သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ဝင်ခွင့် ပိတ်ပင်တဲ့ သမ္မတ အမိန့်သစ် Hawaii တရားသူကြီး ဆိုင်းငံ့


သမ္မတ Trump ရဲ့ ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်မှုကို ဆန္ဒပြနေကြစဉ်။
သမ္မတ Trump ရဲ့ ပြည်ဝင်ခွင့် ယာယီ ပိတ်ပင်မှုကို ဆန္ဒပြနေကြစဉ်။

သမ္မတ Donald Trump ပြင်ဆင် ထုတ်ပြန်တဲ့ လူဝင်မှုကြီးကြပ်ရေး ပိတ်ပင်မှု အမိန့်သစ်ကို Hawaii ပြည်နယ်က ပြည်ထောင်စု တရားသူကြီး တဦးက ဗုဒ္ဓဟူးနေ့မှာ ဆိုင်းငံ့ကြောင်း အမိန့် ချမှတ်လိုက်ပါတယ်။ ဒါဟာ သမ္မတရဲ့ အမိန့်ကြေညာချက် စတင် အသက်ဝင်မယ့် ကြာသပတေးနေ့ မတိုင်ခင် နာရီအနည်းငယ်အလိုမှာ အမိန့် ချမှတ်လိုက်တာလည်း ဖြစ်ပါတယ်။

ဒီအမိန့်ကို ဆိုင်းငံ့ဖို့ အရေးယူမဆောင်ရွက်နိုင်ခဲ့ရင် အစားထိုးလို့မရတဲ့ နစ်နာ ဆုံးရှုံးမှုနဲ့ ရင်ဆိုင်ရဖွယ်ရှိတယ်လို့ ပြည်နယ်ကို ကိုယ်စားပြုတဲ့ ရှေ့နေတွေက သက်သေ ပြနိုင်ခဲ့ကြောင်း တရားသူကြီး Derrick Watson က သူ့ရဲ့ ဆုံးဖြတ်ချက်မှာ ဖော်ပြထားပါတယ်။

မွတ်ဆလင် အများစုနေထိုင်တဲ့ ၆ နိုင်ငံက ခရီးသွားတွေနဲ့ အမေရိကန်ပြည်ထောင်စုမှာ လာရောက် အခြေချနေထိုင်ကြမယ့် သူတွေကို ပြည်ဝင်ခွင့် ယာယီပိတ်ပင်တဲ့ သမ္မတ Trump ရဲ့ အမိန့်ဟာ ကမ္ဘာလှည့်ခရီးသွားအပေါ် မှီခိုနေရတဲ့ Hawaii ပြည်နယ်ရဲ့ စီးပွားရေးကို ထိခိုက်နိုင်တယ်လို့ ပြည်နယ် ရှေ့နေတွေက လျှောက်ထားခဲ့ကြပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်းမှာရှိတဲ့ မွတ်ဆလင်မြို့ခံတွေအနေနဲ့လည်း ပိတ်ပင်ခံရတဲ့ ၆ နိုင်ငံဖြစ်တဲ့ အီရန်၊ လစ်ဗျား၊ ဆိုမားလီးယား၊ ဆူဒန်၊ ဆီးရီးယားနဲ့ ယီမင်တို့ထံက သူတို့ရဲ့ ဆွေမျိုးတွေ လာရောက် လည်ပတ်နိုင်မှာ မဟုတ်တဲ့အတွက် ထိခိုက်စေနိုင်တယ်လို့လည်း ရှေ့နေတွေက အကြောင်းပြခဲ့ကြပါတယ်။

သမ္မတရဲ့ ပြည်ခွင့်ခွင့်တားမြစ်တဲ့ အမိန့်သစ်ကို ဟန့်တားဖို့ လျှောက်ထားကြတဲ့ မယ်ရီလန်းအပါအဝင် တခြား ပြည်နယ် ၆ ပြည်နယ်တို့က ရှေ့နေတွေကလည်း ဒီအမိန့်ဟာ မွတ်ဆလင်တွေအပေါ် ခွဲခြား ဆက်ဆံရာရောက်တယ်လို့ တင်ပြခဲ့ကြပါတယ်။

ဒါဟာ သမ္မတ Trump ရဲ့ ပြည်ဝင်ခွင့်အမိန့်ကို ဒုတိယအကြိမ်မြောက် ပြည်ထောင်စု တရားရုံးက ဟန့်တားလိုက်ခြင်းလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG