သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီတိုက်ခိုက်မှု တရားခံသံသယရှိသူ ဗွီဒီယိုထွက်ပေါ်


တူရကီတိုက်ခိုက်မှု တရားခံသံသယရှိသူ
တူရကီတိုက်ခိုက်မှု တရားခံသံသယရှိသူ

တူရကီနိုင်ငံ Istanbul မြို့က နိုက်ကလပ်မှာ နှစ်သစ်ကူးနေ့က လူပေါင်း ၃၉ ယောက် သေဆုံးခဲ့တဲ့ တိုက်ခိုက်မှုအတွက် သံသယရှိသူ သေနတ်သမားလို့ဆိုတဲ့ ဗွီဒီယိုတခုကို တူရကီမီဒီယာတွေက ပြသခဲ့ပါတယ်။ ဗွီဒီယိုကိုတော့ Istanbul မြို့က Taksim ရင်ပြင်မှာ လမ်းလျှောက်နေရင်း၊ သူယူလာတဲ့ လက်ကိုင်ဖုန်းနဲ့ ရိုက်ကူးထားပုံရပါတယ်။

ဗွီဒီယိုထဲမှာတော့ ကင်မရာကို ကြည့်နေတဲ့ပုံတွေ တော်တော်များများ ပါဝင်ပေမဲ့ စကားပြောတာတော့ မတွေ့ရပါဘူး။ ဗွီဒီယိုကို ဘယ်အချိန်က ရိုက်ကူးထားသလဲ ဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။ တူရကီအာဏာပိုင်တွေကတော့ လုံခြုံရေးကင်မရာက မှတ်တမ်းတင်ထားတဲ့ သံသယရှိသူ သေနတ်သမားရဲ့ ခပ်ဝါးဝါးပုံတပုံကို အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး Istanbul မြို့က Ataturk လေဆိပ်မှာ နိုင်ငံခြားသား ၂ ယောက်ကို အာဏာပိုင်တွေ ဖမ်းဆီးခဲ့ကြောင်းလည်း တူရကီမီဒီယာတွေက အင်္ဂါနေ့မှာ ဖော်ပြခဲ့ကြပါတယ်။ ဒါပေမဲ့လည်း အသေးစိတ်ကို ဖော်ပြတာမျိုးတော့ မရှိပါဘူး။ တိုက်ခိုက်မှုနဲ့ ဆက်နွယ်ပြီး၊ လူ ၈ ဦးကို ထိန်းသိမ်းထားကြောင်းလည်း တူရကီ ဒုတိယဝန်ကြီးချုပ် Numan Kurtulmus က တနင်္လာနေ့ကပဲ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။ တနင်္ဂနွေနေ့ အစောပိုင်းက အီစတန်ဘူမြို့မှာရှိတဲ့ Reina နိုက်ကလပ် အပြင်မှာ ရဲတယောက်နဲ့ အရပ်သားတယောက်ကို ပစ်သတ်ပြီးနောက် သေနတ်သမားက အထဲကို ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။

တိုက်ခိုက်မှုဖြစ်ပွားချိန် နိုက်ကလပ်ထဲမှာ နိုင်ငံခြားသား အများအပြား အပါအဝင် လူ ၆၀၀ လောက် ရှိနေပြီး၊ တချို့ကတော့ အနီးအနားမှာရှိတဲ့ Bosporus ရေလက်ကြား ထဲ ခုန်ချ ထွက်ပြေးခဲ့ကြ ပါတယ်။ သေနတ်သမား ကတော့ နိုက်ကလပ်က ထွက်ပြေးကြတဲ့ လူအုပ်ထဲမှာရောပြီး လွတ်မြောက်သွားတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ တိုက်ခိုက်မှုကြောင့် နောက်ထပ် လူ ၇၀ လောက်လည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG