သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလ လူ့အခွင့်အရေးကိုယ်စားလှယ် ထပ်မံလာရောက်မည်


မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်
မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေးကိုယ်စားလှယ်

မြန်မာနိုင်ငံ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စ Yanghee Lee ဟာ ဇန်နဝါရီလ ၉ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ မြန်မာနိုင်ငံကို လာရောက်မယ့်အကြောင်း ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးရုံးက ဗွီအိုအေကို အတည်ပြု ပြောထားပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ရန်ကုန် ကုလသမဂ္ဂ သတင်း ပြန်ကြားရေးအရာရှိ ဦးအေးဝင်းကတော့ ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်ပြောလို့ရတာကတော့ ၁ နှစ်ကို ၂ ခေါက်လာတယ်လို့ပြောလို့ရပါတယ်။ နောက်ပြီးတော့ လူ့အခွင့်အရေးကောင်စီက မတ်လမှာထိုင်တယ်လေ၊ အဲဒီကောင်စီကို အစီရင်ခံရမယ် ဆိုတော့ အဲဒီအစီအရင်ခံစာကို ရေးဖို့က ဒီအချက်အလက်စုဆောင်းရတာပါ။ ခရီးစဉ်ကတော့ ရခိုင်ပါသလို တခြားဒေသတွေလည်း ပါပါတယ်ခင်ဗျ။ Special reporter က သူက မြန်မာနိုင်ငံတနိုင်ငံလုံးအတွက် လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်ပါတယ်လေ။အဲဒီတော့နော် အချိန်ရှိသလောက်ကတော့ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်တွေကို သူက အချက်အလက်တွေ စုဆောင်းရမှာပါ။ ခရီးစဉ်အတွက်ကတော့ သူတို့ တိုက်ရိုက်ဆွေးနွေးနေပါတယ်ခင်ဗျ အဲဒါကတော့ အသေးစိတ်မသိပါဘူး။”

ဒီ့မတိုင်ခင် မစ္စ Yang Hee Lee မြန်မာနိုင်ငံကို နောက်ဆုံး လာခဲ့တာကတော့ ၂၀၁၆ ခုနှစ် ဇွန်လကပါ။ အဲဒီခရီးစဉ်အဆုံးသတ် ရန်ကုန်မြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အထူးသဖြင့် ရခိုင်ပြည်နယ်ဘက်က အခြေအနေကို အလေးထား ပြောဆိုခဲ့ သလို ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်တွေအခြေအနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ထောက်ပြ ပြောဆိုခဲ့ပါတယ်။

မစ္စ Yang Hee Lee ဟာ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးသူအဖြစ် ၂၀၁၄ ခုနှစ် ဇွန်လကစလို့ ၆ နှစ် သက်တမ်းအတွက် ခန့်အပ်ခံထားရတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG