သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လွတ်လပ်ရေးနေ့ ကန်အစိုးရ သဝဏ်လွှာ


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ၂၀၁၆ မြန်မာပြည်ခရီးစဉ် သတင်းဓာတ်ပုံ။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry ၂၀၁၆ မြန်မာပြည်ခရီးစဉ် သတင်းဓာတ်ပုံ။

ဇန်နဝါရီလ ၄ ရက်နေ့မှာ ကျရောက်မယ့် (၆၉)နှစ်မြောက် မြန်မာ့လွတ်လပ်ရေးနေ့ အခါသမယမှာ မြန်မာပြည်သူတွေ ရွှင်လန်းချမ်းမြေ့ပါစေကြောင်း အမေရိကန် သမ္မတ Barack Obama နဲ့တကွ အမေရိကန်ပြည်သူတွေ ကိုယ်စား ဆုမွန်ကောင်း တောင်းပါကြောင်း နိုင်ငံခြားရေးဝန်ကြီး John Kerry က သောကြာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်း ၅၀ ကျော် အတွင်း ပထမဆုံး ဒီမိုကရေစီနည်းကျ အရွေးချယ်ခံရတဲ့ အရပ်သား အစိုးရ တက်လာတာမို့ ပြီးခဲ့တဲ့နှစ် ဟာ မြန်မာနိုင်ငံအတွက် သမိုင်းဝင်နှစ် တနှစ် ဖြစ်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့အောင်မြင်တဲ့ အမေရိကန် ခရီးစဉ်နဲ့ အတူ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွါးရေး ဒဏ်ခတ်မှုတွေကို သမ္မတ အိုဘားမား ရုတ်သိမ်းပေးခဲ့တာဟာ အမေရိကန်နဲ့ မြန်မာ ၂ နိုင်ငံကြား နွေးထွေးပြီး ရင်းနှီး ချစ်ကြည်တဲ့ ဆက်ဆံရေး ရှိလာတာရဲ့ သင်္ကေတဖြစ်ပါတယ်။

နောက်မကြာခင်မှာကျင်းပတဲ့ နေပြည်တော်တွေ့ဆုံပွဲကနေ မိတ်ဖက်အသစ် ဖြစ်လာတဲ့ အမေရိကန်- မြန်မာတို့ရဲ့ နှစ်အနည်းငယ်အတွင်း ၂ နိုင်ငံ ဆက်ဆံရေး အတိုင်းတာ ဘယ်လောက်ရှိလာတယ် ဆိုတာကို ပြခဲ့တယ်လို့လည်း ဖေါ်ပြထားပါတယ်။

အမေရိကန် ပြည်ထောင်စုဟာ မြန်မာနိုင်ငံ အောင်မြင်မှုရစေရေးအတွက် မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးရဖို့၊ စီးပွါးရေးနဲ့ လူမှုရေး တိုးတက်ဝပြောဖို့၊ လူ့အခွင့်ရေးလေးစားဖို့ လုပ်ဆောင်နေတဲ့ မြန်မာအစိုးရနဲ့ အဖွဲ့အစည်းအားလုံး နဲ့အတူ ဆက်ပြီး အနီးကပ်လက်တွဲ လုပ်ဆောင်မယ်လို့ သံဓိဌာန်ချထားပြီး လာမယ့်နှစ်မှာ မြန်မာနိုင်ငံသားအားလုံး ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ သာယာဝပြောစေဖို့ ဆုမွန်ကောင်း တောင်းလိုက်ကြောင်း လည်း ဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG