သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂ ရက်တာကျန်တော့တဲ့ ကန် သမ္မတလောင်း မဲဆွယ်စည်းရုံးမှု


ဒီမိုကရက်တစ် သမ္မတလောင်းကလင်တန် ထောက်ခံသူများနှင့် ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်လ်ဒ် ထရမ့်ပ် ထောက်ခံသူများ
ဒီမိုကရက်တစ် သမ္မတလောင်းကလင်တန် ထောက်ခံသူများနှင့် ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်လ်ဒ် ထရမ့်ပ် ထောက်ခံသူများ

နိုဝင်ဘာလ ၈ ရက်နေ့ အင်္ဂါနေ့မှာ အမေရိကန်သမ္မတရွေးကောက်ပွဲ ကျင်းပမှာဖြစ်တဲ့အတွက် သမ္မတလောင်းတွေ မဲဆွယ်စည်း ရုံးဖို့ ဒီကနေ့ တနင်္ဂနွေနေ့နဲ့ မနက်ဖြန် တနင်္လာနေ့ နှစ်ရက်ပဲ ကျန်ပါတော့တယ်။ ဒီမိုကရက်သမ္မတလောင်း ဟီလာရီ ကလင်တန် နဲ့ ရီပတ်ဘလီကန်သမ္မတလောင်း ဒေါ်နယ်လ်ဒ် ထရမ့်ပ်တို့ဟာ သူတို့ထဲက ဘယ်သူ့ကိုမဲပေးမယ်ဆိုတာ အခုချိန်ထိ မဆုံးဖြတ်ရ သေးတဲ့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်စည်းရုံးဖို့ ကြိုးစားနေကြသလို သူတို့ကိုထောက်ခံသူတွေ အင်္ဂါနေ့မှာ တခဲနက် မဲသွားပေးကြ ဖို့လည်း တိုက်တွန်း ပြောဆိုနေပါတယ်။

ဒီကနေ့ အိုဟိုင်းယိုးပြည်နယ်၊ Cleveland မြို့မှာလုပ်မယ့် မဲဆွယ်စည်းရုံးပွဲမှာ Cleveland Cavaliers ဘက်စကက်ဘောအသင်း က နာမည်ကျော် ကစားသမား Lebron James က ကလင်တန်အတွက် ကူညီ မဲဆွယ်ပေးပါလိမ့်မယ်။ ကလင်တန်ဟာ ဒီကနေ့ မှာပဲ New Hampshire ပြည်နယ်မှာလည်း မဲဆွယ်စည်းရုံးပွဲလုပ်ပါမယ်။

Trump ကတော့ အစဉ်အလာအားဖြင့် ဒီမိုကရက်တွေကို ထောက်ခံမဲပေးခဲ့တဲ့ ပြည်နယ်တွေမှာ ဒီကနေ့ မဲဆွယ်စည်းရုံးပွဲတွေ လုပ်ဖို့ စီစဉ်ထားပါတယ်။ အိုင်အိုဝါ၊ မင်နီဆိုးတား၊ မီရှီဂန်၊ ပန်ဆယ်လ်ဗေးနီးယားနဲ့ ဗာဂျီးနီးယားပြည်နယ်တွေမှာ Trump က မဲဆွယ်ပွဲတွေလုပ်မှာပါ။ စနေနေ့က နီဗားဒါးပြည်နယ်၊ Reno မြို့မှာ Trump ရဲ့ မဲဆွယ်စည်းရုံးပွဲအတွင်း လူအုပ်ထဲကနေ တယောက်ယောက်က သေနတ် လို့ အော်လိုက်တဲ့အတွက် ခနတာ ရုတ်ရုတ်သည်းသည်းဖြစ်ပြီး အထူးလုံခြုံရေးတွေက Trump ကို အကာအကွယ်ပေးပြီးတော့ စင်မြင့်နောက်ကို ခေါ်သွားခဲ့ရပါသေးတယ်။ ဒါပေမဲ့ သံသယနဲ့ ထိန်းသိမ်းခံရသူမှာ ဘာလက်နက် မှမတွေ့သလို အနီးပတ်ဝန်းကျင်မှာလည်း မတွေ့ဘူးလို့ ရိုက်တာသတင်းဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG