သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော်အရာရှိချုပ် အဖြစ် Reince Priebus ကို Trump ခန့်


Thousands of candles are arranged in the shape of the Milky Way to celebrate Tanabata, a Japanese star festival, at Zojoji Temple in Tokyo, July 5, 2019.
Thousands of candles are arranged in the shape of the Milky Way to celebrate Tanabata, a Japanese star festival, at Zojoji Temple in Tokyo, July 5, 2019.

ရွေးကောက်ခံ အမေရိကန်သမ္မတ Donald Trump က Republican ပါတီ ဥက္ကဋ္ဌ Reince Priebus ကို အိမ်ဖြူတော် ဝန်ထမ်း အရာရှိချုပ်အဖြစ် ရွေးချယ် ခန့်အပ်လိုက်ပြီ ဖြစ်ပါတယ်။ အိမ်ဖြူတော် အရာရှိချုပ်ဟာ သမ္မတရဲ့ အုပ်ချုပ်ရေးအဖွဲ့ ရုံးကို ကြီးကြပ်ရသူ ဖြစ်ပါတယ်။

Reince Priebus ကို Trump အနေနဲ့ ဒီရာထူးကို ခန့်အပ်လိမ့်မယ်ဆိုတဲ့ ကြိုတင် ဟောကိန်းထုတ်မှုတွေ လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်း ထွက်ပေါ်နေခဲ့တာ ဖြစ်ပါတယ်။ သူ့လိုပဲ အိမ်ဖြူတော် အရာရှိချုပ်အဖြစ် ခန့်အပ်ခံရမယ်လို့ တစ်ပေးခံထားရသူ နောက်တဦးဖြစ်တဲ့ Trump ရဲ့ ရွေးကောက်ပွဲ Campaign မန်နေဂျာ Steve Bannon ကိုတော့ သမ္မတရဲ့ နိုင်ငံရေး အကြံပေးအဖြစ် တာဝန်ထမ်းဆောင်မယ့် ဗျူဟာမှူးချုပ်အဖြစ် ခန့်အပ်လိုက်ကြောင်း တနင်္ဂနွေနေ့မှာ ရွေးကောက်ခံသမ္မတ Donald Trump ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

Steve Bannon ကတော့ Breitbart သတင်းဌာန အယ်ဒီတာဖြစ်ပြီး အမေရိကန်နိုင်ငံက ပင်မ ကွန်ဆာဗေးတစ် ဝါဒကို ဆန့်ကျင်တဲ့ လက်ယာစွန်း အတွေးအခေါ်အပေါ် အခြေခံတဲ့ Alt Right အဖွဲ့ကို စတင် တည်ထောင်ခဲ့သူလည်း ဖြစ်ပါတယ်။

Trump အနေနဲ့ မူဝါဒချမှတ်ရေးဆိုင်ရာ ကိစ္စရပ်တွေမှာ အတွေ့အကြုံ လုံး၀ မရှိသူ ဖြစ်တဲ့အပြင် ဝါရှင်တန် ဒီစီမှာရှိတဲ့ နိုင်ငံရေး သြဇာတိက္ကမ ရှိသူတွေနဲ့ ထိတွေ့ ဆက်ဆံမှု မရှိဘူးတာတွေကြောင့် သမ္မတရဲ့ အုပ်ချုပ်ရေးအဖွဲ့ ရုံးကို ကြီးကြပ်ရတဲ့ အိမ်ဖြူတော် ဝန်ထမ်းအရာရှိချုပ်ရဲ့ ရာထူးဟာ သမ္မတ Trump လက်ထက်မှာ ပိုပြီး အရေးပါတဲ့ နေရာ ဖြစ်လာမယ်လို့ ခန့်မှန်း ပြောဆိုနေကြပါတယ်။

သမ္မတအတွက် အရေးအပါဆုံး ရာထူး ၂ ခုအတွက် ဒီ လူ ၂ ဦးကို ရွေးချယ်တာဟာ Trump အနေနဲ့ သူ့အပေါ် သစ္စာရှိသူ၊ လူယုံတွေကို ချီးမြောက်တဲ့သဘော သက်ရောက်ကြောင်း သတင်းမီဒီယာတွေမှာ ရေးသား ဖော်ပြကြပါတယ်။

သမ္မတသစ် Donald Trump ရဲ့ ကျမ်းသစ္စာကျိမ်ဆိုပွဲကို ဝါရှင်တန် ဒီစီမြို့မှာ ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂၀ ရက်နေ့ကျမှ ကျင်းပမှာ ဖြစ်ပေမယ့်လည်း ရွေးကောက် တင်မြောက်ခံထားရတဲ့ သမ္မတ အနေနဲ့ သူ့အစိုးရအဖွဲ့မှာ ပါဝင်မယ့် ဝန်ကြီးတွေနဲ့ အုပ်ချုပ်ရေးအဖွဲ့အတွက် အရေးပါတဲ့ တခြား ရာထူးတွေကို အဲဒီ မတိုင်ခင် ရွေးချယ်ရမှာဖြစ်တာကြောင့် Trump ရဲ့ သူ့အစိုးရအဖွဲ့ထဲမှာ ဘယ်သူတွေ ပါဝင်မယ်ဆိုတာကို မကြာခင် ရက်ပိုင်းအတွင်း သိရှိကြရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG