သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိမ်ဖြူတော် ပြန်ကြားရေး အကြီးအကဲ ရာထူးက နုတ်ထွက်


မှတ်တမ်းပုံ - အိမ်ဖြူတော် ပြန်ကြားရေး အကြီးအကဲ Mike Dubke။ ဧပြီလ ၂၀ ရက် ၂၀၁၇။
မှတ်တမ်းပုံ - အိမ်ဖြူတော် ပြန်ကြားရေး အကြီးအကဲ Mike Dubke။ ဧပြီလ ၂၀ ရက် ၂၀၁၇။

အိမ်ဖြူတော် ပြန်ကြားရေး အကြီးအကဲ Mike Dubke တာဝန်ကနေ နုတ်ထွက်သွားပါပြီ။ သမ္မတ Donald Trump ရဲ့ အနီးကပ် အကြံပေးတွေနဲ့ ရုရှားကြား အဆက်အသွယ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ အပေါ် အိမ်ဖြူတော်ရဲ့တုံ့ပြန်မှုကို ထိန်းချုပ်ဖို့ သမ္မတက ကြိုးစားနေတာနဲ့ အတူ သမ္မတ Trump ရဲ့အကြီးတန်း အရာရှိတချို့ ကြား ရှိလာနိုင်တဲ့ အပြောင်းအလဲ တွေရဲ့အစလို့ မြင်နိုင်ပါတယ်။

Republican အတိုင်ပင်ခံ တယောက်ဖြစ်တဲ့ Mike Dubke ဟာ အိမ်ဖြူတော် ပြန်ကြားရေး ညွှန်ကြားရေးမှူး တာဝန်ယူပြီး ၃ လအကြာမှာပဲ ရာထူးကနေ နုတ်ထွက်ခဲ့တာပါ။ Mr. Dubke ဟာလွန်ခဲ့တဲ့ သီတင်း ၂ ပတ်ထဲက ထွက်စာ တင်ထားခဲ့တာ ဖြစ်ပြီး သမ္မတရဲ့ပထမဆုံး နိုင်ငံခြားခရီး ဖြစ်တဲ့ ဥရောပနဲ့ အရှေ့အလယ်ပိုင်း ဒေသခရီးစဉ်တွေ ပြီးတဲ့အထိ တာဝန်ဆက် ထမ်းပေးမယ်ဆိုတဲ့ ကမ်းလှမ်းချက်ကို သမ္မတ Trump လက်ခံခဲ့တာ ဖြစ်ပါတယ်။

သူ့နေရာမှာ အစားထိုးမယ့်သူ ရှိလာတဲ့အထိ Mike Dubke က အိမ်ဖြူတော် ပြန်ကြားရေး ညွှန်ကြားရေးမှူး တာဝန်ကို ယူထားမှာ ဖြစ်တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။ Trump အစိုးရအပေါ် အမေရိကန် မဲဆန္ဒရှင်တွေရဲ့ အမြင် ပိုပြီး ကောင်းမွန်စေဖို့ ရည်ရွယ်ချက်နဲ့ အိမ်ဖြူတော် ထိပ်ပိုင်းတာဝန် တချို့အပြောင်းအလဲလုပ်ဖို့ သမ္မတ Trump က စဉ်းစားနေတယ်လို့ အမေရိကန် သတင်းမီဒီယာတွေက သတင်းထုတ်ပြန် နေကြပါတယ်။

ဒါပေမဲ့ ခုထိတော့ အိမ်ဖြူတော် ဝန်ထမ်း နောက်ထပ် အပြောင်းအလဲကို ကြေညာခြင်း မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်


XS
SM
MD
LG