သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Republican ထိန်းချုပ်တဲ့ ခေတ်သစ် အမေရိကန်မှာစတင်


Republican အများစုလွှမ်းမိုးထားတဲ့ အမေရိကန် အောက်လွှတ်တော်က လက်ရှိဥက္ကဋ္ဌ Paul Ryan ကို လွှတ်တော်သစ်ရဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ပေးဖို့ ပြန်လည် ရွေးချယ်ခဲ့ကြပါတယ်။ လွှတ်တော်သစ်တွေ စတင်မယ့် ဇန်နဝါရီလကျရင် ဒီရွေးချယ်မှုကို လွှတ်တော်က အတည်ပြုရမှာ ဖြစ်ပါတယ်။

သမ္မတရွေးကောက်ပွဲ မဲဆွယ်စဉ်အတွင်း အခုရွေးကောက်ခံသမ္မတ Donald Trump နဲ့ ပတ်သက်လို့ Republican ပါတီအတွင်း သဘောထားကွဲမှုတွေ ရှိခဲ့ပေမဲ့ အောက်လွှတ်တော်ဥက္ကဋ္ဌအဖြစ် Paul Ryan ကို ပြန်လည်ခန့်အပ်ဖို့ တညီတညွတ်ထဲ ရွေးချယ်ခဲ့ကြတာ ဖြစ်ပါတယ်။ အင်္ဂါနေ့အစောပိုင်းကတော့ ရွေးကောက်ခံ အောက်လွှတ်တော်ကိုယ်စားလှယ်သစ်တွေကို ဥက္ကဋ္ဌ Ryan က လွှတ်တော်အဆောက်အဦးမှာ ကြိုဆိုခဲ့ပါတယ်။

စည်းလုံးညီညွတ်တဲ့ Republican အစိုးရရဲ့ အာရုံဦးကနေ ကြိုဆိုပါတယ်လို့ အောက်လွှတ်တော် ဥက္ကဋ္ဌက ပြောကြား ကြိုဆိုခဲ့တာပါ။ ညီညွတ်တဲ့ Republican လွှတ်တော်နဲ့ Trump အစိုးရကြား သဘောထားအမြင်တွေ အတူတူပဲဖြစ်တယ်လို့လည်း သတင်းစာရှင်းလင်းပွဲမှာ အောက်လွှတ်တော်ဥက္ကဋ္ဌ Paul Ryan က ပြောကြားသွားပါတယ်။ ရွေးကောက်ပွဲမှာ အထက်လွှတ်တော်ရော၊ အောက်လွှတ်တော်မှာပါ Republican ပါတီက အမတ်နေရာ အများစုနဲ့ အနိုင်ရထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG