သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူတိုင်း ကျန်းမာရေးအာမခံရဖို့ ရည်မှန်းကြောင်း Donald Trump ပြော


အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump
အမေရိကန်ရွေးကောက်ခံသမ္မတ Donald Trump

အမေရိကန်သမ္မတ Barack Obama ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို အစားထိုးသွားမှာနဲ့ ပါတ်သတ်လို့ နောက်ဆုံးအနေနဲ့ အချောသတ်ပြင်ဆင်နေပြီး မကြာခင်မှာ ထုတ်ပြန်သွားဖို့ရှိတယ်လို့ ရွေးကောက်ခံသမ္မတ Donald Trump က ပြောလိုက်ပါတယ်။

တနင်္ဂနွေနေ့နှောင်းပိုင်း Washington Post က ထုတ်ပြန်လိုက်တဲ့ တွေ့ဆုံမေးမြန်းခန်းအတွင်း လူတိုင်း ကျန်းမာရေးအာမခံစနစ် ရရှိဖို့ဟာ သူ့ရည်မှန်းချက်ဖြစ်တယ်လို့ ပြောပေမယ့် အသေးစိတ်ကို ပြောဆိုဖို့ ငြင်းဆိုသွားပါတယ်။

ဆေးကုမ္ပဏီတွေအနေနဲ့ ဈေးလျှော့ရောင်းချဖို့ လူသိရှင်ကြားဖိအားပေးပြီး ကျန်းမာရေးကုသမှုစားရိတ်ကို လျှော့ချသွားချင်တယ်လို့တော့ Mr. Trump က ပြောပါတယ်။ Obamacare အိုဘာမားကျန်းမားရေးစောင့်ရှောက်မှုအစီအစဉ်လို့လည်း သိကြတဲ့ လူတိုင်းတတ်နိုင်တဲ့ ကျန်းမာရေးစောင့်ရှောက်မှု ဥပဒေကို ဖျက်သိမ်းဖို့ဟာ Mr. Trump အစိုးရအဖွဲ့အနေနဲ့ အဓိကကျတဲ့ အရင်ဦးဆုံးလုပ်ဆောင်မယ့် ကိစ္စရပ်ဖြစ်ပါတယ်။

ဒီမိုကရက်တွေ အင်အားကောင်းကောင်းနဲ့ ထိန်းချုပ်ခဲ့တဲ့ လွှတ်တော်ကနေ ၂၀၁၀ ခုနှစ်မှာ ဒီဥပဒေကို ပြဌာန်းခဲ့တာဖြစ်ပေမယ့် အခုအခါမှာတော့ Mr Trump သမ္မတဖြစ်လာတဲ့အပြင် အထက်နဲ့ အောက်လွှတ်တော် ၂ ရပ်လုံးကို ထိန်းချုပ်ခွင့်ရထားတဲ့ ရီပတ်ဗလစ်ကန်တွေက ဒီ Obamacare ဟာ အလုပ်မဖြစ်သလို ကုန်ကျစားရိတ်လည်း များလွန်းတာကြောင့် ဒီစနစ်ကို ပြုပြင်ပြောင်းလဲချင်နေကြတာပါ။

ဒီဥပဒေမပြဌာန်းခင်က ကျန်းမာရေးအာမခံမရှိခဲ့တဲ့ အမေရိကန် သန်း ၂၀ ကျော်အနေနဲ့ Obamacare ကြောင့် ကျန်းမာရေးစောင့်ရှောက်မှု ခံစားခွင့်နေပေမယ့် ဒီအစီအစဉ်ကို ဖျက်သိမ်းဖို့ လွန်ခဲ့တဲ့ သီတင်းပတ်အတွင်း ရီပတ်ဗလစ်ကန်တွေကြီးစိုးတဲ့ လွှတ်တော်က စတင်လုပ်ဆောင်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့်လည်း ဘယ်လိုစနစ်နဲ့ အစားထိုးသွားမလဲဆိုတာကို Republican တွေအနေနဲ့ ရှင်းရှင်းလင်းလင်း ပြောဆိုထားတာ မရှိပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG