သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သင်္ဘောကိုပစ်ဖို့ မြောက်ကိုရီးယားခြိမ်းခြောက်


အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinson
အမေရိကန်လေယာဉ်တင်သင်္ဘော USS Carl Vinson

မြောက်ကိုရီးယားရဲ့ စစ်အင်အားကို ပြသတဲ့အနေနဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော ကို ပစ်ခတ် နှစ်မြုှပ်ပစ်မယ်လို့ မြောက်ကိုရီးယား အစိုးရက တနင်္ဂနွေနေ့မှာ ပြောကြား လိုက်ပါတယ်။ ဂျပန်စစ်သင်္ဘော ၂ စင်းနဲ့ အမေရိကန် တိုက်ခိုက်ရေး ရေတပ်အုပ်စုတွေ ပစိဖိတ် သမုဒ္ဒယာ အနောက်ဖက်ပိုင်းမှာ စစ်စရေး လေ့ကျင့်မှုတွေ ပြုလုပ်နေတဲ့အချိန်မှာ အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားက နျူကလီးယားနဲ့ ဒုံးကျည် စမ်းသပ် ပစ်လွတ်မှုတွေ ပြုလုပ်နေတာ အပြင် အမေရိကန်ပြည်ထောင်စုနဲ့ အာရှတိုက်အတွင်းက အမေရိကန် မဟာမိတ်တွေကို တိုက်ခိုက်မယ်လို့ မြောက်ကိုရီးယားက ခြိမ်းချောက်မှု ပြုလာတာတွေကို တုန့်ပြန်တဲ့ အနေနဲ့ သမ္မတ Donald Trump က အမေရိကန် တိုက်ခိုက်ရေး ရေတပ်အုပ်စု Carl Vinson ကို ကိုရီးယားကျွန်းစွယ် အနီးကို စေလွတ်ထားပါတယ်။

ကိုရီးယားကျွန်းဆွယ် အနီးကို အဲဒီ ရေတပ် တိုက်ခိုက်ရေးအုပ်စု ချဉ်းကပ်လာနေပေမယ့် ဘယ်နေရာမှာ ရှိနေတယ်ဆိုတာကို အမေရိကန်က ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။ အဲဒီ တိုက်ခိုက်ရေး ရေတပ် အုပ်စုဟာ ရက်ပိုင်းအတွင်း ဒီဒေသကို ရောက်လာမှာ ဖြစ်ကြောင်း အမေရိကန် ဒုသမ္မတ Mike Pence က စနေနေ့မှာ ပြောကြားခဲ့ပေမယ့် တခြား အသေးစိတ်ကိုတော့ ထုတ်ဖော် ပြောဆိုခြင်း မရှိပါဘူး။

မြောက်ကိုရီးယားကတော့ အာခံနေဆဲ ဖြစ်ပါတယ်။ သူတို့ရဲ့ တော်လှန်ရေး တပ်ဖွဲ့ဟာ အမေရိကန်ရဲ့ နျူကလီးယား အင်အားသုံး လေယာဉ်တင် သင်္ဘောကို တချက်ထဲနဲ့ နစ်မြုပ်သွားအောင် တိုက်ခိုက်ဖို့အတွက် အဆင်သင့်ရှိနေကြောင်း မြောက်ကိုရီးယား အစိုးရပိုင် Rodong Sinmun သတင်းစာမှာ ဖော်ပြထားပါတယ်။

လာမယ့် အင်္ဂါနေ့ဟာ မြောက်ကိုရီးယားနိုင်ငံရဲ့ ပြည်သူ့တပ်မတော် တည်ထောင်ခြင်း ၈၅ နှစ်ပြည့် အထိမ်းအမှတ်နေ့ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG