သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်ဘတ်စ်ကားစနစ်သစ်အစ အခက်အခဲပေါင်းစုံတွေ့


Liberal leader and Canadian Prime Minister Justin Trudeau visits a local restaurant during an election campaign visit to Tilbury, Ontario.
Liberal leader and Canadian Prime Minister Justin Trudeau visits a local restaurant during an election campaign visit to Tilbury, Ontario.

ရန်ကုန်မြို့ ခရီးသည် သယ်ယူပို့ဆောင်ရေးအတွက် နှစ်ပေါင်းများစွာအသုံးပြုခဲ့ကြတဲ့ မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်း ရေးကော်မတီ မထသ ဘတ်စ်ကားစနစ် ဒီကနေ့မှာရပ်ဆိုင်းပြီး စနစ်သစ်တခုနဲ့ အစားထိုး စတင်လိုက်ပါပြီ။ စနစ်သစ်စတင်တဲ့နေ့ မှာပဲ အခက်အခဲတွေနဲ့ ကြုံကြရတဲ့အသံတွေ ကြားရပေမယ့်လည်း ရလဒ်ကောင်းတွေထွက်လာဖို့ အစိုးရဘက်က မျှော်လင့်ထား သလို ခရီးသွားပြည်သူတွေဘက်ကလဲ အလားတူ မျှော်လင့်ထားကြပါတယ်။ ဘတ်စ်ကားစနစ်သစ်အပေါ် အစိုးရဘက်က ပြောဆို ချက်နဲ့ တခြားလူတွေရဲ့အမြင်တွေကို စုစည်းပြီး ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

နှစ်ပေါင်းများစွာ နာမည်ဆိုးနဲ့ အသားကျနေခဲ့တဲ့ ရန်ကုန်မြို့တွင်း ဘတ်စ်ကားလိုင်းပြေးဆွဲမှု မထသစနစ်ဟာ ဒီကနေ့မှာ အဆုံး သတ်သွားပါပြီ။ တိုင်းဒေသကြီးအစိုးရပါဝင်တဲ့ ရန်ကုန်မြို့ ဘတ်စ်ကားပို့ဆောင်ရေး အများပိုင်စနစ်ကို ယာဉ်လိုင်း ၇၀ နဲ့ စတင် ပြောင်းလဲလိုက်တာပါ။

ရန်ကုန်ဘတ်စ်ကားစနစ်သစ် မြေပုံ
ရန်ကုန်ဘတ်စ်ကားစနစ်သစ် မြေပုံ

စနစ်သစ်စတင်တဲ့နေ့မှာ ကြုံရမယ့် အခက်အခဲတွေအတွက် လုပ်အားပေး ၅ ထောင်နီးပါး အကူအညီနဲ့ ဖြေရှင်းဖို့ကြိုးစားပေမယ့် ပထမဆုံးနေ့မှာပဲ အဆင်မပြေတာတွေ အများအပြားရှိသွားပါတယ်။

ဘတ်စ်ကားတွေ ပြေးဆွဲတာ ကျဲနေတာကြောင့် ဖြစ်ပေါ်နေတဲ့ အခက်အခဲတွေကို အဆင်ပြေအောင် ဆောင်ရွက်ပေးသွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောပါတယ်။

“လိုင်းအသစ်တွေ တီထွင်ပြီး အသစ်တွေ ပေါ်ပေါက်လာတာမဟုတ်ဘူး။ အဲဒီအတွက် တအားအခက်အခဲဖြစ်နေတဲ့လူဆိုရင် အသေးစိတ် ဘယ်နေရာမှာ နေပါတယ်၊ ဘယ်လိုစီးသွားလို့ ဘယ်လိုရောက်တဲ့အတွက် သုံးဆင့်ကျသွားပါတယ်ဆိုတဲ့ အခြေအနေကို ကျနော်တို့ဆီကိုတင်တယ်။"

ရန်ကုန်ဘတ်စ်ကားစနစ်သစ်
ရန်ကုန်ဘတ်စ်ကားစနစ်သစ်

အခုစနစ်သစ်မှာ အရင်ဖြစ်ခဲ့သလို ကားတွေကို အလုအယက်မောင်းပြီး ငွေရှာတာမျိုးမဖြစ်အောင် ယာဉ်မောင်းနဲ့ ယာဉ်အကူတွေ ကို ပုံသေလစာသတ်မှတ်ပြီးပေးဖို့ အစိုးရက ပြင်ဆင်ထားတာပါ။ ဒါပေမဲ့ အခုစနစ်သစ် စစချင်းမှာ အဲဒီလိုမလုပ်နိုင်သေးဘဲ နောက် ၃ လကြာပြီးမှပဲ စတင်နိုင်မှာပါ။ ဒါနဲ့ပတ်သက်ပြီး ယာဉ်အကူတဦးဖြစ်တဲ့ ကိုနိုင်ဦးရဲ့အမြင်က

“ လစာနဲ့ သွားမယ်ဆိုတာကတော့ ကောင်းပါတယ်။ ဘာကိုကောင်းသလဲဆိုတော့ဗျာ ကျနော်တို့ ကားယှဉ်ပြီး Fight တာတွေမရှိတော့ဘူး၊ တစီးနဲ့ တစီး ကျော်မောင်းတာမရှိတဲ့ အတွက် အန္တရာယ်ကင်းသွားမယ်။ ဒါကိုလည်း လက်ခံပေးတယ်၊ လစာနဲ့ သွားမယ်ဆိုရင်တော့ ပိုပြီးအဆင်ပြေတယ်၊ ဒါပေမယ့် တခု စိုးရိမ်တယ်၊ ဘာကိုစိုးရိမ်သလဲဆိုတော့ ကျနော်တို့ ဒီလိုကားကြီးတွေမှာ ယာဉ်မောင်း ၁ ယောက်ရှိမယ် ၊ စပယ်ယာ ၂ ယောက်ရှိမယ် သူက လစာနဲ့ သွားမယ်ဆိုရင် စပယ်ယာ ၂ ယောက်ထဲက တယောက်ထုတ်ပြီးတော့ ၁ယောက်ပဲထားမယ်ဆိုရင် ကျန်တဲ့ စပယ်ယာ ၁ ယောက်သည် သူ့မိသားစု စားဝတ်နေရေး ဘာနဲ့ ရှိမလဲ၊ ဒါတွေကျနော်စဉ်းစားရမယ်။ ကျနေ်ာလည်း မိသားစုရှိတယ်၊ အဲလိုပဲ ကျန်တဲ့ စပယ်ယာတွေလည်း မိသားစုရှိကြတယ်၊ အဲဒီတော့ သူတို့မိသားစုတွေ စားဝတ်နေရေးတွေ ဘယ်လို ခက်ခဲသွားမလဲ၊ ကျပ်တည်းသွားမလဲ ဒါမျိုးလေးတွေ ကျနော်သိချင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကား ၂ စီးမှာ စပယ်ယာ ၂ ယောက်စီရှိတာကို၊ အဲဒါ ၂ ယောက်မှာ ၁ ယောက်ဖြုတ်ချပြီးတော့ ၁ ယောက်ပဲထားမယ်ဆိုတော့ အဲဒီ စပယ်ယာတယောက်ရဲ့ မိသားစုစားဝတ်နေရေးတွေ ဘယ်လိုများလုပ်ကိုင်စားသောက်ကြမလဲ အဲဒါလေးတွေ ဖြေရှင်းပေးစေချင်တယ်ပေါ့နော်။”

ဒီစနစ်သစ်မှာတော့ အရင်လို စည်းကမ်းမဲ့ တာတွေမဖြစ်အောင် အစိုးရအနေနဲ့ သေချာကျပ်မှတ်ကိုင်တွယ်သွားမှာဖြစ်တယ်လို့ ရန်ကုန်တိုင်းလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဒေါ်နီလာကျော်က ပြောဆိုထားပါတယ်။

ယာဉ်လမ်းကြောင်း ၇၀ နဲ့စတင်လိုက်တဲ့ ဒီစနစ်သစ် စတင်လှုပ်ရှားအသက်ဝင်လာတဲ့အပေါ်မှာ ခရီးသွားတဦးဖြစ်တဲ့ ဦးဆန်းထွန်း ကတော့ အခုလိုမြင်ပါတယ်။

“ပြောလို့တော့ မရသေးဘူးပေါ့နော် ဒါမျိုးက ချက်ခြင်းကြီးအဖြေ ချပြီးတော့ ဆုံးဖြတ်ဖို့ဆိုတာ ခက်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုမှ စီးရတာ တခေါက်ပဲရှိသေးတယ်။ မထသ ဆိုတာက စီးလာတဲ့အခေါက်ပေါင်းက မနည်းတော့ဘူး ။ အခု က စီးလာတာ အပြန်မှ ဆိုရင် ၂ ခေါက်ပဲရဦးမှာ ဆိုတော့ ဘယ်လိုမှ ပြောလို့မရသေးပါဘူး။”

အခုအပြောင်းအလဲကို ပြည်သူအများစုက ကြိုဆိုကြပြီး အခုစစချင်းမှာပဲ အခက်အခဲတွေ ကြုံနေရပေမယ့်လဲ အစိုးရဘက်က အကောင်းဆုံးလုပ်ဆောင်ပေးဖို့ ပြည်သူတွေက မျှော်လင့်ထားကြပါတယ်။

တိုက်ရိုက် လင့်ခ်
ရန်ကုန်ယာဉ်လိုင်း စနစ်သစ်
please wait

No media source currently available

0:00 0:04:08 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG