သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး အကူအညီပေးမှု ဦးတည်ဆွေးနွေးခဲ့


နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ စီးပွားရေးရာဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းကို ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်း
နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ စီးပွားရေးရာဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းကို ဒေါ်ခင်စိုးဝင်းက တွေ့ဆုံမေးမြန်း

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်း လုံခြုံရေးတပ်ဖွဲ့တွေက လက်နက်ကိုင်အကြမ်းဖက်သမားတွေကို ဖေါ်ထုတ်ဖမ်းဆီးရာမှာ လူ့အခွင့်အရေးချိုးဖေါက်မှုတွေရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် သက်သေအထောက်အထားအခိုင်အမာနဲ့ တင်ပြနိုင်ရင် မြန်မာအစိုးရက ပူးပေါင်းကိုင်တွယ် သွားမယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန၊ အကြီးတန်းတာဝန်ရှိသူတဦးကပြောဆိုလိုက်ပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်လည်းဖြစ်၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အာစီယံနိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ကြားပြီး ရခိုင်အရေးနဲပတ်သက်တဲ့ အလွတ်သဘောဆွေးနွေးပွဲတရပ် ဒီကနေ့ကျင်းပခဲ့ပါတယ်။ ဒီကနေ့ဆွေးနွေးပွဲနဲ့ပတ်သက်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများနဲ့ စီးပွားရေးရာဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းကို ဒေါ်ခင်စိုးဝင်းက သီးသန့်တွေ့ဆုံမေးမြန်းထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီဆွေးနွေးပွဲမတိုင်ခင်ပေါ့နော်မလေးရှားနိုင်ငံ ဝန်ကြီးချုပ် ကနေပြီးတော့ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာလို့ခေါ်တဲ့ လူနည်းစုတွေပေါ့လေ၊ အဲဒီလူနည်းစုတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက ဖိနှိပ်ချုပ်ချယ်တာတွေ များတယ်၊ နောက်လူမျိုးတုံးသတ်ဖြတ်မှုတွေ လုပ်နေတယ်ဆိုပြီးတော့ မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင်ဦးဆောင်ပြီးတော့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီတော့ ဒီကနေ့ဆွေးနွေးပွဲမှာရောမလေးရှားကလာတဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ရော ဘာတွေများထပ်ပြောပါသလဲရှင့်။

ဦးကျော်မိုးထွန်း။ ။ ဟုတ်ကဲ့။ ကျနော်တို့ ခုနပြောသလို နာမည်လေးနဲ့ ပတ်သက်လို့ပါ။ ကျနော်တို့အခု ဒီပြဿနာကို ဖြေရှင်းတဲ့အခါမှာ နာမည်ကိုကအစ ကျနော်တို့ အငြင်းပွားစရာ ဖြစ်နေတဲ့အတွက်ကြောင့် ကျနော်တို့ တတ်နိုင်သမျှ ကျနော်တို့ ဒီလိုအငြင်းပွားဖွယ်ဖြစ်တဲ့ နာမည်ကို တတ်နိုင်သမျှ မသုံးပဲနဲ့ ဒီပြဿနာကို အဓိက အစိုးရအနေနဲ့ ဘယ်လိုဆောင်ရွက်မလဲဆိုတာကို ကျနော်တို့ အဓိက ဆောင်ရွက်နေတယ်ဆိုတာလည်း ဦးစွာ ပြောပါရစေ။ နောက်တချက်ကတော့ ဒီအစည်းအဝေးမှာ မလေးရှား နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဆွေးနွေးပြောကြားတာလေးရှိပါတယ်။ ရခိုင်မှာဖြစ်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ သူစိုးရိမ်မှုလေးတွေရှိတယ်ဆိုတာလည်း သူထုတ်ဖော်ပြောကြားသွားပါတယ်။ဒီကိစ္စဟာ နိုင်ငံတနိုင်ငံ တည်းကပဲ ဖြေရှင်းရတာမဟုတ်ပဲနဲ့ Region အနေနဲ့ ဖြေရှင်းရမယ်ဆိုတာလေးပြောတာမျိုးလေးတွေရှိပါတယ်။ ဆိုတော့ ၁ နိုင်ငံရဲ့အမြင်ကို အခြားနိုင်ငံတွေက share လုပ်ပြီးတော့ အစည်းအဝေးမှာတော့ ပြောကြားခဲ့ခြင်းမရှိပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။အာဆီယံရဲ့မူဖြစ်တဲ့ Non- Interference ပေါ့နော် တခြားနိုင်ငံရဲ့ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက် ဘူးဆိုတဲ့ မူကိုသွေဖီပြီးတော့ မလေးရှားကနေပြီးတော့ ဒါ Regional ဒေသတွင်း ပြဿနာအဖြစ် ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မူမကင်းတဲ့ အကြောင်းကိုပြောတာပေါ့နော်။

ဦးကျော်မိုးထွန်း။ ။ ဟုတ်ကဲ့အဲဒါကို တချို့အဖွဲ့ဝင်နိုင်ငံတွေကတော့ ဒါပြည်တွင်းရေးကိစ္စဆိုတဲ့ဟာကို တချို့အဖွဲ့ဝင်တွေကလည်း သေသေချာချာထောက်ပြပြောသွားတာလေးတွေ ရှိပါတယ်ခင်ဗျ။ ဒါကြောင့်မို့လို့ တယောက်နဲ့ တယောက်အမြင်မတူဘူးဆိုတာလေးလည်းပြောပါ၇စေ။

ဒေါ်ခင်စိုးဝင်း ။ ။ဥပမာ ဘရူနိုင်တို့၊ အင်ဒိုနီးရှားနိုင်ငံတို့ကတော့ ဒီကိစ္စဟာ ဘာသာရေး လူမျိုးရေး ပဋိပက္ခ မဟုတ်ပဲနဲ့ ဒါလူသားချင်းစာနာမှုအကူအညီတွေပေးဖို့အတွက်ကို ပိုပြီးတော့ ဇောင်းပေးပြီးပြောသွားတာ ကြားရပါတယ်။ အဲဒီတော့ အင်ဒိုနီးရှားနိုင်ငံရဲ့ အခန်းကဏ္ဍပေါ့လေ အဲဒါနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လိုယူဆပါသလဲရှင့်။

ဦးကျော်မိုးထွန်း။ ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်စားကတော့ ကျနော့်အနေနဲ့ ပြောဖို့ခက်ပါတယ်ပေါ့နော်။ ကျနော့်အမြင်ပြောရရင်တော့ ဒီအစည်းအဝေးမှာ ခုနပြောသလိုပါပဲ ဒီဟာက ဘာသာရေးကိစ္စမဟုတ်ပဲနဲ့ ဒါလူသားချင်းစာနာမှုအကူအညီတွေ ပေးရေးရှု့ထောင့်ကနေ ဖြေရှင်းဖို့ဆိုတာမျိုးနဲ့ အင်ဒီနီးရှားက ဆွေးနွေးသွားတာမျိုးလေးရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ရခိုင်ဒေသ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုအကူအညီတွေများ ကမ်းလှမ်းထားတာရှိပါသလဲရှင့် အာဆီယံမှာ။

ဦးကျော်မိုးထွန်း။ ။ ခုနကပြောသလိုပေါ့ ဒီအဖွဲ့ဝင်နိုင်င့တွေမှာ အချို့အဖွဲ့ဝင် နိုင်ငံတွေက ရခိုင်ဒေသ ဖွံ့ဖြိုးရေးအတွက် Bilateral ကူညီတာတွေလည်း အများကြီးရှိပါတယ်။ ခုနကပြောသလို လူသားချင်းစာနာမှုအကူအညီတွေပေးတာမျိုးလေးတွေလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ခုနက ဒီအစည်းအဝေးမှာက ဒီလိုမျိုး ဘယ်ကဏ္ဍမှာ ဘယ်လိုဆွေးနွေးမယ် ကူညီမယ်ဆိုတာ အသေးစိတ်တော့ မဟုတ်ပါဘူး။ ဒီ challenges ဖြစ်နေတဲ့ဟာတွေ ကို ဘယ်လို address လုပ်ကြမလဲဆိုတာ ဆွေးနွေးကြတာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ Genocide ဆိုတဲ့လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စကားအဆင့်အထိတော့ မရှိဘူးဆိုတာတော့ အားလုံးသေချာတယ်။ ဒါပေမယ့် တစုံတခုသော အတိုင်းအတာအထိပေါ့နော် လူ့အခွင့်အရေးချိုးဖောက်မှုတွေက ရှိကောင်းရှိနိုင်တယ် ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဘက်က လူတွေလည်း အသတ်ခံထားရတယ်၊ ဒီလိုမျိုး ကိုယ့်အိမ်ကို မီးရှို့တဲ့အဖြစ်တွေလည်း ရှိတယ်ပေါ့နော်၊ အဲလိုစွပ်စွဲတာတွေလည်းအများကြီးရှိတာပေါ့နော်။ ဒါပေမယ့်လို့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အလွန်အကျွံအင်အားသုံးတာတွေလည်း ရှိကောင်းရှိနိုင်ခဲ့တယ်ပေါ့နော် အဲလိုမျိုးဟာတွေကိုလည်း ထဲထဲဝင်ဝင်သိနိုင်ဖို့ တပ်မတော်ဘက်ကရော ပူးပေါင်းဆောင်ရွက်မှုတွေရှိပါသလားရှင့်။

ဦးကျော်မိုးထွန်း။ ။ ကျနော်တို့အခု စုံစမ်းရေးကော်မရှင် ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့

စုံစမ်းရေးကော်မရှင် ဖွဲ့တယ်ဆိုတာကလည်း ဒါကြောင့်ဖွဲ့ထားတာဖြစ်ပါတယ်ခင်ဗျ။ ဒါကြောင့်ဖွဲ့ထားတဲ့ အောက်တိုဘာ ၉ ရက်နေ့မှာ ဖြစ်တဲ့ ဖြစ်စဉ်၊ အပါအဝင် နောက်ဆက်တွဲဖြစ်တဲ့ ဖြစ်စဉ်တွေ နောက်ဆက်တွဲလုပ်တဲ့ ရှင်းလင်းရေးဖြစ်စဉ်တွေမှာ ဒီစွပ်စွဲချက်တွေကို ပြန်ပြီးတော့ စုံစမ်းစစ်ဆေးဖို့အတွက် ဖွဲ့ထားတဲ့ အတွက်ကြောင့် ဒီလိုကိစ္စတွေမှာ ခုနကပြောသလို composition မှာလည်း ဘယ်လူတွေပါသလဲဆိုတာကို ဆရာမသိပြီးတဲ့အတွက်ကြောင့် တပ်မတော်အနေနဲ့လည်း အများကြီးပူးပေါင်းဆောင်ရွက်တဲ့ဟာမျိုး ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စမှာ ဒုသမ္မတ (၁)ဦးမြင့်ဆွေ ဦးဆောင်တဲ့စုံစမ်းရေးကော်မရှင်ကနေပြီးတော့ စုံစမ်းစစ်ဆေးရလဒ်ကို ကျနော်တို့ စောင့်မျှော်ကြည့်နေပါတယ်ခင်ဗျ။

ဒေါ်ခင်စိုးဝင်း ။ ။ဟုတ်ကဲ့ ကျေးဇူးအများကြီးတင်ပါတယ်။

ဦးကျော်မိုးထွန်း။ ။ ဟုတ်ကဲ့ပါ။

တိုက်ရိုက် လင့်ခ်
အာဆီယံအစည်းအဝေးအပေါ် တွေ့ဆုံမေးမြန်းခန်း
please wait

No media source currently available

0:00 0:04:02 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG