သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

IS ထိန်းချုပ်တဲ့ Mosul မြို့တွင်း အီရတ်တပ်တွေ ဝင်ရောက်


IS စစ်သွေးကြွ နယ်မြေကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်များ
IS စစ်သွေးကြွ နယ်မြေကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်များ

အီရတ်နိုင်ငံ Mosul မြို့ထဲကနေ IS စစ်သွေးကြွတွေကို တိုက်ထုတ်နိုင်ဖို့ ထိုးစစ် ဆင်နေတဲ့ အီရတ်အထူးတပ်ဖွဲ့တွေဟာ အင်္ဂါနေ့ကတော့ မြို့ထဲက အစိုးရပိုင် ရုပ်မြင် သံကြားဌာနကို ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ မြို့ထဲကို အီရတ်အစိုးရတပ်တွေ ဝင်စဉ်မှာ အပြင်းအထန်ပြန်လည်ခုခံမှုကို ရင်ဆိုင်ရတဲ့အပြင် ရှေ့တိုးတိုက်ခိုက် မှု နှောင့်နှေးအောင် IS တွေက ကွန်ခရစ်အကာအရံအတားအဆီးတွေ၊ လမ်းဘေးေ ထာင်ဗုံးတွေလုပ်ထားတယ်လို့ အီရတ်တပ်တွေနဲ့အတူပါသွားတဲ့ Kurd နဲ့ အနောက် တိုင်းသတင်းထောက်တွေက ပြောပြကြပါတယ်။ Mosul မြိုပြင်က မြို့ငယ်လေးတွေ ကို IS တွေ လက်ကနေ ပြန်လည်သိမ်းယူပြီး မြို့ကို ပါတ်လည်က ဝိုင်းရံနိုင်ဖို့ ရည်ရွယ် ချက်နဲ့ တိုက်နေတဲ့ သံချပ်ကာ တပ်ရင်းဟာလဲ အရှေ့တောင်ပိုင်း ဒေသေ တွဖက်ကို ချဉ်းကပ်နေပြီလို့ အီရတ်စစ်တပ်က ပြောပါတယ်။

မြောက်ပိုင်းက တိုက်နေတဲ့ ညွှန့်ပေါင်းတပ်ဖွဲ့တွေ ကလည်း အဓိကကျတဲ့ မြို့ငယ်ေ တာ်တော်များများကို ထိန်းချုပ်ထားနိုင် တယ်လို့ပြောကြ ပါတယ်။ IS စစ်သွေးကြွတွေ သိမ်းပိုက်ထားတဲ့ Mosul မြို့ကို ပြန်လည်သိမ်းနိုင်ဖို့ နိုင်ငံမှာ ၂၀၀၃ ခုနှစ်ထဲက အကြီး ကျယ်ဆုံး စစ်ဆင်ရေးကို ပြီးခဲ့တဲ့ သီတင်း ၂ ပါတ်မှာ စတင်ခဲ့တာပါ။ အီရတ်နဲ့ Kurd လူမျိုး Peshmerga တပ်တွေရဲ့ စစ်ဆင်မှုကို ရှီရာပြည်သူ့စစ်တွေ၊ ဆူနီလက်နက်ကိုင် အဖွဲ့တွေအပြင် အမေရိကန် လေကြောင်း တိုက်ခိုက်မှုတွေနဲ့ စစ်ကူပေးနေ တာပါ။

ခုလို Mosul မြို့ထဲ ထိုးဖောက်ဝင်နိုင်ဖို့ တိုက်ပွဲတွေ ပြင်း ထန်နေချိန်မှာ IS စစ်သွေး ကြွတွေက အရပ်သားပြည်သူ ထောင်နဲ့ချီကို လူသား ဒိုင်းတွေသဖွယ်အသုံးပြုဖို့ မြို့နားကို အတင်းပြောင်းရွှေ့နေတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူက ပြောပါတယ်။ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတွေလည်းရှိနေတယ်ဆိုတဲ့ သတင်းတွေအပေါ် စိုးရိမ်ကြောင်းကိုလည်း သူက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG