သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စိတ်ကြွဆေးပြား သယ်ဆောင်မှုနဲ့ မြန်မာ ၆ ဦး ဘင်္ဂလားဒေ့ရှ်မှာ ဖမ်းခံရ


ယခင်က ဖမ်းဆီး ရမိထားသည့် စိတ်ကြွဆေးပြားများ။
ယခင်က ဖမ်းဆီး ရမိထားသည့် စိတ်ကြွဆေးပြားများ။

တနင်္ဂနွေနေ့ အစောပိုင်းက ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဆိပ်ကမ်းမြို့ဖြစ်တဲ့ Chittagong ကို သယ်ဆောင်လာတဲ့ ယာဘ စိတ်ကြွဆေးပြားပေါင်း ၆၀၀,၀၀၀ ကို RAB ဘင်္ဂလားဒေ့ရှ် ရာဇဝတ်မှု နှိမ်နင်းရေးအထူးတပ်ဖွဲ့က သိမ်းဆီးရမိခဲ့ပါတယ်။

ဒါနဲ့ပတ်သက်ပြီး သံသယရှိသူ မြန်မာနိုင်ငံသား ခြောက်ဦးအပါအဝင် စုစုပေါင်း ရှစ်ဦးကို ဖမ်းဆီးထားကြောင်း RAB အရာရှိတဦးက ဆင်ဟွာ သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။

ရဲအာဏာပိုင်တွေက သတင်းပေးချက်အရ Chittagong မြို့က နေရာမှာ ဝင်ရောက်ရှာဖွေရာမှာ အခုလို ယာဘစိတ်ကြွဆေးပြား ခြောက်သိန်းကို သိမ်းဆီးနိုင်ခဲ့တာ ဖြစ်တယ်လို့ အမည်မဖေါ်လိုတဲ့ ရဲအရာရှိတဦးက ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မူးယစ်ဆေးဝါးရောင်းဝယ်မှုအန္တရာယ် ထိန်းချုပ်ဖို့ ရဲအာဏာပိုင်တွေဘက်က ကြိုးစာဆောင်ရွက်မှုတွေရှိပေမဲ့လည်း ယာဘ စိတ်ကြွ ဆေးပြားကို လိင်စိတ်နိုးကြားအောင် သုံးစွဲကြသလို၊ မူးယစ်ဆေးဝါး သုံးစွဲသူတွေကြားမှာလည်း လူကြိုက်များလာနေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ (၁၇) ရက်နေ့က မြို့တော် ဒါကာနဲ့ Chittagong မြို့တွေကို ပို့ဆောင်မယ့် ယာဘ စိတ်ကြွဆေးပြား ၂.၈ သန်းကို အထူးတပ်ဖွဲ့က သိမ်းဆည်း ရမိခဲ့ပြီး ဒါဟာ နိုင်ငံတွင်းမှာ တနေ့တည်းနဲ့ စိတ်ကြွဆေးပြား အများဆုံးကို သိမ်းဆည်း ရမိခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG