သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရာသီဥတု ထိန်းသိမ်းရေး ဥပဒေတွေ Trump ဖျက်သိမ်း


ရာသီဥတုထိန်းသိမ်းရေး ဥပဒေ ဖ ျက်သိမ်းဖို့ သမ္မတ Trump လက်မှတ်ထိုးစဉ် (March 28, 2017)
ရာသီဥတုထိန်းသိမ်းရေး ဥပဒေ ဖ ျက်သိမ်းဖို့ သမ္မတ Trump လက်မှတ်ထိုးစဉ် (March 28, 2017)

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု တိုက်ဖျက်ရေးအတွက် အမေရိကန်သမ္မတဟောင်း Barack Obama လက်ထက်က ပြဌာန်းခဲ့တဲ့ ဥပဒေတွေကို ချက်ချင်းပျက်ပြယ် သွားစေတဲ့ သမ္မတ အမိန့်ကို သမ္မတ Donald Trump အင်္ဂါနေ့က လက်မှတ်ရေးထိုး ခဲ့ပါတယ်။

အဲဒီဥပဒေ ကန့်သတ်ချက်ဟာ အမေရိကန် ကျောက်မီးသွေးလုပ်ငန်းတွေရဲ့ စီးပွားရေးကို ထိခိုက်စေတယ်လို့ Mr. Trump ကပြောပြီး သူ့ရဲ့ ရွေးကောက်ပွဲ ကတိအတိုင်း ပယ်ဖျက် လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။ အမေရိကန် ကျောက်မီးသွေးတွင်း လုပ်သားတွေ အလုပ်ပြန် ရအောင်လုပ်ပေးမှာဖြစ်တယ်လို့ လက်မှတ်ထိုးပွဲမှာ သမ္မတကပြောပါတယ်။

အင်္ဂါနေ့က သမ္မတအမိန့်ထဲမှာ အရင်အိုဘားမား အစိုးရလက်ထက်ထဲက ချမှတ်ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်ပေါင်း ၁၂ ခုကျော်ကို အမေရိကန်နိုင်ငံတွင်း မှာ မြေတွင်းလောင်စာထုတ်လုပ်မှုု တိုးမြှင့်ဖို့ရည်ရွယ်ပြီး ဆိုင်းငံ့၊ ပယ်ဖျက်၊ ရပ်ဆိုင်းလိုက် ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှု တားဆီးနိုင်ရေးအတွက် ဖန်လုံအိမ်ဓါတ်ငွေ့ ထုတ်လွှတ်မှု လျှော့ချနိုင်ဖို့ ဆောင်ရွက်နေတဲ့ Clean Power Plan သန့်ရှင်းစွမ်းအင် အစီအစဉ်ကို အမြန်ဆုံး ပြန်လည်သုံးသပ်ဖို့လည်း သမ္မတ Trump ကညွန်ကြားခဲ့ပါတယ်။

ကျောက်မီးသွေးထုတ်လုပ်တဲ့လုပ်ငန်းတွေကို ဗဟိုအစိုးရပိုင် မြေယာတွေ မငှားဖို့အရင်က ကန့်သတ်ထားတာကိုလည်း ဖယ်ရှားလိုက်ပါတယ်။ ဒါအပြင် အမေရိကန်ပြည်ထောင်စု ထဲမှာ ရေနံ၊ သဘာဝဓါတ်ငွေ့နဲ့ ကျောက်မီးသွေးထုတ်လုပ်မှု ကန့်သတ်ထား ချက်တွေကိုလည်း အင်္ဂါနေ့က သမ္မတအမိန့်နဲ့ ဖယ်ရှားလိုက်ပါတယ်။ ခုလို သမ္မတ လုပ်ပိုင်ခွင့်နဲ့ Mr. Trump လုပ်ခဲ့တဲ့အပေါ် ရာသီဥတုဆိုင်ရာ သိပ္ပံပညာရှင်တွေနဲ့ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းသူတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG