သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပန်လော့မြန်မာတပ်စခန်း တိုက်ခိုက်ခံရ


ပန်လော့ မြန်မာတပ်စခန်း တိုက်ခိုက်ခံရ
ပန်လော့ မြန်မာတပ်စခန်း တိုက်ခိုက်ခံရ

ရှမ်းပြည်နယ် ကွတ်ခိုင်မြို့နယ် အတွင်းက တပ်မတော်နဲ့ ပြည်သူ့ စစ်တွေ အခြေစိုက်ရာ ပန်လော့ စခန်းကို မနေ့ စနေနေ့က တိုင်းရင်းသား လက်နက်ကိုင် အင်အား ၇၀ လောက်က အလစ်ဝင်ရောက် တိုက်ခိုက်ခဲ့တာမှာ စခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်သား အရာရှိ၊ စစ်သည်နဲ့ပြည်သူ့စစ် တပ်ဖွဲ့ဝင် တချို့ ကျဆုံးပြီး လက်နက် တချို့ ဆုံးရှုံးခဲ့ရတယ်လို့ မြန်မာ အစိုးရက သတင်းထုတ်ပြန်ပါတယ်။

မြန်မာ့ တပ်မတော်နဲ့ ပြည်သူ့စစ်တွေ အခြေစိုက်ရာ ကွတ်ခိုင်မြို့နယ် ပန်လော့ စခန်းကို မနေ့ စနေနေ့ မနက်အစောပိုင်းမှာ ကချင် လက်နက်ကိုင်တပ်ဖွဲ့ KIA၊ နောက် တအားင်း ပလောင် လက်နက်ကိုင် တပ်ဖွဲ့ TNLA ပူးပေါင်း အဖွဲ့က တပ်ဖွဲ့ဝင် ၇၀ လောက်က စနေနေ့ မနက် ၄ နာရီ မိနစ် ၄၀ လောက်မှာ အလစ်ဝင်တိုက်တာလို့ အစိုးရ သတင်းမှာ ဖော်ပြပါတယ်။

တချိန်တည်းမှာဘဲ အနီးအနားက တပ်မတော် စစ်ကြောင်းများ အခြေစိုက်ရာ ရင်ကွဲတောင် စခန်းနဲ့ နမ့်ခိုင် တံတား လုံခြုံရေး စခန်းတို့ကိုလည်း တိုင်းရင်းသား လက်နက်ကိုင် ပူးပေါင်း အဖွဲ့ဝင် ၁၅ ဦးစီလောက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့လည်း သတင်းထုတ်ပါတယ်။

မြန်မာ အစိုးရ အဆို KIA၊ TNLA လက်နက်ကိုင် အဖွဲ့တွေရဲ့ လက်နက်ကြီးကျည်က နမ့်ခိုင် တံတား မြောက်ဘက်မှာ ရှိတဲ့ Oriental Highway Co. Ltd က အလုပ်သမားတွေ နေထိုင်ရာ တဲပေါ်ကို ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ပြည်သူ သုံးဦး ဒဏ်ရာရတယ်လို့လည်း သတင်းမှာ ဖော်ပြပါတယ်။ စနေနေ့က တိုက်ပွဲတွေ အတွင်း သေဆုံးသူ အရေအတွက် အတိအကျကိုတော့ မထုတ်ပြန်သေးပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့ သတင်းပတ် အတွင်း တပ်မတော်က လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာတော့ မြန်မာနိုင်ငံ မြောက်ပိုင်း ဒေသက တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ သုံးလကြာ တိုက်ပွဲတွေ အတွင်း သေဆုံးသူ အနည်းဆုံး ၁၆၀ ရှိခဲ့တယ်လို့ တပ်မတော် အကြီးတန်း အရာရှိတဦးက ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG