သုံးရလွယ်ကူစေသည့် Link များ

ရိုဟင်ဂျာတွေကို နေရပ်ပြန်ပို့ဖို့ အိန္ဒိယအစိုးရဆုံးဖြတ်


နယ်စပ် ဒုက္ခသည်စခန်းက ဒေသခံမွတ်ဆလင်များ
နယ်စပ် ဒုက္ခသည်စခန်းက ဒေသခံမွတ်ဆလင်များ

အိန္ဒိယ နိုင်ငံထဲမှာ လွန်ခဲ့တဲ့ ၅ နှစ်ကနေ ၇ နှစ်အတွင်းမြန်မာနိုင်ငံထဲကနေ တရားမဝင် လာရောက်နေထိုင်နေကြတဲ့ ရိုဟင်ဂျာတွေကို ဖမ်းဆီးနေရပ်ပြန်ပို့နိုင်ဖို့အတွက် ဗဟိုအစိုးရက စတင်ဆောင်ရွက်နေပါတယ်။

ပြည်ထဲရေးဝန်ကြီး Rajiv Mehrishi ဦးဆောင်ပြီး တနင်္လာနေ့က လုပ်ခဲ့တဲ့ အစည်းအဝေး မှာ အိန္ဒိယမှာ ရှိနေနိုင်တဲ့ တရားမဝင်ရိုဟင်ဂျာတွေကို စာရင်းပြုစုပြီး သူတို့ကို ထိမ်းသိမ်းရေး၊ ဖမ်းဆီးရေးနဲ့ နေရပ်ပြန်ပို့ရေးတို့ ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံထဲမှာ ခန့်မှန်းခြေ ရိုဟင်ဂျာ ၄ သောင်းလောက်ရှိတယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာနက အကြီးတန်း တာဝန်ရှိသူ တယောက်ရဲ့ အပြောကို အိန္ဒိယထုတ် သတင်းစာတွေထဲမှာ ဖော်ပြကြပါတယ်။

Jammu ဒေသတခုထဲမှာတင် ရိုဟင်ဂျာ ၅ ထောင်ကျော်လောက်ရှိပြီး အတိအကျ စာရင်းယူရင် ၁ သောင်းကျော်အထိရှိနိုင်တယ်လို့ ပြည်ထဲရေးဌာနက ခန့်မှန်းထားပါတယ်။ ရိုဟင်ဂျာတွေဟာ အိန္ဒိယနိုင်ငံထဲကို ချင်းပြည်နယ် ဖက်ကနေ ရောက်လာကြ သလို ရေလမ်း အပြင်၊ ဘင်္ဂလားဒေ့ရှ် နယ်စပ်ကနေ ဝင်ရောက်လာကြတယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂဒုက္ခသည်များ မဟာမင်းကြီးရုံး UNHCR က အိန္ဒိယ နိုင်ငံထဲကရိုဟင်ဂျာ ၁ သောင်း ၄ ထောင်လောက်ကို ဒုက္ခသည်အဖြစ် အသိအမှတ်ပြုထားပါတယ်။ အိန္ဒိယ အစိုးရကတော့ UNHCR ရဲ့အရေအတွက်ကို လက်မခံပါဘူး။ ဒီလူတွေဟာ နိုင်ငံထဲကို တရားမဝင် ဝင်ရောက်လာသူတွေသာ ဖြစ်တယ်လို့လက်ခံထားပြီး သူတို့ကို ဥပဒေ ချိုးဖောက်တဲ့ နိုင်ငံခြားသားတွေကို အရေးယူတဲ့ပုဒ်မတွေနဲ့ ဖမ်းဆီး နေရပ်ပြန် ပို့ဖို့ ဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာအစိုးရက ရိုဟင်ဂျာဆိုတာကို လက်မခံ တဲ့အတွက် ရိုဟင်ဂျာတွေကို မြန်မာနိုင်ငံကို ပြန်ပို့မယ့်ကိစ္စဟာ ခက်ခဲလိမ်မယ်လို့ အိန္ဒိယ တာဝန်ရှိသူတယောက်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG