သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်ရွေးကောက်ပွဲမှာ ရုရှားပတ်သက်မှုစုံစမ်းဖို့ လွှတ်တော်ဆုံးဖြတ်


အမေရိကန် လွှတ်တော်
အမေရိကန် လွှတ်တော်

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Donald Trump အနိုင်ရအောင် Russia နိုင်ငံက ဝင်ရောက်စွက်ဖက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ပတ်သက်လို့ အမေရိကန် လွှတ်တော် ၂ ရပ်လုံးရဲ့ စုံစမ်းထောက်လှမ်းရေးကော်မတီတွေက စစ်ဆေးမှုတွေကို တနင်္လာနေ့မှာ စတင်လိုက်ပါတယ်။ ရွေးကောက်ခံသမ္မတ Donald Trump ကတော့ သူအနိုင်ရအောင် Republican နဲ့ Democratic ပါတီရဲ့ Email တွေကို Russia က ကြားဖောက်ခိုးယူခဲ့တယ်လို့ CIA ဗဟိုထောက်လှမ်းရေးအဖွဲ့က ကောက်ချက်ချခဲ့တာဟာ အဓိပ္ပါယ်မရှိဘူးလို့ တနင်္လာနေ့မှာလည်း ထပ်ပြောခဲ့ပါတယ်။

CIA ထောက်လှမ်းရေးအဖွဲ့ရဲ့ လုပ်ရပ်တွေကို လှောင်ပြောင်တဲ့အပြောမျိုး Mr. Trump ကပြောကြားခဲ့တာပါ။ Republican ပါတီရဲ့ထိပ်တန်းလွှတ်တော်အမတ်တွေဖြစ်ကြတဲ့ အထက်လွှတ်တော် အမတ်အများစုခေါင်းဆောင် Mitch McConnell နဲ့ အောက်လွှတ်တော် ဥက္ကဋ္ဌ Paul Ryan တို့ကတော့ လွှတ်တော်အသီးသီးရဲ့ စုံစမ်းထောက်လှမ်းရေးကော်မတီတွေမှာ ဒီကိစ္စအပေါ် စုံစမ်းမှုကို ထောက်ခံခဲ့ကြပါတယ်။

ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေကြီးမားတဲ့အတွက် လွှတ်တော်ရဲ့ စုံစမ်းမှုတွေဟာ ဖြစ်သင့်တယ်လို့ အိမ်ဖြူတော်ပြောခွင့်ရသူ Josh Earnest ကလည်း ပြောကြားခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ Russia ကဝင်ရောက် စွက်ဖက်တယ်လို့ CIA ကကောက်ချက်ချခဲ့တာဟာ ရွေးကောက်ခံသမ္မတ Trump အနိုင်ရမှုကို တရားမဝင်ဖြစ်အောင် ကြိုးစားမှုဖြစ်တယ်လို့ Donald Trump ရဲ့ပြောခွင့်ရသူ Jason Miller ကပြောဆိုပါတယ်။ Russia က Email တွေခိုးယူပြီး Trump ရွေးကောက်ပွဲအနိုင်ရအောင် လုပ်ခဲ့တယ်ဆိုတဲ့ပြောကြားချက်တွေအပေါ် ရွေးကောက်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့ Hillary Clinton ကတော့ တစုံတရာ ထုတ်ဖော်ပြောခြင်း မရှိသေးပါဘူး။

ဒါပေမယ့် သူ့ရဲ့ campaign မန်နေဂျာ John Podesta ကတော့ Russia ဖက်ကဝင်စွက်ခဲ့တယ်ဆိုတာနဲ့ပါတ်သက်တဲ့ အချက်အလက်အားလုံးကို လှို့ဝှက်အဆင့် လျှော့ချပြီး ထုတ်ပြန်ပေးဖို့ သမ္မတအိုဘားမားအစိုးရကို တနင်္လာနေ့က တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG