သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀ နဲ့ မိုင်းလားအဖွဲ့တွေ ဒေါ်စုနဲ့တွေ့မည်


ဇွန်လ ၁၇ ရက်နေ့တွင် ဝ ကိုယ်စားလှယ်အဖွဲ့၊ မိုင်းလားကိုယ်စားလှယ်အဖွဲ့တို့နဲ့
ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အတွက် ဆွေးနွေး(Khin Zaw Oo Facebook)
ဇွန်လ ၁၇ ရက်နေ့တွင် ဝ ကိုယ်စားလှယ်အဖွဲ့၊ မိုင်းလားကိုယ်စားလှယ်အဖွဲ့တို့နဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အတွက် ဆွေးနွေး(Khin Zaw Oo Facebook)

တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး စာချုပ်မှာ လက်မှတ်မထိုးသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေထဲက ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်နဲ့ မိုင်းလား အဖွဲ့တို့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။ ဒါ့အပြင် အပစ်မရပ်နိုင်သေးတဲ့ လက်နက်ကိုင် အဖွဲ့ သုံးခုနဲ့လည်း ဆွေးနွေးဖို့ ကမ်းလှမ်း ဆောင်ရွက်နေတယ်လို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ညီလာခံ အကြိုပြင်ဆင်ရေး ကော်မတီက ပြောပါတယ်။ မသိင်္ဂ ီထိုက်က ဆက်သွယ်မေးမြန်းထားပါတယ်။

တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေက အင်အားတောင့်တင်းတဲ့ UWSA ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော်နဲ့ NDAA မိုင်းလားအဖွဲ့တို့က ကိုယ်စားလှယ်တွေနဲ့မြန်မာ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီတို့ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက်မှာတော့ ဒီလက်နက်ကိုင် အဖွဲ့အစည်းတွေက နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ သဘောတူလိုက်ပါတယ်။ ဆွေးနွေးပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူ အစိုးရရဲ့ ကော်မတီ အဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦးကို ဆက်သွယ်မေးမြန်းတာမှာတော့ သူက အခုလို ပြောပါတယ်။

“ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး။ ။ ရက်ကတော့ သူတို့အဆင်ပြေတဲ့ရက်ဖြစ်မှာပါ။ ရက်ကတော့ သူတို့ထပ်ပြောမယ်လို့ပြောပါတယ်။ တွေ့တာတော့ ဒေါ်စုနဲ့တွေ့မှာပေါ့။

မေး။ ။ သူတို့ဘက်က လိုလားမှု ဘယ်လောက်ရှိပါသလဲရှင့်။

ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး။ ။ ကောင်းပါတယ်ခင်ဗျ။

မေး။ ။ တွေ့ဖို့ပဲကျန်တော့သလား တွေ့ဖို့အတွက် ထပ်ပြီးဆွေးနွေးစရာများ ကျန်နေသေးသလား ဆရာ။

ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး။ ။ တွေ့ဖို့ကတော့ သာမန်အားဖြင့်တော့ မကျန်တော့ပါဘူး။ ခရီးစဉ်တွေက သူတို့တကယ်လို့လာတယ်ဆိုရင် ခရီးစဉ်ကတော့ ညှိတာတော့ ညှိရမယ်ထင်တယ်လေ။

မေး။ ။ ဒီ ၀ ၊ မိုင်းလားအပြင် တခြား အပစ်မရပ်သေးတဲ့အဖွဲ့တွေနဲ့ရော ဒီလိုတွေ့ဆုံပွဲမျိုး၊ ဆွေးနွေးပွဲမျိုး လုပ်ဖို့ကျန်ပါသေးသလားရှင့်။

ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ဇော်ဦး။ ။ ကျနော်တို့ ဆက်သွယ်ဆောင်ရွက်နေပါတယ်ခင်ဗျ။ ကျန်တာကတော့ ဒီ ၃ ဖွဲ့ပဲ ကျန်တာပေါ့နော်။ AA တို့ TNLA တို့ MNDAA တို့ ၃ ဖွဲ့ ကျန်တာပေါ့နော်။ သူတို့နဲ့ ဆက်သွယ်ဆောင်ရွက်နေပါတယ်။”

ပြီးခဲ့တဲ့ သောကြာနေ့က နှစ်ဘက် တွေ့ဆုံဆွေးနွေးပွဲမှာတော့ မြန်မာ အစိုးရရဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ ဥက္ကဌ စေ့စပ်ညှိနှိုင်းရေး တာဝန်ခံ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်ပြီး ဒုတိယ ဗိုလ်ချုပ်ကြီးဟောင်း ခင်ဇော်ဦး၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ရုံးက ဦးမိုးဇော်ဦးတို့ ပါဝင်ခဲ့ပါတယ်။

၀ ပြည်သွေးစည်းညီညွတ်ရေး တပ်ဘက်ကတော့ ပြင်ပ ဆက်ဆံရေး ဌာနမှူးကြီးဦးကျောက်ကော်အန်း ဦးဆောင်ပြီး NDAA -မိုင်းလား အဖွဲ့ဘက်မှာတော့ ဥက္ကဌ ဦးစိုင်းလင်းတို့ ဦးဆောင်ခဲ့ကြတာပါ။ UWSA ကတော့ အရင် မြန်မာ စစ်အစိုးရနဲ့ အပစ်ရပ် စာချုပ်ရှိထားပြီး ဖြစ်တာကို အကြောင်းပြပြီးအရင် သမ္မတ ဦးသိန်းစိန် လက်ထက်က တနိုင်ငံလုံး အပစ်ရပ် စာချုပ် NCA မှာ ပါဝင်ဖို့ ပယ်ချထားတာပါ။ ဗမာပြည် ကွန်မြူနစ်ပါတီကနေ ခွဲထွက်လာတဲ့NDAA မိုင်းလား အဖွဲ့ကလည်း တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် NCA မှာတော့ မပါဝင်ခဲ့ပါ့ဘူး။ အခု အစိုးရသစ် လက်ထက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာတော့ ပါဝင်သင့် ပါဝင်ထိုက်သူတွေ အားလုံး ပါဝင်နိုင်ရေးဆိုတဲ့ မူဝါဒ ချမှတ်ထားပြီး NCA ကို လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ ဆွေးနွေးမှာ ဖြစ်သလို တဖက်မှာလည်း NCA မှာ လက်မှတ် မရေးထိုးရသေးတဲ့ အဖွဲ့တွေနဲ့လည်း ဆွေးနွေးနိုင်ဖို့ ညှိနှိုင်းနေတာ ဖြစ်ပါတယ်။ တပ်မတော်ဘက်က လက်သင့်ခံဖို့ ငြင်းဆန်ထားတဲ့ ရခိုင်လက်နက်ကိုင်တပ် - AA၊ ဖုန်ကြားရှင်ရဲ့ကိုးကန့် လက်နက်ကိုင်တပ် MNDAA နဲ့ ပလောင်လက်နက်ကိုင်တပ် - TNLA တို့နဲ့လည်း ဆွေးနွေးဖို့ အစိုးရရဲ့ ကော်မတီက ကမ်းလှမ်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG