သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ရေး အလှေ ျာ့အတင်း လုပ်ဖို့လို


(TNLA news & information )
(TNLA news & information )

NLD အစိုးရအနေနဲ့ စစ်တပ်ပေါ်မှာ သြဇာလွှမ်းမိုးနိုင်ခြင်း မရှိတာကြောင့် တိုင်းပြည်တွင်း ဖြစ်ပေါ်နေတဲ့ ပဋိပက္ခတွေကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းဖို့ အခက်အခဲရှိနေကြောင်း ပြည်ပအခြေစိုက် ရှမ်းဒီမိုကရက်တစ် အစည်းအရုံး SDU ကပြောဆိုလိုက်ပါတယ်။ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင်က မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေနဲ့ တွေ့ဆုံလိုကြောင်း ဒီရက်ပိုင်းထဲ ထပ်မံကမ်းလှမ်းထားပေမယ့် တဖက်နဲ့တဖက် အလျှော့အတင်း လုပ်ဖို့ လိုတယ်လို့လည်း SDU ကပြောဆိုလိုက်တာပါ။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ထဲမှာ ဒီရက်ပိုင်းအတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတာပါ။ ဒီလို ရင်ဆိုင်တိုက်ပွဲဖြစ်နေပေမယ့် မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေနဲ့ ဒီဇင်ဘာ ၁၈-၁၉ မှာ တွေ့ဆုံလိုကြောင်း အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က ပြီးခဲ့တဲ့ရက်ပိုင်းက ကမ်းလှမ်း ခဲ့တာဖြစ်ပါတယ်။ အရင်တုန်းကလည်း မြောက်ပိုင်းမဟာမိတ်ထဲက တဖွဲ့ချင်းစီနဲ့ တွေ့ဆုံဖို့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှာ စီစဉ်ခဲ့ဖူးပေမယ့် အစီအစဉ်ပျက်သွား ခဲ့ပါတယ်။ တဖက်နဲ့တဖက် အလျှော့အတင်းလုပ်မှသာ အောင်မြင်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာနိုင်မယ်လို့ ရှမ်းဒီမိုကရက်တစ်အစည်း အရုံး SDU ရဲ့အထွေထွေအတွင်းရေးမှူး စိုင်းဝမ်စိုင်းက ပြောပါတယ်။

“အခုတခေါက်လက်နက်ကိုင်အဖွဲ့တွေနဲ့ ပြန်ပြီးတွေ့ချင်တယ်ဆိုတဲ့အခါကျတော့ မြောက်ပိုင်းမဟာမိတ်ဘက်က ဘာပြောသလဲဆိုတော့ ကျနော်တို့ လေးဖွဲ့လုံးအတူတူတွေ့မယ်၊ ပြီးတော့ UWSA ပေါ့လေ ၀ တပ်ပေါင်းစုကိုလည်း သတ်သေအနေနဲ့ သူ့ကိုလည်း ပါခွင့်ပေးပါ၊ ဆိုပြီးအဲလို သူတို့အဆိုတင်ထားတယ်။ ဒါကို တပ်မတော်အဆင့်မြင့်အရာရှိကြီးတွေပါတဲ့ အစိုးရအဖွဲ့နဲ့ ဒါကို လိုက်လျောနိုင်မလား ၊ မလိုက်လျောနိုင်ဘူးလားဆိုတဲ့အပေါ်မှာ ကျနော်တို့ စောင့်ကြည့်နေတဲ့အခြေအနေမှာရှိတယ်။

မေး။ ။ တဖွဲ့ချင်းတွေ့လိုက်မယ်ဆိုရင်ကော မဖြစ်နိုင်ဘူးလားခင်ဗျ။

ဖြေ။ ။ တဖွဲ့ချင်းတွေ့ရင်လည်း တွေ့နိုင်တယ်။ဒါပေမယ့် တိုင်းရင်းသားတွေဘက်က မတွေ့ချင်တဲ့ သူတို့စိုးရိမ်ချက်က ဘာလဲဆိုတော့ တဖွဲ့ချင်းတွေ့ပြီးစည်းရုံးမယ့်စစ်တပ်ကိုမယုံတဲ့စိတ်က ရှိနေလို့ သူတို့က ပေါင်းပြီးတွေ့ချင်တာ။ ဆိုတော့ တိုင်းရင်းသားတွေဘက်ကလည်း ကိုယ့်ကိုယ်ကို ယုံကြည်ပြီးတော့ သူတို့လိုချင်တာကို သူတို့လေးဖွဲ့သေချာညှိနှိုင်းပြီးတော့ အဲလိုမျိုးကို အခြေခံအချက်နဲ့ ဝင်ပြီး တဖွဲ့ချင်းတွေ့မယ်ဆိုလည်း တွေ့နိုင်တယ်လို့ ကျနော်ထင်တယ်လေ။”

ရှမ်းနဲ့ကချင်ဖက်က တိုက်ပွဲတွေအပါအဝင် ရခိုင်ဒေသအရေးမှာပါ စစ်တပ်က ပါဝင်ပတ်သက်နေရတာပါ။ ဒါပေမယ့် စစ်တပ်ရဲ့ကိုင်တွယ် ဆောင်ရွက်ချက်တွေကြောင့် ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရအနေနဲ့ကလည်း စစ်တပ်ပေါ် သြဇာလွှမ်းမိုးနိုင်ခြင်း မရှိတာကြောင့် ပြည်တွင်းပဋိပက္ခတွေကို အလွယ်တကူ ကိုင်တွယ်ဖြေရှင်းဖို့ ခက်နေတယ်လို့ SDU က စိုင်းဝမ်စိုင်းက ပြောပါတယ်။

“မြောက်ပိုင်း ကချင်နဲ့ ရှမ်းပြည်မှာဖြစ်တဲ့ကိစ္စတွေ နောက်ပြီးရခိုင်မှာဖြစ်နေတဲ့ ဘာသာရေး ပဋိပက္ခတွေမှာ ဒေါ်အောင်ဆန်းစုကြည်ကပေါ့လေ သူကလွှမ်းမိုးမှုမရှိတာကတော့ သေချာတယ်။ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က သူကိုယ်တိုင် Policy ရေးဆွဲပြီး သူ့ Policy နဲ့ သူလုပ်တာကို ၊ လုပ်ပြီးတဲ့အခါကျမှ ဒေါ်အောင်ဆန်းစုကြည်က ဒါတွေအားလုံး သဘောတူပါတယ်ဆိုပြီးတော့ သွားပြောတယ်။ ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က သွားတိုက်တာကို ကျမ သဘောတူပါတယ်လို့လည်းပြောရလည်းခက်၊ ငြင်းရလည်းခက်တယ် သေချာတာတခုကတော့ ဒေါ်အောင်ဆန်းစုကြည်က စစ်တပ်ကိုလွှမ်းမိုးမှုမရှိတာကတော့ သေချာတယ်။”

မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးရဖို့ဆိုရင် စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ယုံကြည်မှုပိုရရှိဖို့နဲ့ ဒီလိုယုံကြည်မှုရဖို့ နှစ်ဖက်တပ် တွေ တပြိုင်နက်ထဲ အပစ်ရပ်ကြေညာမယ့် ခြေလှမ်းကို စတင်ဖို့လိုကြောင်း စိုင်းဝမ်စိုင်းက သုံးသပ်ပါတယ်။

“အားလုံးမပါဝင်ဘူးဆိုရင် အဲဒီပြည်လုံးကျွတ်အပစ်အခတ်ရပ်စဲရေး ဆိုတာက အဓိပ္ပါယ်မရှိဘူးပေါ့ ၊ နောက်ဒုတိယတချက်ကတော့ အဲဒီဆွေးနွေးပွဲတွေဘာတွေလုပ်မယ်ဆိုရင် ၃ ပွင့်ဆိုင်။ အဲဒီ ၃ ပွင့်ဆိုင် ဆိုတာလည်း အစိုးရရယ်၊ လွှတ်တော်ရယ်၊ တပ်မတော်ရယ် ကတဖွဲ့၊ လက်နက်ကိုင်အဖွဲ့အစည်းတွေက တဖွဲ့ ၊ နိုင်ငံရေးပါတီတွေက တဖွဲ့ အဲဒီ ၃ ဖွဲ့ဆွေးနွေးရင် အကုန်လုံး ခြုံငုံမိသွားမယ်ပေါ့။ ဒါပေမယ့် အရေးအကြီးဆုံး နောက်တချက်ကတော့ ပြည်လုံးကျွတ်အပစ်အခတ်ရပ်စဲရေးကြေညာရအောင် အဲဒါ အစိုးရက ပထမဦးဆုံးကြေညာပါ၊ ကျနော်တို့က ၂၄ နာရီ၊ ၄၈ နာရီ ကျရင်ကြေညာမယ်၊ ကြေညာပြီး တကယ့်ကို အပစ်ရပ်လိုက်မယ်၊ ဆိုရင် ကျနော်တို့က ဆွေးနွေးပွဲကို စိတ်အေးလက်အေး သွားလို့ရတယ်။”

အစိုးရ ငြိမ်းချမ်းရေးကော်မရှင်က အခုလို တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းနေတဲ့ တချိန်ထဲမှာပဲ ဒီဇင်ဘာ ၁၉ ရက် တနင်္လာမနေ့တုန်းကတော့ သီပေါမြို့နယ် ပန်ခါးတောင် မန်လွယ်ကျေးရွာတွေမှာ SSA တောင်ပိုင်းတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့ TNLA တအာင်းပလောင် အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG