သုံးရလွယ်ကူစေသည့် Link များ

တိုင်းရင်းဒေသ မြန်မာထိုးစစ် အပစ်ရပ်လက်မှတ်ထိုးရေး ထိခိုက်နိုင်


ကချင်ပြည်နယ်တွင်း စစ်ပွဲရပ်ရေး ကချင်လူထုဆန္ဒပြနေကြစဉ်။
ကချင်ပြည်နယ်တွင်း စစ်ပွဲရပ်ရေး ကချင်လူထုဆန္ဒပြနေကြစဉ်။

NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေကို နယ်မြေရှင်းလင်းရေး အကြောင်းပြချက်နဲ့ မြန်မာ့ တပ်မတော်က စစ်ဆင်ရေး ဆက်လုပ်နေမယ်ဆိုရင် NCA လက်မှတ်ထိုးရေးကို ထိခိုက်စေနိုင် သလို ပြည်တွင်း ငြိမ်းချမ်းရေးလည်းအလှမ်း ဝေးသွားနိုင်တယ်လို့ တိုင်းရင်းသားေ ခါင်းဆောင်တချို့က ပြောကြားလိုက်ပါတယ်။ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း လတ်တလော တိုက်ပွဲဖြစ်ပွားနေတဲ့အပေါ် သုံးသပ်ပြောဆိုလိုက်ကြတာပါ။ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

NLD အစိုးရ ငြိမ်းချမ်းရေးကော်မရှင်နဲ့ DPN လို့ခေါ်တဲ့ တိုင်းရင်းသားလက်နက် ကိုင်တွေရဲ့ နိုင်ငံရေးညှိနှိုင်းမှုကိုယ်စားလှယ်အဖွဲ့တို့ကြား NCA စာချုပ် လက်မှတ် ထိုးနိုင်ရေးကို ညှိနှိုင်းနေတဲ့ အခုလိုကာလမျိုးမှာ ကချင်နဲ့ ရှမ်းပြည်နယ်တွင်း တိုက်ပွဲတွေ ဖြစ်နေတာပါ။ ကချင်ဒေသမှာ လာမယ့် ဒီဇင်ဘာ လကုန်ထိ နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးတွေလုပ်ဖို့ မြန်မာ့တပ်မတော်က ညွှန်ကြားထား တာကြောင့် ဒီရက်ပိုင်းအတွင်း ဝိုင်းမော်မြို့နယ်တဝိုက် ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေ တယ်လို့ KIO/ KIA တပ်ရဲ့ပြောခွင့်ရသူ ဒုဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“ စက်တင်ဘာ ၁ ရက်နေ ဒီဇင်ဘာ ၃၁ ရက်နေ့ထိကတော့ သူတို့ စစ်ဆင်ရေးလုပ်ဖို့ သတ်မှတ်ထားတဲ့ အချိန် ဖြစ်ပါတယ်။ ဆိုတော့ အဲဒီ အတောတွင်းမှာတော့ သူတို့က အခုလို နယ်မြေရှင်းလင်းရေးတို့ စစ်ဆင်ရေးတို့က အမြဲတမ်း လုပ်နေတာ ဖြစ် ပါတယ်။ လောလောဆယ် ကတော့ ဝိုင်းမော်မြို့နယ်တို့ ဒီ ဖားကန့်မြို့နယ်တို့ ေ နာက် တနိုင်းမြို့နယ်တို့မှာ သူတို့လှုပ်ရှားတာကို ကျနော်တို့ တွေ့ရပါတယ်။ တချို့နေရာ မှာကတော့ ထိတွေ့ရင်ဆိုင် တိုက်ပွဲတွေ ခနလေးဖြစ်တာတော့ ရှိပါတယ် ”

လက်ရှိအတိုင်းဆိုရင် တိုက်ပွဲတွေ ပြင်းထန်လာနိုင်တယ်လို့ ဒုဗိုလ်မှူးကြီးနော်ဘူ က ပြောပါတယ်။ ဒီလို တိုက်ပွဲတွေဟာ NCA မှာ လက်မှတ် မထိုးရသေးတဲ့ အဖွဲ့တွေကို ဖိအားပေးတဲ့သဘောနဲ့ ဖြစ်ပြီး ဒါဟာ NCA လက်မှတ်ထိုးရေးကို ထိခိုက်စေနိုင်တယ်လို့ ဒုဗိုလ်မှူးကြီး နော်ဘူက သုံးသပ်ပါတယ်။

“ တပ်မတော်ကတော့ NCA လက်မှတ်ထိုးဖို့အတွက် အခုလိုမျိုး စစ်အင်အားနဲ့ စစ်ဆင်ရေးလုပ်ပြီးမှ ဖိအားပေးတဲ့ပုံစမျိုး တိုက်ပွဲတွေ စစ်ဆင် ရေးတွေ ဆင်နွှဲ လာတာလားလို့ တွေးမိပါတယ်။ နောက်တချက်ကတော့ တကယ်လို့များ တိုင်းရင်း သား လက်နက်ကိုင်အဖွဲ့အစည်းတွေ လည်းပဲ သူတို့ဖက်က လိုလားတောင့်တနေ တဲ့ တောင်းဆိုနေတဲ့ ဒီအချက်အလက်တွေ မပြည့်စုံဘူး ဆိုလို့ရှိရင်တော့ ဒီNCA လက်မှတ်လည်း မထိုးဖြစ်ဘူးလို့ ကျနော်ထင်ပါတယ်။ အခုလို စစ်ဆင်ရေးပဲ လုပ်လုပ် တိုက်ပွဲပဲဖြစ်ဖြစ် NCA လက်မှတ်ထိုးဖို့ အနှောက်အယှက် ဖြစ်လာမယ် လို့တော့ မြင်ပါတယ် ”

ကချင်ဒေသမှာလိုပဲ နိုဝင်ဘာ ၁၀ ရက် ကြာသပတေးနေ့ကလည်း ရှမ်းပြည်နယ် တွင်းမှာ TNLA တအာင်းပလောင်တပ်တွေနဲ့ အစိုးရတပ်တို့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ် ခဲ့ပါတယ်။ တဖက်က အပစ်ရပ်စဲနိုင်ရေးဆွေးနွေးနေတဲ့ တချိန်ထဲမှာပဲ တိုင်းရင်းသား လက်နက်ကိုင်ဒေသတွေမှာ စစ်ဆင်ရေးတွေ ဆက်ရှိနေမယ်ဆိုရင် NCA လက်မှတ် ထိုးရေး ထိခိုက်နိုင်သလို၊ ပြည်တွင်းငြိမ်းချမ်းရေးလည်းအလှမ်းဝေးကွာသွားနိုင် တယ်လို့ မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာက သုံးသပ်ပါတယ်။

“ တဖက်က ငြိမ်းချမ်းရေးအတွက်ဆိုပြီး ဆွေးနွေးနေတယ်၊ တဖက်က စစ်ရေးက လုံးဝမလျှော့ဘူး နေရာယူဖို့ အသာစီးရဖို့ အဲဒီလို ကြိုးပမ်း နေရင်တော့ ယုံကြည်လို့ ဘယ်ရမလဲဗျ။ ဒီ အပစ်ခတ်ရပ်စဲပြီးတော့မှ နိုင်ငံရေးအရ ဖြေရှင်းဖို့ ဆိုတဲ့ဟာမှာ တဖက်နဲ့တဖက် ယုံကြည်မှု ရှိရ မယ်လေဗျာ။ အခုကတော့ စစ်ရေးနဲ့ လှုပ်ရှားနေ ရင်တော့ ယုံကြည်မှု ပျက်ပြားကုန်မှာပေါ့။ ကျနော်တို့ဘက်ကတော့ အားလုံးပါ ဝင်ရေးကိုပဲ ဦးတည်နေတုန်းပဲ၊ အားလုံး မပါဝင်ပဲနဲ့ ကျနော်တို့ နိုင်ငံကို အေးချမ်းေ အာင် လုပ်လို့မရဘူးလို့ ကျနော်တို့မြင်တယ်။ ဒီ စစ်မီးကြွင်း မီးကျန် ဆိုတာက ပြန် ကူးမှာပဲ။ နောက်တဖက်က တချို့ကို အပစ်ရပ်ပြီး တချို့ကိုတိုက်နေတဲ့ဟာက ဒါ ခွဲခြားပြီးတော့မှ ခြေမှုန်းတဲ့သဘောပဲလေ ”

ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက စတင်လာခဲ့တဲ့ NCA စာချုပ်ပေါ် အခြေ ခံပြီး လက်နက်ကိုင်အဖွဲ့အားလုံး အပစ်ရပ်စဲနိုင်ရေးနဲ့နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ဖို့ NLD အစိုးရက အာသီသရှိပေမယ့် အစိုးရအနေနဲ့ တပ်မတော်ပေါ် သြဇာ လွှမ်းမိုးနိုင်ခြင်း မရှိတာကြောင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆွေးနွေးပွဲတွေ ရှေ့ မဆက်နိုင်ပဲ ဖြစ်နေတယ်လို့KIA ဒုဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

“ တပ်မတော်နဲ့ NLD အစိုးရ အတွင်းရေးကတော့ ကျနော်တို့လည်း မသိဘူး၊ ဒါပေမယ့် သူတို့ရဲ့အခြေအနေကို သုံးသပ်ကြည့်ရင်တော့ ဒီ တပ်မတော်က ၂၀၀၈ အခြေခံဥပဒေကို အဓိက ကာကွယ်တဲ့ တပ်မတော်ဖြစ်နေပါတယ်။ NLD အစိုးရ ကတော့ ဒီမိုကရေစီတို့ ဖယ်ဒရယ်တို့ ပြောနေတဲ့အချိန် ဖြစ်နေတယ်။ ဖယ်ဒရယ်တို့ ဒီမိုကရေစီတို့ အဲလို အကောင်အထည်ဖေါ်မယ် ဆိုလို့ရှိရင်တော့ အဲဒီအခြေခံ ဥပဒေနဲ့ ပတ်သက်လို့ တပ်မတော်နဲ့ NLD ကြား ပြသနာရှိနိုင်တယ်လို့ ကျနော်တွေး မိပါတယ် ”

NCA စာချုပ် လက်မှတ်မထိုးရသေးတဲ့ အထဲမှာ ကချင်လွတ်လပ်ရေးတပ်(KIA) မွန်ပြည်သစ်ပါတီ(NMSP) ရှမ်းမြောက်ပိုင်းတပ် (SSPP/SSA) ကရင်နီတိုးတက်ရေးပါတီ(KNPP) ဝအမျိုးသားပါတီ(WNO) ရခိုင်အမျိုးသားကောင်စီ(ANC)နဲ့ လားဟူအမျိုးသား ဒီမိုကရက်ပါတီ(LDU) တို့ ပါဝင်သလို၊ UWSA ဝတပ်နဲ့ NDAA မိုင်းလားတပ်တွေကလည်း NCA မှာ သီးသန့်လက်မှတ်ထိုးထားတာမျိုး မရှိသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG