သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလကိုယ်စားလှယ်ရဲ့ ကချင်ခရီးစဉ် အဆင်မပြေ


မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး YangHee Lee က ဒီကနေ့သူ့ရဲ့ ကချင် ခရီးစဉ်အတွင်း တာဝန်ရှိသူတွေဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့် အဆင်မပြေဘူးလို့ ဗွီအိုအေကိုပြောပါတယ်။

“ပြည်နယ်အစိုးရရော ပြည်ထောင်စုအစိုးရဆီကပါ ပူးပေါင်းဆောင်ရွက်မှု မရပါဘူး။ သွားဖို့ပန်ကြားထားတဲ့ နေရာတွေကို သွားခွင့်မရပါဘူး။ ဒါဟာ ကျမကိုပေးအပ်ထားတဲ့ လုပ်ပိုင်ခွင့်ကို ထိခိုက်စေပါတယ်။ ကျမရဲ့လုပ်ပိုင်ခွင့်က လူ့အခွင့်အရေးချိုး ဖောက်မှုနဲ့ မတရားလုပ်မှုတွေကို စောင့်ကြည့်လေ့လာဖို့ပါ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ မတရားလုပ်မှုတွေ ဆိုးဆိုးရွားရွား ရှိနေတဲ့ဒေသတွေဆီ ကျမကို သူတို့သွားခွင့်မပြုပါဘူး။” လို့ မြစ်ကြီးနားမှာရောက်နေတဲ့ Yang Hee Lee က မကြာသေးခင် အချိန်ပိုင်းကပဲ ဗွီအိုအေကိုပြောတာပါ။

သူဟာ တနင်္ဂနွေနေ့ညက မြန်မာနိုင်ငံကိုရောက်လာပြီးတဲ့နောက် ဒီကနေ့ ကချင်ပြည် နယ်ဘက်ကို ခရီးဆက်တာဖြစ်ပါတယ်။

ကချင်ပြည်နယ်က မြစ်ကြီးနား၊ဖားကန့်နဲ့ လိုင်ဇာမြို့တွေကိုသွားမယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေး မဟာမင်းကြီးရုံးက ခရီးစဉ်မတိုင်ခင် ထုတ်ပြန်ချက်တခုထဲမှာ ဖော်ပြထားပါတယ်။ ပဋိပက္ခဖြစ်ထားတဲ့ဒေသ တွေကို မစ္စ Yanghee Lee သွားရောက်တဲ့အခါ လုံခြုံရေးအတွက် အစိုးရက တာဝန်ယူ ဆောင်ရွက်ပေးမယ်လို့ သမ္မတရုံးဝန်ကြီး ဌာနပြောခွင့်ရ ဦးဇော်ဌေးကပြောတာကို ရိုက်တာသတင်းတပုဒ်မှာ ကိုးကားဖော်ပြထားပါတယ်။

XS
SM
MD
LG