သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်လုံခြုံရေး တင်းကြပ်


လုံခြုံရေး ရဲဝန်ထမ်းများ
လုံခြုံရေး ရဲဝန်ထမ်းများ

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ ညနေက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ NLD ဥပဒေအကြံပေး ရှေ့နေကြီး- ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရပြီး နောက်ပိုင်း ရန်ကုန်တိုင်း ခရိုင် ၄ခုမှာရှိတဲ့ လူစည်ကားတဲ့နေရာတွေနဲ့ အရေးပါတဲ့နေရာတွေကို အရင်ထက် လုံခြုံရေးတိုးမြှင့်ချထားကြောင်း တာဝန်ရှိရဲတပ်ဖွဲ့က ပြောပါတယ်။ ဒီအကြောင်းကိုတော့ ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။

ရန်ကုန်တိုင်းဒေသကြီးကို အရှေ့ပိုင်း၊ အနောက်ပိုင်း၊ တောင်ပိုင်းနဲ့ မြောက်ပိုင်းခရိုင်ဆိုပြီး ခရိုင်ကြီး ၄ ခုခွဲထားတာပါ။ အဲဒီခရိုင် ၄ ခုထဲက မြို့နယ်ပေါင်း ၄၅ မြို့နယ်မှာရှိတဲ့ အထူးသဖြင့် လူစည်ကားတဲ့နေရာတွေနဲ့ အထင်ကရ အဆောက်အဦတွေကို အရင်ကထက် လုံခြုံရေးတိုးမြှင့် ချထားတယ်လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့ထံကပြောပါတယ်။

NLD ဥပဒေအကြံပေး ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတဲ့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဟာ မင်္ဂလာဒုံမြို့နယ်ထဲမှာ ပါဝင် တာ ဖြစ်ပြီး အရင်ကထက် လုံခြုံရေးတိုးမြှင့်ချထားတယ်လို့ မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့ တာဝန်ကျ ရဲအရာရှိတဦးကို VOA ကိုခုလိုရှင်းပြပါတယ်။

“ကျနော်တို့ဆီမှာတော့ မင်္ဂလာဒုံအနေနဲ့ကတော့ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တို့၊ အောင်မင်္ဂလာအဝေးပြေးတို့မှာတော့ လုံခြုံရေးကို နဂိုထက်စာရင် တိုးပြီးတော့ ဆောင်ရွက်နေပါတယ်ခင်ဗျ။ ဘယ်လိုပြောရမလဲ ကျနော်တို့တပ်ဖွဲ့မှာ သီးခြားအစီအမံ ပြုဖို့ နည်းနည်းလေး ခက်ခဲပါတယ်ခင်ဗျ။ အပေါ်ကလူကြီးတွေကတော့ အစီအမံဆွဲပြီး တိုးမြင့်ပြီးဆောင်ရွက်နေပါတယ်ခင်ဗျ။”

ရန်ကုန်တိုင်းအတွင်းက ကျန်တဲ့မြို့နယ်တွေမှာလည်း အရင်ကထက် လုံခြုံရေးပိုတိုး ချထားတယ်လို့ သိရပါတယ်။ အဓိက အရေးကြီးတဲ့ နေရာတွေဖြစ်တဲ့ မြို့ဝင်မြို့အထွက်နေရာတွေ၊ သာသနိက အဆောက်အဦးတွေ၊ စေတီပုထိုး ဘာသာရေး အဆောက် အဦတွေ၊ ဆေးရုံ စာသင်ကျောင်း၊ တက္ကသိုလ် ပုရဝုဏ်နဲ့ ပန်းခြံ ကစားကွင်း၊ ဈေးဝယ်စင်တာ၊ လေဆိပ်၊ သင်္ဘောဆိပ် စတဲ့နေရာတွေကို လုံခြုံရေးယူပေး နေတာဖြစ်ပါတယ်။

မရမ်းကုန်းမြို့နယ်ထဲက အထင်ကရ ကမ္ဘာအေးဘုရားနဲ့ပတ်သက်ပြီး လုံခြုံရေးတိုးချထားတယ်လို့ မရမ်းကုန်းမြို့နယ် ရဲတပ်ဖွဲ့ တာဝန်ကျ ရဲအရာရှိတဦးကို ပြောပါတယ်။

“ကမ္ဘာအေးဘုရားတို့ စွယ်တော်ဘုရားတို့ အဲဒီလို အရေးကြီးတဲ့ ဘုရားနေရာတွေကိုပဲ လောလောဆယ်ချထားတယ်၊ ကျန်တဲ့နေရာကတော့ လောလောဆယ်က မနေ့က မီးလောင်တဲ့ ၆ ရပ်ကွက်နဲ့ ဒါပဲရှိမယ်။ ကျွန်တို့ကတော့ ၂၄ နာရီ တော့ လုံခြုံရေးယူနေတာပဲ ဒါပေမယ့် ဒီ လုံခြုံရေးယူတဲ့ကြားထဲက ဥပမာ ဟိုနေ့ကလို ၆ ရပ်ကွက်မှာ မီးလောင်မှုဖြစ်သွားတာတို့ အဲလိုမီးလောင်တဲ့နေရာမှာ လူများများချ ဒီလိုပဲ လုပ်ရတာပဲ။”

ရန်ကုန် လူစည်ကားတဲ့နေရာတွေမှာ ကင်းလှည်တာ ၂၄နာရီ လုံခြုံရေးပေးတာတွေ ရှိနေပြီး၊ မြို့နယ် ၄၅ မြို့နယ်မှာရှိတဲ့ ဟိုတယ် တည်းခိုခန်း စတာတွေမှာလည်း မြို့နယ်အလိုက် တာဝန်ရှိသူတွေပူးပေါင်းပြီး တည်းခိုသူတွေရဲ့ စာရင်းစစ်ဆေးနေပါတယ် ။

ရန်ကုန် လုံခြုံရေးတင်းကြပ်
please wait

No media source currently available

0:00 0:02:29 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG