သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ဝင်ခွင့်ကန့်သတ်ရေး သမ္မတ Trump ရဲ့ အယူခံမှု တရားရုံးပယ်ချ


သမ္မတ Trump ရဲ့ ပြည်ဝင်ခွင့်ကန့်သတ်ရေး ဆန္ဒပြသူများ
သမ္မတ Trump ရဲ့ ပြည်ဝင်ခွင့်ကန့်သတ်ရေး ဆန္ဒပြသူများ

မွတ်ဆလင် အများစု နေထိုင်တဲ့ နိုင်ငံ ၇ နိုင်ငံက လူတွေ အမေရိကန် ပြည်ထောင်စု အတွင်း ဝင်ရောက်ခွင့် တားမြစ်တဲ့ အမေရိကန် သမ္မတ Donald Tump ရဲ့ အမိန့်ညွှန်ကြားချက် ပြန်အသက်ဝင်စေဖို့ အစိုးရရဲ့လျှောက်ထားချက်ကို ဖယ်ဒရယ်အယူခံတရားရုံးက ပယ်ချပါတယ်။

San Francisco က အမှတ် ၉ စီရင်စု အယူခံ တရားရုံးက အမေရိကန် ပြည်ထောင်စုအစိုးရနဲ့ ဝါရှင်တန် ပြည်နယ်တို့အနေနဲ့ တနင်္လာနေ့နေခင်းပိုင်းမှာ လျှောက်လွဲှချက်တွေ ထပ်တင်နိုင်တယ်လို့တော့ ခွင့်ပေးထားပါတယ်။

စနေနေ့ညပိုင်းကလုပ်တဲ့ အစိုးရရဲ့ရှင်းလင်းပွဲမှာတော့ နိုင်ငံတွင်းဝင်ရောက်ခွင့်နဲ့ပတ်သက်လို့ သမ္မတရဲ့လုပ်ပိုင်ခွင့်အာဏာကို တရားရေးပိုင်းကနေ လွှမ်းမိုးချုပ်ကိုင်လို့မရဘူးလို့ အစိုးရရဲ့ ယာယီလက်ထောက်ရှေ့နေချုပ် Noel Francisco က ပြောပါတယ်။

ပြည်ဝင်ခွင့် ကန့်သတ်တားမြစ်တဲ့ သမ္မတရဲ့ အမိန့်ညွှန်ကြားချက်ကို နိုင်ငံတော်တရားရုံးချုပ် တရားသူကြီး James Robert က တားမြစ်ပိတ်ပင်လိုက်တာကြောင့်၊ ဒီအမိန့်ကို ချက်ခြင်းပြန်အသက်ဝင်စေဖို့ အစိုးရဘက်ကနေ အယူခံတင်ခဲ့တာပါ။

အခုလို တရားသူကြီး James Robert ရဲ့ တားမြစ်ချက်အပေါ်၊ သမ္မတ Trump ကလည်း တရားသူကြီးကို ပြန်လည် ဝေဖန်ခဲ့ပါတယ်။ ဒီလိုတားဆီးဟာတာဟာ အလွန်ဆိုးရွားပြီး အန္တရာယ်ရှိတဲ့ လူတွေ နိုင်ငံတွင်း ဝင်ရောက်လာဖို့ ခွင့်ပြုလိုက်သလို ဖြစ်သွားတယ်လို့လည်း သတိပေးပြောဆိုပါတယ်။ သမ္မတ Trump က ဝါရှင်တန် ပြည်နယ်က အသက် ၆၉ နှစ် အရွယ် တရားသူကြီး James Robart ကို ရည်ညွှန်းပြီး ဝေဖန်ပြောဆိုတာ ဖြစ်ပါတယ်။

ကွန်ဆာဗေးတစ် တရားရေး အယူအဆရှိသူလို့ သိထားကြတဲ့ တရားသူကြီး James Robart ကတော့ သမ္မတဟောင်း Geroge W. Bush လက်ထက် ၂၀၀၄ ခုနှစ်က ပြည်ထောင်စု တရားသူကြီး အဖြစ် ခန့်အပ်ခံထားရသူ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG