သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပိုးလမ်းမကြီးအဆက်အစပ် ကုန်သွယ်ရေးရပ်ဝန်း ညီလာခံ ကျင်းပ


ပိုးလမ်းမကြီးအဆက်အစပ် ကုန်သွယ်ရေးရပ်ဝန်း ညီလာခံ
ပိုးလမ်းမကြီးအဆက်အစပ် ကုန်သွယ်ရေးရပ်ဝန်း ညီလာခံ

တရုတ်နိုင်ငံ ဘေဂျင်းမြို့တော်မှာ ကျင်းပနေတဲ့ တခုတည်းသော ရပ်ဝန်းနဲ့ လမ်းမကြီးများဆိုင်ရာ ညီလာခံမှာ ဒီကနေ့ တရုတ် သမ္မတ ရှိကျင်းဖျင် အဖွင့်စကား ပြောပါတယ်။ အာရှ၊ အာဖရိကနဲ့ ဥရောပ ကြား ဆက်သွယ်ရေး လမ်းကြောင်းတွေကို တိုးချဲ့ပြီး ကမ္ဘာ့ ဖွံ့ဖြိုးရေးကို မြှင့်တင်နိုင်မယ့် နည်းလမ်း တခု အဖြစ် သမိုင်းဝင် ပိုးလမ်းမကြီးရဲ့ ရှေးဟောင်း လမ်းကြောင်းတွေကို ပြန်လည် ဖွင့်လှစ်နိုင်ရေး ရည်ရွယ်ပြီး ကမကထလုပ်တဲ့ ဘေဂျင်းမြို့တော်က ဆွေးနွေးပွဲမှာတော့ ကမ္ဘာ့ခေါင်းဆောင် ၂၉ ဦး တက်ရောက်နေပြီး ရုရှား သမ္မတ ပူတင်လည်း တက်ရောက်နေပါတယ်။ မြန်မာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်လည်း ဒီ ညီလာခံမှာ တက်ရောက်နေတာပါ။

ဒီကနေ့ ပိုးလမ်းမကြီးလို့ သိကြတဲ့ အာရှ၊ အာဖရိကနဲ့ ဥရောပ တိုက်ကြီးတွေကို ချိတ်ဆက် ဖြတ်သန်းတဲ့ လမ်းကြောင်းကိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂ ထောင်ကျော်က ကျနော်တို့ရဲ့ ဘိုးဘွားတွေက လွင်ပြင်တွေ သဲကန္တာရတွေကို ကုန်းကြောင်းခရီးနဲ့ ဖြတ်သန်းပြီး အစပြုခဲ့ကြတာ ဖြစ်ပါတယ်။

မိုင်ပေါင်းထောင်ချီပြီး နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ရတဲ့ ရှေးဟောင်း ပိုးလမ်းမကြီးတွေက ငြိမ်းချမ်းရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး၊ ပွင့်လင်းမှုနဲ့ အားလုံးပါဝင်မှု၊ အပြန်အလှန်ချဉ်းကပ်မှုနဲ့ အပြန်အလှန် အကျိုးစီးပွားတွေရဲ့ သရုပ်သကန် ဖြစ်ပါတယ်လို့လည်း တရုတ်ခေါင်းဆောင်က ပြောဆိုခဲ့ပါတယ်။

ဒီရှေးဟောင်း ပိုးလမ်းမကြီးတွေက နိုင်ငံတွေကြား ရင်းနှီးပွင့်လင်းစွာ ညှိနှိုင်းရေးကို ဖွင့်လှစ်ပေးခဲ့တာ ဖြစ်သလို လူသားဖြစ်တည်မှု သမိုင်းမှာ ကြီးကျယ်ခမ်းနားတဲ့ အခန်းကဏ္ဍတခုလည်း ဖြစ်ပါတယ်လို့ ထပ်လောင်း ပြောဆိုသွားပါတယ်။ ရထား လမ်းကြောင်း၊ ရေကြောင်းလမ်းတွေ ပါဝင်မယ့် ချိတ်ဆက် လမ်းကြောင်းတွေ စီမံကိန်း အတွက် ဒေါ်လာ သန်းထောင်နဲ့ချီပြီး ထည့်ဝင်မယ်လို့ တရုတ် သမ္မတ Xi က ကတိပြုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG