သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တူရကီစစ်သား ၂ ဦး၊ IS အဖွဲ့ မီးရှို့သတ်ဖြတ်မှု အမေရိကန် ရှုတ်ချ


လုံခြုံရေး ယူထားတဲ့ တူရကီစစ်သားတွေ။ ( မတ် ၂၂၊ ၂၀၁၆)
လုံခြုံရေး ယူထားတဲ့ တူရကီစစ်သားတွေ။ ( မတ် ၂၂၊ ၂၀၁၆)

တူရကီစစ်သားနှစ်ယောက်ကို IS အစွန်းရောက်အဖွဲ့က သတ်လိုက်တယ် ဆိုတာအပေါ် အမေရိကန်ပြည်ထောင်စုက ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

အဖမ်းခံထားရတဲ့ တူရကီစစ်သား၂ယောက်ကို မီးရှို့သတ်လိုက်တယ်လို့ဆိုတဲ့ ရုပ်သံဖိုင်ကို ဆီးရီးယားမှာရှိတဲ့ IS အဖွဲ့က ကြာသပတေးနေ့မှာ ထုတ်ပြန်လိုက်ကြောင်း အမေရိကန်ခြေစိုက် အကဲခတ်အဖွဲ့တွေနဲ့ သတင်းမီဒီယာတွေက ပြောတာပါ။

တူရကီစစ်သား၂ယောက်ကို သံလှောင်အိမ်တခုထဲကနေ ခေါ်ထုတ်သွားပြီး သံကြိုးတွေနဲ့ချီ၊ အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခဲ့ တဲ့ စက်ဆုပ်ဖွယ် ရုပ်သံဖိုင်ကို ဆီးရီးယားနိုင်ငံ အလက်ပိုဒေသက IS အဖွဲ့က ထုတ်ပြန်လိုက်တာဖြစ်တဲ့အကြောင်း စစ်သွေးကြွ အဖွဲ့ကို အွန်လိုင်းမှာ စောင့်ကြည့်လေ့လာနေတဲ့ SITE Intelligence Group အဖွဲ့က ပြောပါတယ်။ ဗွီဒီယိုက ဘယ်လောက် မှန်တယ်ဆိုတာတော့ ရုတ်တရက် သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီကိစ္စ အတည်ဖြစ်တယ်ဆိုရင်တော့ ဒီလို လူမဆန်တဲ့လုပ်ရပ်မျိုးကို အမေရိကန် အပြင်းအထန် ပြစ်တင် ရှုတ်ချပါတယ်၊ ဒီအချက် က ISIL အဖွဲ့ကို လုံးဝနှိမ်နင်းပစ်ဖို့ ကျနော်တို့ ဘာ့ကြောင့် အခိုင်အမာလုပ်နေတယ်ဆိုတာ ခါးခါးသီးသီး သတိပေးလိုက်တာပါပဲ လို့ အမေရိကန်ကာကွယ်ရေးဌာန ပြောခွင့်ရ Peter Cook က ထုတ်ပြန်ချက်တခုမှာ ပြောထားပါတယ်။

၂၀၁၅ ခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း ဖမ်းမိထားတဲ့ ဂျော်ဒန် တိုက်လေယာဉ်မှူးကို လှောင်အိမ်ထဲမှာထားပြီး သေတဲ့အထိ မီးရှို့သတ်ခဲ့တာကို ရိုက်ယူထားတဲ့ ဗွီဒီယိုကို IS အဖွဲ့က ထုတ်ခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG