်လို့ သမ္မတ Donald Trump က ပြောလိုက်ပါတယ်။

တရုတ်သမ္မတ Xi Jinping ဆီ ပေးပို့တဲ့စာထဲမှာ သမ္မတထရမ့်ပ်က အဲဒီသဘောထားကို ဖော်ပြထားတဲ့အကြောင်း အိမ်ဖြူတော်ရဲ့ ဗုဒ္ဓဟူးနေ့ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

သူ ရွေးကောက်ခံရတဲ့အတွက် ချီးကျူးဂုဏ်ပြုပါကြောင်း ပြောထားတဲ့ သမ္မတ Xi ပေးပို့တဲ့စာအတွက်လဲ မစ္စတာ Trump က ကျေးဇူးတင်စကားပြောခဲ့တယ်လို့ ထုတ်ပြန်ချက်မှာပါပါတယ်။ တရုတ်လူထုအတွက် ပျော်ရွှင်ဖွယ် နှစ်သစ်ကူးပွဲတော် ဖြစ်ပါစေ ကြောင်းနဲ့ သာယာဝပြောတဲ့ ကြက်နှစ်ဖြစ်ပါစေကြောင်းကိုလဲ သမ္မတထရမ့်ပ်က ဆုတောင်းပေးခဲ့ပါတယ်။

မစ္စတာTrump ရဲ့စာအတွက် တရုတ်နိုင်ငံက ကျေးဇူးတင်ကြောင်းနဲ့ ပူးပေါင်းဆောင်ရွက်ရေး မြှင့်တင်ဖို့နဲ့ ဆက်ဆံရေးကို ပိုပြီး တိုးချဲ့တည်ဆောက်ဖို့ အမေရိကန်နဲ့ လက်တွဲလုပ်ဆောင်သွားချင်ပါကြောင်း တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရ Lu Kang က ဒီကနေ့ပြောပါတယ်။

မစ္စတာTrump သမ္မတဖြစ်လာပြီးကတည်းကဆိုရင် အမေရိကန်နဲ့ တရုတ်ခေါင်းဆောင်နှစ်ဦး ခုချိန်ထိ တိုက်ရိုက်စကားပြောတာ မရှိသေးပါဘူး။ ဒါပေမဲ့လဲ နှစ်နိုင်ငံအကြား နီးကပ်တဲ့ဆက်ဆံရေးကို ဆက်ပြီးထိန်းသိမ်းထားပါတယ်လို့ ပြောခွင့်ရ Kang က ပြော ပါတယ်။ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးရေးကာလအတွင်း အထူးသဖြင့် ကုန်သွယ်ရေးကိစ္စနဲ့ပတ်သက်ပြီးတော့ မစ္စတာTrump က တရုတ်ကို မကြာခန ဝေဖန်ပြောဆိုခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG