သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာသမ္မတကို တရုတ်ဂုဏ်ပြုကြိုဆို


တရုတ်နိုင်ငံကို ၆ ရက်ကြာ နိုင်ငံတော်ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ မြန်မာသမ္မတ ဦးထင်ကျော်ကို တရုတ်သမ္မတ ရှီကျင်းပင်က ဒီကနေ့ နိုင်ငံတော်အခမ်းအနားနဲ့ တခမ်းတနား ကြိုဆိုခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင်းပင်ရဲ့ဖိတ်ကြားချက်နဲ့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ ဇနီးဒေါ်စုစုလွင်နဲ့ မြန်မာနိုင်ငံကိုယ်စားပြု ချစ်ကြည်ရေး ကိုယ်စားလှယ်အဖွဲ့ဟာ ဒီလ ၆ ရက်နေ့ကတည်းက တရုတ်နိုင်ငံကို ရောက်ရှိနေ တာပါ။ အခု ခရီးစဉ်အတွင်း တရုတ်ဝန်ကြီးချုပ် Li Keqiang ၊ တရုတ် ပြည်သူ့ကွန်ဂရက် အမြဲတမ်းကော်မတီ ဥက္ကဋ္ဌတို့နဲ့လည်း သမ္မတ ဦးထင်ကျော် တွေ့ဆုံပါတယ်။

ဒီတွေ့ဆုံမှုတွေ အတွင်းမှာတော့ နိုင်ငံပေါင်းများစွာပါဝင်မယ့် တရုတ်နိုင်ငံရဲ့ ပိုးလမ်းမကြီးနဲ့ ခါးပတ်လမ်းမကြီး တည်ဆောက်မှု စီမံကိန်းတွေမှာ မြန်မာနိုင်ငံ ပါဝင်ရေးကိစ္စ အဓိက ထားဆွေးနွေးနိုင်တယ်လို့ လေ့လာသူတွေက သုံးသပ်ပြောဆိုကြပါတယ်။

XS
SM
MD
LG